စူပါဂလူးဟာ အရာဝတ္ထုပစ္စည်းအချင်းချင်းကို ပူးကပ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ ပစ္စည်းတွေကိုကော်ကပ်ရင်း ကိုယ့်လက်မှာလည်း စူပါဂလူးကော်တွေပေတတ်ပါတယ်။ ဒါပေမဲ့ အခုပို့စ်ကိုဖတ်ပြီးရင်တော့ လက်မှာ စူပါဂလူးတွေကပ်ပြီး ခွာမရမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီပို့စ်မှာတော့ rachfeed ကတဆင့် အိမ်တွင်းဆားအသုံးပြုပြီး စူပါဂလူးခွာနည်းကို ဖော်ပြပေးလိုက်ပါတယ်။
စူပါဂလူးသုံးဖူးသူတိုင်း စူပါဂလူးဟာ မျက်နှာပြင်ပေါ်တွေမှာ ဘယ်လောက်ထိကပ်နိုင်အားကောင်းလဲဆိုတာ သိကြပါတယ်။ အသားအရည်ပေါ်မှာပဲဖြစ်ဖြစ် ဘယ်လိုပစ္စည်းပေါ်မှာပဲဖြစ်ဖြစ် ကပ်လိုက်တာနဲ့ ခွာဖို့အရမ်းခက်တာကြောင့် စူပါဂလူးဆိုပြီး နာမည်တွင်တာပါ။ ဒါပေမဲ့ အကပ်ဆုံးပါဆိုတဲ့ စူပါဂလူးမှာတောင် အိမ်မှာအလွယ်တကူတွေ့ရတဲ့ပစ္စည်းသုံးပြီး ခွာလို့ရနိုင်ပါတယ်။
စူပါဂလူးခွာနိုင်တဲ့အရာဝတ္ထုပစ္စည်းကတော့ အိမ်သုံးဆားပဲဖြစ်ပါတယ်။ ဆားကို မျက်နှာပြင်ပေါ်တွေမှာ ဒါမှမဟုတ် စူပါဂလူးကပ်နေတဲ့လက်ချောင်းတွေကိုခွာချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ Brother Jambang အမည်ရတဲ့တွစ်တာအကောင့်မှာတော့ “ဆားဟာ စူပါဂလူးကပ်နေတာတွေကို အလွယ်တကူပျော်ဝင်စေနိုင်တယ်။” လို့ဆိုကာ ဗီဒီိယိုတစ်ပုဒ်တင်ထားပါတယ်။
ဗီဒီယိုထဲမှာတော့ လူတစ်ယောက်ဟာ စူပါဂလူးအနည်းငယ်ကို လက်ချောင်းနှစ်ချောင်းကြားထဲ ထည့်ထားပါတယ်။ ပြီးတော့ ရေနဲ့ဆားကို အသုံးပြုပြီး လက်ချောင်းတွေမှာ ကပ်နေတဲ့စူပါဂလူးကို ဖယ်ရှားရတာ ဘယ်လောက်တောင်လွယ်ကူတယ်ဆိုတဲ့အကြောင်း ရှင်းပြထားတာပါ။

ဗီဒီယိုထဲမှာတော့ သရုပ်ပြသူက အရင်ဆုံး လက်မနဲ့လက်ညှိုးကြားထဲ စူပါဂလူးထည့်လိုက်ပါတယ်။ လက်ချောင်းနှစ်ချောင်းစလုံး ခွာမရအောင် ကပ်သွားခဲ့တယ်။ ဒီနေရာမှာဆိုရင်တော့ ဗီဒီယိုကြည့်သူတစ်ယောက်အနေနဲ့ လက်ချောင်းတွေကိုဘယ်လိုများခွာမလဲ စိတ်ဝင်စားစရာပါ။

ပြီးတော့ စူပါဂလူးကပ်နေတဲ့လက်ချောင်းတွေပေါ်ကို ဆားအနည်းငယ်တင်ပြီး ပွတ်လိုက်ပါတယ်။ ဆားနဲ့ပွတ်ပြီးတော့ လက်ချောင်းတွေကိုရေထဲနှစ်ကာ ပွတ်ဆေးလိုက်ပါတယ်။

အံ့သြစရာပဲ။ စက္ကန့်အနည်းငယ်အကြာမှာတော့ စူပါဂလူးကပ်နေတဲ့ လက်ချောင်းနှစ်ချောင်းစလုံးဟာ ကွာသွားတာကို အခုလိုတွေ့ရမှာဖြစ်ပါတယ်။
Jika terkena gam asid.. cara melepaskan ialah dgn garam. Moga bermanfaat. pic.twitter.com/5dVBDk1z5V
— bro_ jambang (@broojambang) September 15, 2019
ShweMom