စင်္ကာပူလမ်းမပေါ်က စပါးအုံးကြီးနဲ့ မြွေဟောက်ဘုရင်တို့ရဲ့ အသေအကြေတိုက်ပွဲ

မြို့ကြီးပြကြီးထဲ လူအသွားအလာများတဲ့ လမ်းမကြီးပေါ်မှာ အကောင်လည်းကြီး ကြောက်စရာလည်းကောင်းတဲ့ မြွေကြီးနှစ်ကောင် တိုက်ခိုက်နေတဲ့ အဖြစ်မျိုးဟာ အလွန်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်ပါ။ ဒါပေမယ့် မကြာသေးခင်ကတော့ စင်္ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) အနီးမှာ အသေအကြေတိုက်ခိုက်နေကြတဲ့ မြွေကြီးနှစ်ကောင်ရဲ့ တိုက်ပွဲကို ထူးထူးဆန်းဆန်း အခုလို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၅)ခုနှစ်တုန်းက စင်္ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။

Abhishek Ambede
NTU Student Council

မြွေကြီးတွေဟာ မိနစ်(၃၀) လောက် အပြင်းအထန်တိုက်ခိုက်နေကြတာပါ။ တစ်ကောင်နဲ့ တစ်ကောင်လည်း အလျော့မပေးပဲ သူတို့ရဲ့အားသာချက်တွေကို အသုံးချပြီး တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ မြွေဟောက်ဘုရင်ကလည်း အဆိပ်ပြင်းလှတဲ့ သူ့အစွယ်တွေကို စပါးအုံးကြီးရဲ့ ကိုယ်ထဲ ထိုးသွင်းကိုက်ခဲဖို့ ကြိုးစားနေသလို စပါးအုံးကြီးကလည်း သူ့ခွန်အားနဲ့ မြွေဟောက်ကြီးကို တင်းတင်းကြပ်ကြပ် ဖြစ်ညှစ်သတ်ဖို့ ကြိုးစားနေခဲ့တာပါ။

NTU Student Council
CEN

မကြာခင်မှာပဲ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းတွေ ရောက်လာပါတယ်။ မြွေဟောက်ကြီးကတော့ ခြုံပုတ်တွေကြား လွတ်မြောက်သွားခဲ့ပြီး စပါးအုံးကြီးကိုတော့ ၀န်ထမ်းတွေက ချက်ခြင်းဖမ်းဆီးရမိခဲ့ပါတယ်။ နာရီအနည်းငယ်အကြာမှာတော့ ထွက်ပြေးသွားတဲ့ မြွေဟောက်ကြီးကိုပါ ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန်ရုံကို ခေါ်သွားခဲ့ကြပါတယ်။ မြွေဟောက်ကြီးက အခြေအနေမကောင်းပါဘူး။ စပါးအုံးကြီးရဲ့ ဖြစ်ညှစ်ခံထားရတာကြောင့် သိပ်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ တိရစ္ဆာန်ရုံ ဆေးအကူတွေက သုံးသပ်ထားပါတယ်။ စပါးအုံးကြီးတော့ အန္တရာယ်ကင်းရာ တောထဲကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

READ
IS၁၇၃ယောက်ကိုသုတ်သင်ခဲ့တဲ့ အသက်၆၂နှစ်အရွယ်Sniperစစ်သား

လင်းလင်း (ShweMom)

Ref: elitereaders

SHARE