လူတွေ ထင်မှတ်မထားတဲ့ ပုံမှန်မဟုတ်တဲ့ သေဆုံးခြင်းတွေလည်း ရှိနေခဲ့ပါတယ်။ တစ်ချို့ကိစ္စရပ်တွေဟာ ပုံမှန်ထက် ဆန်းပြားနေပြီး၊ ၎င်းတို့ သေဆုံးမှုတွေဟာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေစေတဲ့အထိ ထူးဆန်းပါတယ်။ Shwemom ပရိသတ်ကြီးအတွက် 21 ရာစုအတွင်း ဖြစ်ပွားခဲ့တဲ့ အံ့သြစရာကောင်းတဲ့ သေဆုံးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Brittanie Nichole Cecil
Cecil ဟာ ဟောကီပရိသတ် တစ်ယောက်ဖြစ်ပါတယ်။ 2002 ခုနှစ် မတ်လ 16 ရက်နေ့မှာ ဟောကီပွဲစဉ်တစ်ခုကို အား
ပေးရင်း ဟော်ကီကစားရာမှာ အဓိက အသုံးပြုတဲ့ Hockey puck နဲ့ မျက်နှာကို ထိမှန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဟောကီကို တရားဝင်ကစားခဲ့တဲ့ နှစ်ပေါင်း 85 နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဟော်ကီအဖွဲ့ချုပ်ဟာ ကစားကွင်း ပရိသတ်ကြည့်စင်တွေကို ပိုက်နဲ့ကာရံစေဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။
(၂) ဗွီဒီယိုဂိမ်းကို နာရီ 50 ကြာ ကစားပြီး သေဆုံးခဲ့သူ
တောင်ကိုရီးယားလူမျိုး Lee Seung Seop အသက် (28)ဟာ ဗွီဒီယိုဂိမ်းကို နာရီ 50 ကြာ မရပ်မနားဆော့ကစားခဲ့ပြီး သေဆုံးခဲ့ပါတယ်။ Lee ဟာ 2005 ခုနှစ်က အင်တာနက်ကဖေးတစ်ခုမှာ StarCraft ဂိမ်းကို နာရီ 50 ဆက်တိုက် ဆော့ခဲ့ပြီး၊ နှလုံးရပ်တန့်ကာ ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ အဲဒီနောက် ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။
(၃) Web-cam အသုံးပြုရင်း သတ်သေခဲ့သူ
ဗြိတိသျှအမျိုးသား Kevin Whitrick အသက် 42 နှစ်ဟာ Web-cam အသုံးပြုကာ စကားပြောနေစဉ်အတွင်း ကြိုးဆွဲချသေကြောင်းကြံစည်မှု ပြုလုပ်ခဲ့ပါတယ်။ သူဟာ PalTalk ကို အသုံးပြုကာ လူပေါင်း 60 ခန့်နဲ့ စကားပြောနေပြီး၊ သေကြောင်း ကြံစည်ခဲ့တာပါ။ မျက်နှာကျက်ကို ထိုးဖောက်ကြီး ကြိုးချည်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။
(၄) သေရွာမှပြန်လာရင်း မိမိဈာပနကို ပြန်မြင်တွေ့ကာ နှလုံးခုန်ရပ်ပြီး သေဆုံးခဲ့သူ
ရုရှဒေါက်တာတွေဟာ မေ့မျောနေတဲ့ Fagilyu Mukhametzyanov လို့အမည်ရတဲ့ အသက် 49 နှစ်အရွယ် အမျိုးသမီးကို သေပြီဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ Kazan မြို့သူ ဖြစ်ပါတယ်။ မေ့မျောနေရာကနေ ပြန်လည်နိုးထတဲ့အချိန်မှာ သူကို သင်္ဂြိုဟ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါကို မြင်ပြီး ထိတ်လန့်ကြောက်ရွံ့ကာ အသက်ပြန်ထွက်သွားပါတော့တယ်။ ဆေးရုံကို အမြန်တင်ဖို့ခဲ့ပေမယ့် အသက် မမီလိုက်ပါဘူး။
(၅) ဇနီးငါးယောက်ရဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ ခင်ပွန်းသည်
နိုက်ဂျီးရီးယားစီးပွားရေးလုပ်ငန်းရှင် Uroko Onoja ဟာ တရားဝင် ဇနီးခြောက်ယောက်နဲ့ ပေါင်းသင်းနေခဲ့သူ ဖြစ်ပါတယ်။ ၎င်း ဇနီးခြောက်ယောက်အနက် ငါးယောက်ဟာ Uroko ရဲ့ နောက်ဆုံး ဇနီးကို မနာလိုကြပါဘူး။ အကြောင်းကတော့ Uroko ရဲ့ နောက်ဆုံး ဇနီးဟာ အသက်အရွယ် ငယ်ရွယ်လှပလွန်းလို့ သူတို့တစ်တွေဟာ Uroko နဲ့ အိပ်စက်ခွင့် မရခဲ့ပါဘူး။ နောက်ဆုံးမှာ စီနီယာမယားကြီးငါးယောက်က Uroko ကို အတင်းဝိုင်းကြံခဲ့ကြပါတယ်။ လေးယောက်အထိ အတင်း အဓမ္မကျင့်ခံရပြီးနောက် ငါးယောက်မြောက်မှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : wonderslist.com