စမတ်ဖုန်းထက် ပိုစိတ်ဝင်စားဖို့ကောင်းတာကို ကလေးတွေဆီ ပေးမယ်ဆိုတဲ့ အင်ဒိုနီးရှား

shutterstock/szefei

အင်ဒိုနီးရှားနိုင်ငံက မြို့လေးတစ်မြို့မှာ ကလေးတွေကို စမတ်ဖုန်းအသုံးပြုခိုင်းမယ့်အစား သက်ရှိသတ္တ၀ါလေးတစ်ကောင် ပေးဖို့ အာဏာပိုင်တွေက စီစဉ်နေကြောင်း news18 သတင်းအရ သိရပါတယ်။ အာဏာပိုင်တွေဟာ မကြာခင်မှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား ကျောင်းသူတွေကို (၄) ရက်သား ကြက်ပေါက်ကောင်ရေ (၂,၀၀၀) ၀န်းကျင်ခန့် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီပရောဂျက်လေးကတော့ အဓိကအားဖြင့် ကလေးတွေကို အီလက်ထရောနစ် ပစ္စည်းတွေ စွဲလန်းမှုမှ ဟန့်တားလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ သူတို့ရလာမယ့် ကြက်ပေါက်လေးတွေကို ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းချိန်တွေမှာ အစာကျွေးရမှာ ဖြစ်ပါတယ်။

Shutterstock/KRIACHKO OLEKSII

ကျောင်းသားလေးတွေဟာ ကိုယ့်ကို ပေးလာတဲ့ ကြက်ကလေးတွေကို အိမ်ကို ခေါ်သွားနိုင်တဲ့အပြင် အိမ်ထဲ ထားဖို့ နေရာမရှိရင်လည်း ကျောင်းဝင်းထဲမှာပဲ ထားပြီး မွေးနိုင်တယ်လို့ သိရပါတယ်။ ဒီပရောဂျက်ကိုတော့ chickenisation ဆိုပြီး အာဏာပိုင်တွေက အမည်ပေးထားပါတယ်။

READ
ဓမ္မတာလာချိန်မှာ မဖြစ်မနေ ရှောင်ရမယ့် အရာ(၅)ခု

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတဖြစ်သူ ဂျိုကိုဝီဒိုဒိုကတော့ ယခုပရောဂျက်ဟာ ကလေးတွေရဲ့ စမတ်ဖုန်း စွဲလန်းလွန်အကျင့်ကို ဖြေလျှော့ဖို့တင်မကပဲ သူတို့လေးတွေရဲ့ အသိဥာဏ်ကိုပါ ကျယ်ပြန့်စေဖို့ ရည်ရွယ်ကြောင်းလည်း ရှင်းပြပါတယ်။

Shutterstock/szefei

ကျောင်းသားမိခင်တစ်ဦးဖြစ်တဲ့ ယာယားရက်နာဆာရီကတော့ chickenisation ပရောဂျက်ကို လက်ခံသဘောကျတဲ့အပြင် သားဖြစ်သူကို မွေးမြူရေးလုပ်ငန်းပိုင်ရှင်ကြီးဖြစ်ဖို့အထိပါ မျှော်လင့်နေပါတယ်။ “ဖုန်းသုံးတာထက်စာရင် ကြက်ကလေးတွေကို စောင့်ရှောက်တာက သူ့အတွက် ပိုအကျိုးရှိလိမ့်မယ်…” ဆိုပြီး သူမက ဆိုပါတယ်။ ဒါပေမယ့်လည်း သားဖြစ်သူ ကျောင်းသား ရာဘီးလ်ကတော့ ကြက်မွေးမြူရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှု သိပ်ရှိပုံမရပဲ “… ကျွန်တော်ကတော့ စမတ်ဖုန်း သုံးရတာကိုပဲ ပိုစိတ်ဝင်စားတယ်…” ဆိုပြီး ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ chickenisation ပရောဂျက်ကတော့ ရေရှည်မှာ ဘယ်လိုအကျိုးရလဒ်တွေ ထွက်ပေါ်မလာဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတော့တယ်။

READ
ဘောကန်ဖိနပ်များလို့ စာတပ်ထားတဲ့ ပါဆယ်ထုပ်ထဲက ထိတ်လန့်ဖွယ် ဖြစ်ရပ်မှန်

လင်းလင်း (ShweMom)

SHARE