Xiaomi ကနေ မကြာခင် အသစ်ထွက်ရှိလာတော့မယ့် Mi 9 

ယခုလအတွင်း Xiaomi ကနေ စတင်မိတ်ဆက်တော့မယ့် Mi 9 ဖုန်းရဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဖေဖော်ဝါရီ ၂၀ မှာ စတင်မိတ်ဆက်တော့မယ့် Mi 9 ဟာ Samsung ကနေ Galaxy S10 စီးရီးကို showcase လုပ်မယ့် ရက်ပိုင်းနဲ့လည်း တိုက်ဆိုင်စွာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Mi 9 ကိုတော့ မျက်နှာပြင်အနေနဲ့ ၆.၄ လက်မ အကျယ်ရှိပြီး AMOLED display နဲ့ HD+ resolution အသုံးပြုနိုင်မှာပါ။ အဓိက အနောက်ဘက် ကင်မရာအနေနဲ့က ကင်မရာ သုံးခု ပါဝင်မှာ ဖြစ်ပြီး အဓိက sensor မှာ 48 Mega pixel တောင် ပါဝင်ပါတယ်။ အရှေ့ကင်မရာမှာဆိုရင်လည်း 24 Mega pixel တောင် ပါဝင်မှာပါ။

READ
တစ်စက္ကန့်အတွင်းမှာ ဇာတ်ကား 60 Down နိုင်မည့် Ultra-fast wi-fi စနစ်ကို တီထွင်နိုင်ခဲ့
YouTube

Mi 8 လို မဟုတ်ဘဲ Fingerprint sensor အနေနဲ့ကတော့ Mi 9 မှာ ပါရှိဖို့ မသေချာသေးပါဘူး။ မျက်နှာပြင်က full screen ဖြစ်တဲ့အတွက် အကယ်ရွေ့ပါခဲ့ပါကလည်း ဒါဟာ Xiaomi ရဲ့ ပထမဆုံး in-display fingerprint sensor ပါဝင်တဲ့ ဖုန်း ဖြစ်လာမှာပါ။

ဘက်ထရီအနေနဲ့ 3,500mAh ပါရှိမယ့် Mi 9 ကတော့ အားသွင်းရာမှာလည်း အမြန်ပြည့်စေဖို့ စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ Processor က Snapdragon 855 ချစ်ပ်ကို သုံးထားမှာ ဖြစ်ပြီး ဒါဟာ ၂၀၁၉ မှာ ထွက်ရှိမယ့် android ဖုန်းတွေမှာ ပါရှိမယ့် အကောင်းဆုံး processor တွေထဲက တစ်မျိုးလည်း ဖြစ်ပါတယ်။

Tech Advisor

RAM ကို 10 GB, 6 GB, 8 GB အစရှိသဖြင့် ဗားရှင်းရွေးချယ်ပြီး ဝယ်ယူနိုင်မယ့်လို့လည်း သိရပါတယ်။ နောက်အားသာချက်တစ်ခုကတော့ ၂၀၁၉ အတွင်း အချို့နိုင်ငံတွေမှာ စတင်အသုံးပြုနိုင်တော့မယ့် 5G network ကိုလည်း Mi 9 မှာ အသုံးပြုနိုင်မှာပါ။

READ
လကမ္ဘာမှာ မြို့တည်ဆောက်ဖို့အတွက် တရုတ် နဲ့ ဥရောပ ပူးပေါင်း

Mi 9 ဖုန်းနဲ့ ပတ်သက်တဲ့ အခြားအသေးစိတ်တွေကိုတော့ ဖေဖော်ဝါရီ ၂၀ နောက်ပိုင်းမှာ ပိုမိုအတိအကျ သိရတော့မှာလည်း ဖြစ်လို့ Xiaomi ပရိသတ်တွေကတော့ ဆက်လက်စောင့်မျှော်လျက်ရှိကြပါတယ်။

Ref: 91 Mobiles

SHARE