Apple WWDC 2019 မှ သိရသမျှ update များ

Apple ကုမ္ပဏီကနေ ၂၀၁၉ ခုနှစ်အတွက် Worldwide Developers Conference ပွဲကြီးကိုတော့ ယခုနှစ် ဇွန်လ ၃ ရက်မှ ၇ ရက်အထိ ပြုလုပ်ကျင်းပလျက်ရှိနေပါတယ်။ ဒီပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ကုမ္ပဏီကနေ အသစ်ထွက်ရှိမယ့် ဆော့ဖ်ဝဲတွေ နည်းပညာတွေကို မိတ်ဆက်ပေးတဲ့ ပွဲဖြစ်ပါတယ်။

မနေ့ တနင်္လာနေ့ကတော့ iOS 13 အကြောင်း ကြေညာခဲ့ပါတယ်။ နောက်တစ်မျိုးက dark mode အကြောင်းဖြစ်ပါတယ်။ ဘက်ထရီကို ပိုတာရှည်ခံစေဖို့ Device ရဲ့ OLED မျက်နှာပြင်တွေမှာ display အနက်နဲ့ မီးခိုးကို ပြောင်းလဲသုံးစွဲလို့ရမယ့် feature ပါ။ MacOS မှာတော့ မနှစ်က စသုံးလို့ရခဲ့ပါတယ်။

Shutterstock/ By Trong Nguyen

နောက်တစ်မျိုးက “Apple Sign In” feature ဖြစ်ပါတယ်။ Third-party app တွေကို log-in လုပ်ဖို့ရာမှာ ကိုယ်ရေးအချက်အလက်၊ အီးမေးလ် စတာတွေနဲ့ ဝင်ရမယ့်အစား Apple ကနေတစ်ဆင့် ဝင်လို့ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ကတော့ အချို့ app တွေကို စာရင်းသွင်းမယ်ဆိုရင် Facebook သို့မဟုတ် Email ထည့်ခိုင်းတဲ့နေရာမှာ Apple device အသုံးပြုသူတွေအနေနဲ့ Apple Sign In ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

READ
iPhone 7နဲ့ပက်သက်ပြီးထွက်ရှိလာတဲ့ သတင်းများ
Shutterstock/ By Neirfy

iOS 13 မှာတော့ ဖုန်းရဲ့ built-in app တွေမှာ ပြောင်းလဲမှုများစွာ ရှိလာမှာပါ။ မက်ဆေ့ခ်ျတွေ ပို့ရာမှာ iPhone 3D ကင်မရာနဲ့ ထိန်းချုပ်နိုင်မယ့် Animoji တွေအပြင် Memoji တွေလည်း တိုးလာမှာပါတဲ့။ Maps၊ ကီးဘုတ်၊ Notes တွေ၊ Shortcuts တွေမှာ ပြောင်းလဲမှုတွေ ရှိလာမှာ ဖြစ်ပြီး Siri ကလည်း ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကို AirPod နားကြပ်ကနေ ဖတ်ပြနိုင်လာပြီး ပြန်လည်း ပြန်ပေးနိုင်မှာပါ။

Shutterstock/ By pisaphotography

iOS 13 မှာ FaceID နဲ့ unlock လုပ်တာလည်း ၃၀ ရာခိုင်နှုန်းတောင် ပိုမြန်လာမှာပါတဲ့။ ဒါပေမယ့် iOS 13 ကို သုံးဖို့က iPhone 6 နဲ့ iPhone 5S အသုံးပြုသူတွေအတွက်တော့ အကျုံးမဝင်တော့ပါဘူး။ iPhone 6s နဲ့ အထက် ဖုန်းမော်ဒယ်တွေမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

READ
ဓာတ်ပုံတွေမှာ LIKE ဘယ်လောက်ရလဲ ကြည့်လို့မရအောင် လုပ်လိုက်တဲ့ Instagram

White (ShweMOM)
SHARE