ဒုံးကျည်တွေကို ဖြိုခွင်းနိုင်မယ့် အမေရိကန်ရဲ့ နောက်ဆုံးပေါ်လေဆာလက်နက်အကြောင်း

အမေရိကန်နိုင်ငံရဲ့ လေတပ်ဌာနကတော့ စစ်လေယာဉ်တွေ ရင်ဆိုင်ရနိုင်တဲ့ ဒုံးကျည်တွေကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ လေဆာလက်နက်ကို အောင်မြင်စွာ တီထွင်ပြီးကြောင်း ယခုမေလအတွင်း ကြေညာလိုက်ပါတယ်။

ဖော်ပြပါ လေဆာလက်နက်ကို လေတပ်သုတေသနဌာနကနေ စမ်းသပ်ခဲ့တဲ့ နေရာကတော့ နယူးမက္ကဆီကိုမှာ တည်ရှိတဲ့ White Sands ဒုံးကျည်ကွင်းမှာ ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်မှုကတော့ မြေပြင်ပေါ်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုလက်နက်စနစ်ကိုတော့ Self-Protect High Energy Laser Demonstrator (SHiELD) လို့ အမည်ပေးထားပါတယ်။

PressFrom

စစ်လေယာဉ်တွေမှာ တပ်ဆင်မယ့် လေဆာလက်နက်ဖြစ်ပြီး အမေရိကန်လေတပ်ရဲ့ ဗိုလ်ချုပ် ဝီလျံကူလီကတော့ ဒါဟာ စွမ်းအင်စနစ်နဲ့ ကာကွယ်ရေးစနစ်ကို ပေါင်းစပ်ထားတဲ့ ခြေလှမ်းကြီးတစ်ရပ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ စစ်လေယာဉ်လက်နက်ဖြစ်မယ့် SHiELD ဟာဆိုရင် ရန်သူ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ပျံသန်းရင်း ပစ်ချနိုင်မှာ ဖြစ်သလို  မြေပြင်ကနေ အပေါ်ကိုလည်း ပစ်လွှတ်နိုင်မှာလည်း ဖြစ်ပါတယ်။

US Air Force Research Laboratory (AF.mil)

SHiELD လေဆာလက်နက်မှာ ပါဝင်တဲ့ အဓိကအစိတ်အပိုင်းကတော့ သုံးပိုင်းဖြစ်ပါတယ်။ လေဆာစနစ်ရယ်၊ လေဆာကို ထိန်းချုပ်မယ့် စနစ်ရယ်နဲ့ လေယာဉ်ကနေ အရှေ့ဖော်ပြပါ စနစ်တွေကို စွမ်းအင်ပေးမယ့် အစိတ်အပိုင်းတို့ ဖြစ်ပါတယ်။ ထိုလေဆာလက်နက်ဟာ တစ်ဘက်ကို ထိမှန်အောင် လျင်မြန်စွာ ချိန်ရွယ်ပစ်လွှတ်နိုင်မှာ ဖြစ်ပေမယ့် ရာသီဥတု အခြေအနေအရတော့ ထိရောက်မှုတွေ ကွာခြားနိုင်တယ်လို့လည်း သိရပါတယ်။

READ
မကြာခင်အနာဂတ်ကာလမှာ လူတွေကို စက်ရုပ်တွေပြန်ချစ်နိုင်တော့မည်

အမေရိကန်လေတပ်ဟာ ထိုလေဆာလက်နက်ပရောဂျက်ကို စတင်ခဲ့တာ ၂၀၁၆ ကတည်းက ဖြစ်ပါတယ်။ ၂၀၁၇ မှာ လက်နက်ကို တီထွင်ဖို့ လေကြောင်းနည်းပညာကုမ္ပဏီ Lockheed Martin နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၁ မှာ ဝေဟင်ပေါ် စမ်းသပ်မှု လုပ်ဆောင်ဖို့ ရည်မှန်းထားပါတယ်။

The Drive

SHiELD ကတော့ အမေရိကန်လေတပ်က တီထွင်စမ်းသပ်နေတဲ့ ပထမဆုံး လေဆာလက်နက်တော့ မဟုတ်ပါဘူး။ ၂၀၁၇ တုန်းက AH-64 Apache ရဟတ်ယာဉ်မှာ လေဆာလက်နက် တပ်ဆင်စမ်းသပ်ခြင်း ရှိခဲ့ဖူးပြီး အမေရိကန်ရေတပ်မှာလည်း Lockheed Martin ကုမ္ပဏီနဲ့ လက်တွဲကာ လေဆာလက်နက်တွေ တီထွင်စမ်းသပ်လျက် ရှိပါတယ်။

Ref: The Verge

SHARE