Area51 ကို အင်အားသုံးဝင်စီးပါက ပစ်ချဖို့ဝန်မလေးဘူးဆိုတဲ့ အမေရိကန်လေတပ်

"Storm Area 51, They Can't Stop All of Us"/Facebook Event, mldestefano/Pixabay

Area51 ဟာ ဂြိုလ်သားတွေကို ထိန်းသိမ်းထားတဲ့နေရာတစ်ခု ဒါမှမဟုတ်၊ အဲဒီဂြိုလ်သားတွေနဲ့ပေါင်းပြီး အမေရိကန်တွေဟာ ခေတ်လွန်လက်နှက်နည်းပညာတွေကို တီထွင်နေတယ် စသည်ဖြင့် ပါးစပ်ပြောရာဇဝင်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ၁၉၅၅ ခုနှစ်ကတည်းက ရှိနေတယ်ဆိုတဲ့ သတင်းတွေ သို့လောသို့လောကြားနေရခဲ့ပေမယ့်လည်း အမေရိကန်အစိုးရအနေနဲ့ကတော့ ရှိမှန်းဝန်မခံခဲ့ပါဘူး။ ၂၀၁၃ ခုနျစ်မှာတော့ Freedom of Information ဆိုတဲ့ လှုပ်ရှားမှုအောက်မှာ Area51 ဆိုတာကြီး တကယ်ရှိနေတယ်လို့ ဝန်ခံခဲ့ရပေမယ့်လည်း အထဲမှာ ဘာတွေရှိနေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ ယနေ့အချိန်အထိ စစ်ဖက်ဆိုင်ရာလေ့ကျင့်ရေးတပ်စခန်းတစ်ခုဆိုတာကလွဲရင် အမေရိကန်အစိုးရဖက်မှ နှုတ်ဆိတ်နေတုန်းပါပဲ။

ဒါကြောင့်လည်း Area51 နဲ့ ဂြိုလ်သားဒဏ္ဍာရီ၊ ဒီအကြောင်းကို သိချင်နေကြတဲ့ လူတစ်စုရယ်ရှိလာခဲ့ကြပါတယ်။ အခုလည်း စက်တင်ဘာလ ၂၀ ရက်နေ့မှာ Area51 အမေရိကန်၊ နီဗားတားကန္တရာရထဲမှာရှိတဲ့ Area51 တပ်စခန်းကို လူအင်အားသုံးပြီး ကျူးကျော်ကြဖို့ Facebook မှာ event ထောင်ထားခဲ့ပါတယ်။ ဒီအကြောင်းကို Shwemom မှ ဖော်ပြခဲ့ပြီးပါပြီ။

READ
ဝမ်းချုပ်လို့ဆိုပြီး ၀မ်းခေါင်းထဲ ငါးရှဉ့်ထိုးထည့်မိခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်
“Storm Area 51, They Can’t Stop All of Us”/Facebook Event,
“Storm Area 51, They Can’t Stop All of Us”/Facebook Event,

ဒီ event ဟာ အမေရိကမှာတင်မကဘဲ Facebook ရဲ့ ကောင်းမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ ပျံ့သွားခဲ့ကာ going နှိပ်ထားတဲ့လူပေါင်း ၁ သန်းခွဲနီးပါးရှိလို့နေခဲ့ပါပြီ။ ဒီကိစ္စဟာအပျော်သဘောနဲ့ လုပ်တယ်ဆိုပေမယ့်လည်း တချို့တွေကတော့ Area51 ရဲ့နောက်ကွယ်မှာ တကယ်ပဲ ဂြိုလ်သားတွေရှိများဆိုပြီး အတည်ပေါက်သိချင်နေကြသူတွေ ရှိလို့နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Metro မှာတော့ အမေရိကန်လေတပ်အနေန့ Area51 ဟာစစ်ဖက်ဆိုရင်ရာ လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်တဲ့အတွက် စခန်းတွင်းကို ခွင့်မပြုမိန့်မပါဘဲ ဝင်ရောက်လာသူအားလုံးကို လိုအပ်ပါက ပစ်ချနိုင်ပိုင်ခွင့် သူတို့ဆီမှာ အပြည့်အဝရှိတယ်လို့ အတိအလင်းကြေငြာခဲ့ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။

ထပ်ပြီး UFO စုံထောက်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Nick Pope ကလည်း event အတိုင်း တကယ်သာ လူသန်းနဲ့ချီပြီး Area51 ကို ဝင်စီးကြမယ်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမယ်ဆိုပြီး သတိပေးထားပါသေးတယ်။ အပေါ်မှာ ဖော်ပြခဲတဲ့အတိုင်း Area51 ဟာ စစ်တပ်အပိုင်ဖြစ်တာကြောင့် တပ်နယ်ထဲကိုဝင်တဲ့ ဘယ်သူ့မဆို ပစ်ခွင့်ရှိတယ်ဆိုတာ အမှန်ပါပဲ။ အကြမ်းဖက်တဲ့သဘောဖြစ်လာမှသာ လက်နှက်ထုတ်သုံးမှာပါဆိုပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက်က စိတ်ချင်းမတူ၊ လူများလေ သွေးကြွလေဆိုတဲ့အတိုင်း တစ်ယောက်ယောက်ကများ အစောင့်တွေလက်ထဲက သေနတ်လုလိုက်တာတို့ဘာတို့များ တစ်ခုခုလုပ်ခဲ့လိုက်ရင် မတွေးဝံ့စရာအခြေအနေတွေဖြစ်သွားနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။

READ
2017 The Comedy Wildlife ဓာတ်ပုံပြိုင်ပွဲရဲ့ စကာတင်စာရင်းဝင်ပုံတွေ
crispy-fotografie/pixabay

မကြာသေးခင် ဖေဖော်ဝါရီလတုန်းကပဲ တက္ကဆက်မှာရှိတဲ့ နေဗီရေတပ်ကို အမျိုးသားတစ်ယောက်ခိုးချောင်ခိုးဝက်ဝင်ခဲ့လို့ အစောင့်ကပစ်ချလိုက်ကာ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ကို ပြန်သတိရကြပါလို့လည်း ထပ်ပြောထားသေးပါတယ်။ ဒီအပြင် Area51 ဟာ ကျယ်ပျောခေါင်ခိုက်လှတဲ့ နီဗားတားသဲကန္တာရထဲမှာ ရှိတဲ့အတွက် ကားဆီကုန်တာတွေ၊ လမ်းပျောက်တာတွေစတဲ့ ကိစ္စတွေလည်း ကြုံတွေ့နိုင်ပါသေးတယ်တဲ့။ ကွန်ပြူတာမှာကြည်ရင်တော့ လွယ်ကူမယ်ထင်ရပေမယ့် တကယ်တမ်းသွားကြည့်ရင် အန္တရာယ်ရှိနိုင်တယ်လို့ Nick Pope ကပြောခဲ့ပါတယ်။

Penny

SHARE