Disney တို့ Pixar တို့ကနေပြီးတော့ animation films တွေကို ပြသတဲ့အခါ ရုပ်ရှင်တစ်ကားတည်းဖြစ်နေတာတောင်မှပဲ မတူညီဘဲ ကွဲပြားနေတာလေးတွေ ရှိနေပါတယ်။ ဥပမာဆိုရရင် အမေရိကန်မှာ ပြတဲ့ဇာတ်ဝင်ခန်းမှာ အလံကတစ်ခု၊ နိုင်ငံတကာမှာပြခဲ့တဲ့ ကာတွန်းမှာဆိုရင် အလံကကမ္ဘာ့မြေပုံလိုမျိုးဖြစ်နေတာမျိုးတွေပေါ့။

ဒီတော့ နိုင်ငံတွေပေါ်လိုက်ပြီးတော့ ဇာတ်ကွက်တွေ ပြောင်းလဲခဲ့ကြတဲ့ ကာတွန်းကားဇာတ်ဝင်ခန်းလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုတွေကွာခြားသွားမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
Zootopia မှာတော့ ရုပ်ရှင်ပြသတဲ့နိုင်ငံပေါ်လိုက်ပြီး အဲဒီနိုင်ငံအသီးသီးရဲ့အထင်ကရ အကောင်လးတွေနဲ့ ဒီဇာတ်ဝင်ခန်းကို ပြောင်းလဲထားခဲ့ပါတယ်။

Brazil မှာတော့ နာမည်ပါပြောင်းတဲ့အပြင်ကိုမှ ဘာသာစကားတွေဟာလည်း Brazil စာလုံးတွေနဲ့ နေရာယူထားခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာ ice hockey ဟာ ခေတ်မစားတဲ့အတွက်ကြောင့် ရိုးရိုးသာမန် ဘောလုံးကန်နေတဲ့မြင်ကွင်းကိုသာ Inside Out ထဲမှာ အစားထိုးပေးထားပါတယ်။

ဒါကလည်း Inside Out ထဲက ဇာတ်ဝင်ခန်းတစ်ခန်းပါပဲ။ ဂျပန်မှာ ကလေးတွေအရမ်းမုန်းတာဟာ ငရုတ်ပွသီးဖြစ်တဲ့အတွက် အခုလိုပြောင်းပေးထားပါသတဲ့။

Italy နိုင်ငံမှာတော့ Moana ကို Ocania ဆိုပြီး ခေါင်းစဉ်ပါ ပြောင်းထားတာပါ။

Up ထဲက My Adventure Book မှာတော့ အခုလိုမျိုးပဲ ဘာသာစကားပေါင်းစုံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ လူတွေနားလည်လွယ်အောင် “Danger: Keep Out!” ကို အင်္ဂလိပ်လိုရေးထားကာ တခြားနိုင်ငံတွေအသီးသီးမှာတော့ တတ်နိုင်သလောက် Pixar ကနေပြီးသတော့ ဆိုင်ရာဆိုင်ရာသာသာစကားတွေနဲ့ ရေးပေးထားပါတယ်။

Ratatouille မှာတော့ ပြင်သစ်မှာပြခဲ့တဲ့ version မှာ ပြင်သစ်စာတွေနဲ့ တွေ့ရမှာဖြစ်ပြီးတော့ နိုင်ငံတကာကိုပြတဲ့ version မှာတော့ အင်္ဂလိပ်လိုတွေရေးထားတကို တွေ့ရမှဖြစ်ပါတယ်။

penny