တပ်သားတွေကို Tik Tok အသုံးပြုခွင့်ပိတ်ပင်လိုက်တဲ့ အမေရိကန်စစ်တပ်

TikTok.com

အမေရိကန်စစ်တပ်ဟာ အမေရိကန်အစိုးရက ချပေးထားတဲ့ မိုဘိုင်းဖုန်းတွေမှာ Tik Tok Application ထည့်သွင်းခွင့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ပတ်သက်ပြီး  ပိတ်ပင်လိုက်ပါတယ်။

TikTok ကုမ္ပဏီနဲ့ တရုတ်အစိုးရတို့ နီးနီးကပ်ကပ်ရှိနေတဲ့ ဆက်ဆံရေးတွေဟာ အမေရိကန်အစိုးရအတွက် သံသယတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပြီးနောက်မှာ အမေရိကန်စစ်သားတွေရဲ့ မိုဘိုင်းဖုန်းထဲမှာ အခုလို တားဆီးပိတ်ပင်ခဲ့တာပါ။

မိနစ်ပိုင်းမျှသာ ကြာမြင့်တဲ့ ဗီဒီယိုဖိုင်လေးတွေနဲ့ လူသန်းနဲ့ချီအသုံးပြုနေတဲ့ TikTok ဟာ ဘေဂျင်းအခြေစိုက် ByteDance လို့ခေါ်တဲ့ ကုမ္ပဏီကပိုင်ဆိုင်ထားတဲ့ App တစ်ခုပါ။ အခုအချိန်မှာ Tik Tok Application ကို install လုပ်ထားသူအရေအတွက်ဟာ တစ်ကမ္ဘာ္ဘလုံးအတိုင်းအတာနဲ့ဆိုရင် ၁.၃ ဘီလျံအထိ ရှိနေပါပြီ။ အဲဒီ ၁.၃သန်းထဲမှာ နာမည်ကျော်အဆိုတော်တွေ၊ သရုပ်ဆောင်တွေအထိ ပါဝင်လာခဲ့တဲ့ App တစ်ခုပါ။ ပြီးခဲ့တဲ့ နှစ်အပိင်းအခြားတုန်းကလည်း Tik Tok ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မမှန်မကန်ရယူနေတယ်လို့ စွပ်စွဲချက်များကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒီဇင်ဘာလ(၃၀)ရက်နေ့ကတော့  U.S. Army ဟာ Military.com ကနေ တစ်ဆင့် Tik Tok Application ရဲ့ လုပ်ဆောင်ချက်တွေဟာ ငယ်ရွယ်တဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုက်လံစုဆောင်းနေတဲ့ ကိရိယာတစ်ခုဖြစ်ကြောင်း၊ Tik Tok ကို တပ်အတွင်းအသုံးပြုမှုကို ပိတ်ပင်လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

Twitter/USArmy

U.S. Armyဟာ Tik Tok ကို အခုမှ ပိတ်ပင်လိုက်တယ်ဆိုပေမယ့် သူ့ရှေ့မှာတော့ အမေရိကန်ကာကွယ်ရေးဦးစီးဌာနက အရင်ပိတ်ဆို့ထားခဲ့တာပါ။ အမေရိကန်ကာကွယ်ရေးဦးစီးဌာနကလည်း Tik Tok ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖုန်းနံပတ်တွေ၊ စာသားတွေကို ရယူနေတယ်လို့ သံသယရှိခဲ့တာကြောင့်လည်း ပိတ်ပင်ခဲ့တာပါ။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စကားအရ Tik Tok ဟာ အသုံးပြုသူတွေရဲ့ မိုဘိုင်းဖုန်းကို ထိန်းချုပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီလိုပိတ်ပင်တားဆီးမှုနဲ့ မရှေးမနှောင်းမှာပဲ Tik Tok ကုမ္ပဏီဘက်က ပထမဆုံးထင်သာမြင်သာထုတ်ပြန်လိုက်တဲ့ Report တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ္ဘ့နိုင်ငံအနှံ့က Tik Tok ကုမ္ပဏီကို တောင်းဆိုထားတဲ့  data access requests တောင်းခံထားတဲ့ စာရင်းဖြစ်ပါတယ်။ အဲဒီ စာရင်းထဲမှာတော့ ထိပ်ဆုံးမှာ အိန္ဒိယနိုင်ငံက ၁၀၇ ကြိမ်တောင်းဆိုထားပါတယ်။ အမေရိကန်နိုင်ငံကတော့ ၇၉ ကြိမ်တောင်းဆိုထားပါတယ်။ ဂျာမနီနိုင်ငံကတော့ ကုမ္ပဏီဘက်ကို ၁၂ လောက်တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ သူ့ရဲ့မူလနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ တောင်းခံမှုစာရင်းကတော့ မပါရှိခဲ့ပါဘူး။

 

ဆင်ဆာစနစ်ကို ထိန်းချုပ်ထားတဲ့ တရုတ်လိုနိုင်ငံကြီး တစ်ခုအနေနဲ့ ဒီစာရင်းထဲမှာ မပါလာတာဟာ သိပ်ကို အံ့သြစရာကောင်းလွန်းတယ်လို့ လုံခြုံရေးဆိုင်ရာပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Tik Tok ဘက်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ယခုစာရင်းကတော့ ကုမ္ပဏီဘက်ကို အချက်အလက်တောင်းခံမှုရရှိထားတဲ့ စာရင်းတွေပဲ ဖော်ပြထားတာပါ။ အချက်အလက်မတောင်းခံတဲ့ နိုင်ငံတွေကိုတော့ ဒီစာရင်းထဲမှာ မပါပါဘူး။ Tik Tok ဟာ တရုတ်ပြည်တွင်းမှာ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ဒါ့အပြင် Tik Tok ဟာ တရုတ်နိုင်ငံဆီကနေdata access requests ကို တောင်းခံမှုကိုလည်း မရရှိခဲ့ပါဘူးလို့ ပြောဆိုထားပါတယ်။

Tik Tok ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ တရုတ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါ့အပြင်  ByteDance ကုမ္ပဏီဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ မဟာဗျုဟာမြောက်မိတ်ဖက်ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာရှိတဲ့ ပါတီရဲ့လုပ်ငန်းတွေအတွက် ထောက်ပံ့မှုပေးခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်လို့ သတင်းတွေက ရေးသားထားပါတယ်။။

Ye Yint Kyaw

SHARE