Gilead က ထုတ်မယ့် ကိုဗစ်ကုသဆေး အားလုံးနီးပါးကို အမေရိကန် ၀ယ်ယူမည်

Image:wikicommon

အမေရိကန် မှာ ကိုဗစ်ကူးစက်မှု အ ခြေအ နေ က တော့ မြန်မာနိုင်ငံနဲ့ ယှဉ်ရင် အရမ်းကို ပြင်းထန်  ပါတယ်။ရောဂါ ကူး စက်မှုနှုန်း မြင့်မားနေတဲ့ အ မေရိကန် ရဲ့ တစ်ခုတည်း သော မျှော်လင့် ချက်က တော့ ကုသ ဆေး လို့ တောင် ပြော လို့ရပါတယ်။ဒီ့ အတွက် လည်း အ မေရိကန်က အားလုံးကို ကြိုတင် လက်ဦးမှု ရယူ ထားပါတယ်။ အ မေရိကန် အ ခြေ စိုက် ဆေးထုတ်တဲ့ ကုမ္ပဏီ ကြီး ဖြစ်တဲ့ Gilead က နေ ထုတ်မယ့် ကိုဗစ် ကုသ ဆေး အားလုံး နီး ပါးကို  အ မေရိကန် က ၀ယ်ယူ သွားမှာပါ။နောက်သုံးလ နီးပါး အထိ ကုမ္ပဏီ က နေ ထုတ်မယ့် ဆေး အားလုံးကို အ မေရိကန် တစ် နိုင်ငံ တည်းက ၀ယ်ယူ သွားမယ့် အ ကြောင်းကို တော့ BBC မှာ ဖော်ပြ ထားပါတယ်။

Image:twitter/fox7

အ မေရိကန် ကျန်းမာရေး ၀န်ကြီးဌာနက နေ ဒီ အ ကြောင်းကို  ဇွန်လ (၃၀) ရက်နေ့က ကြေညာ ခဲ့တာပါ။ အ မေရိကန် ဆေးရုံ တွေ အတွက် ဆေး ငါး သိန်း ကို ၀ယ်ယူ ဖို့ သ ဘော တူ ထားပြီ လို့ ကျန်းမာရေး ၀န်ကြီး ဌာနက  ကြေညာ ပေးခဲ့တာပါ။Gilead က ထုတ်တဲ့ remdesivir ကိုဗစ် ကုသ ဆေးဝါး ဟာ ဆိုရင် ပြန် ကောင်းတဲ့ အချိန် ကို ပို မြန် စေ ပါတယ်။ဒါပေမယ့် လည်း အသက်ရှင် နိုင် ချေ နှုန်း ပိုများေ စ သလား၊မများ စေဘူး လား ဆိုတာ က တော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။Gilead က တော့ ပြီးခဲ့တဲ့ မေ လတုန်းက အ မေရိကန်  ပြင် ပ မှာ ပါ ဆေးထုတ် လုပ်ဖို့ လိုင်စင်ကို လက်မှတ် ရေးထိုး ခဲ့ပေမယ့် လက်ရှိ က တော့  ပဏာမ လုပ် ဆောင် နေတဲ့ အဆင့် လောက်ပဲ ရှိပါ သေးတယ်။

အ မေရိကန် သမ္မတ ထရမ့် က တော့ အ မေရိကန် နိုင်ငံသားတွေ ကိုဗစ် ကုသ ဆေးကို အရင်ဆုံး ရ ဖို့ အတွက် ကြိုးစား ပေး နေ ပြီး ဒီလို အ ခြေအ နေ မျိုးမှာ ဆေးအားလုံး ကို ၀ယ်ယူ နိုင် ဖို့ သ ဘော တူညီ ချက် ကို ရ အောင် လုပ် ဆောင် ပေးခဲ့တာလို့ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ အရာရှိတစ်ဦးက ဆိုပါတယ်။ကုသ မှုဆိုင်ရာ ဆေးပတ် အတွက် ကတော့  အ မေရိကန် ဒေါ်လာ နဲ့ဆိုရင် $2,340 လောက် ကျ သင့်မှာပါ။တခြား ဆင်းရဲ တဲ့ နိုင်ငံ  အများစု  အတွက် တော့ ဆေးကုမ္ပဏီ (၉)ခု က ဈေးသက်သာ တဲ့ ဆေး မျိုး ထုတ် နိုင်ဖို့ လုပ် ဆောင် နေ ပြီး  လက် ရှိ မှာတော့ ပဏာမ အဆင့်  လောက်ပဲ ရှိ နေ သေးတဲ့ အ နေ အထားပါ။ဝေဖန် သူ တွေ က တော့ တစ်ကမ္ဘာ လုံး ပူး ပေါင်း ဆောင်ရွက် ရမယ့် ဒီလို အ နေအထားမှာ အ မေရိကန်က ဆေးတွေ ကို လက်ဝါး ကြီး အုပ် ၀ယ်ယူ တဲ့ ဒီလို လုပ်ရပ် အ ပေါ် ရှုတ်ချ နေကြပါတယ်။

#SHWEMOM

SHARE