ဆစ်ဒနီလေဆိပ်မှာ သူရဲကောင်းတွေလို ကြိုဆိုခြင်းခံခဲ့ရတဲ့ အမေရိကန် မီးသတ်သမားများ

Twitter/Shane Fitzsimmons

အမေရိကန်မီးသတ်သမားတွေ သြစတြေးလျတောမီးကို ကူညီငြိမ်းသတ်ပေးဖို့ ဆစ်ဒနီကို ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါတယ်။

အဆိုပါ အမေရိကန်မီးသတ်သမားသူရဲကောင်းတွေကို သြစတြေးလျဒေသခံတွေက မြို့ရဲ့လေဆိပ်ကနေစောင့်ကာ လက်ခုပ်သြဘာတီးပီး နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Facebook/GABRIELLE CONNELLAN

အမေရိကန်နိုင်ငံရဲ့ ရက်ရောမှုနဲ့အကူအညီ ထောက်ပံ့မှုတွေကို ကျေးဇူးတင်ပြီး လေးစားတဲ့အနေနဲ့ အခုလို လေဆိပ်မှာ လာရောက်စောင့်ပြီး လက်ခုပ်သြဘာတီးကာ ကြိုဆိုနှုတ်ဆက်မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ နယူးဆော့ဖ်ဝေးလ် မီးသတ်ဌာနရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Shane Fitzsimmons ကပြောပြခဲ့ပါတယ်။

သူတို့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံသားတွေဆီကနေပြီး အခုလိုမျိုး နွေးထွေးတဲ့ ကြိုဆိုမှုတွေကို အမေရိကန်မီးသတ်သမားတွေက ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

သြစတြေးလျက အမေရိကန်ကို မီးသတ်သမားတွေ စေလွှတ်ခဲ့တာ အခုဆိုရင် (၁၅)နှစ်ကျော်ပြီ ဖြစ်ပါတယ်။

READ
ခလောက်မြွေခေါင်းကိုဖြတ်ခဲ့သည့် အမျိုးသား မြွေခေါင်းပြတ်ရဲ့ ကိုက်ခဲခြင်းကို ခံခဲ့ရ

အမေရိကန်မီးသတ်သမားတွေ သြစတြေးလျမှာ တာဝန်ထမ်းဆောင်ပေးခဲ့တာ ပြီးခဲ့တဲ့(၂၀၁၀)ခုနှစ်က နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။

Thae Su

SHARE