နှလုံးကိုလေဆာနဲ့ဖြတ်ပြီး ဘယ်သူလဲစစ်ဆေးနိုင်မယ့် US ကာကွယ်ရေးဌာနရဲ့ နည်းပညာသစ်

Shutterstock / Getmilitaryphotos

အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဌာနချုပ် (Pentagon) ကနေ အနီအောက်ရောင်ခြည်ကို အသုံးပြုပြီး နည်းပညာသုံး ကိရိယာတစ်ခု ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ထိုကိရိယာနဲ့ ပတ်သက်လို့ အမေရိကန်ကာကွယ်ရေး အာဏာပိုင်တွေကိုယ်တိုင် ကြေညာခဲ့တာပါ။

အနီအောက်ရောင်ခြည် လေဆာ (Infrared Laser) ကို အသုံးပြုရတဲ့ ထိုကိရိယာရဲ့ အသုံးဝင်ပုံဟာဆိုရင် မီတာ ၂၀၀ (ပေ ၆၅၀) လောက်ကနေတင် ရန်သူစစ်သားတွေရဲ့ နှလုံးနေရာကို လှမ်းထိုးပြီး ထိုသူက မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ MIT Technology Review နည်းပညာသတင်းဌာနကနေ ယူအက်စ် အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Shutterstock / BPTU

ထိုကိရိယာကို Jetson လို့ နာမည်ပေးထားပြီး တုန်ခါမှုမရှိတဲ့ ကိရိယာ ဖြစ်ပါတယ်။ အနီအောက်ရောင်ခြည်ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ နှလုံးနေရာကို ထိုးလိုက်တဲ့အခါ အတွင်းထိ ဖောက်ဝင်နိုင်ပြီး ထိုနှလုံးခုန်ကြိမ်နှုန်းကို ဆန်းစစ်ပြီး ဘယ်သူဆိုတာ ခွဲပေးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းဟာ လက်ဗွေရာတို့ မျက်နှာဖတ်ခြင်းတို့လိုပဲ လူတစ်ယောက်နဲ့ တစ်ယောက် လုံးဝမတူကွဲပြားတဲ့အတွက် နှလုံးခုန်နှုန်းကို ဖတ်လို့ရနိုင်တာ ဖြစ်ပါတယ်။

READ
Xiaomi ကနေ မကြာခင် အသစ်ထွက်ရှိလာတော့မယ့် Mi 9 

လေရဟတ်တွေရဲ့ တုန်ခါနှုန်းကို တိုင်းတာပေးတဲ့ လေဆာနည်းပညာကို အခြေခံကာ ထို Jetson ကို တီထွင်ထားတာလည်း ဖြစ်ပါတယ်။ “အာကာသထဲကနေတောင် ကမ္ဘာအထိ လှမ်းထိုးလို့ ရနိုင်သေးတာ မဟုတ်ပေမယ့် အကွာအဝေးများတဲ့ နေရာကနေတောင် နှလုံးထဲထိ လှမ်းထိုးပြီး စစ်လို့ရနိုင်ပါတယ်” လို့ Pentagon ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းပညာဌာနရဲ့ အကြီးအကဲဖြစ်တဲ့ Steward Remaly က ရှင်းပြခဲ့ပါတယ်။

ထိုနည်းပညာက တီထွင်မှု အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် သိပ်တော့ အဆင့်မမြင့်သေးပါဘူး။ နှလုံးခုန်နှုန်းကို ဖတ်တဲ့နေရာမှာ အင်္ကျီထူနေရင်၊ ဒါမှမဟုတ် လူက လေဆာထိုးမယ့်လူက တစ်နေရာတည်းမှာ ငြိမ်မနေရင် ဖတ်လို့မရနိုင်ပါဘူး။ လေဆာထိုးပြီး နှလုံးခုန်နှုန်းကို ဖတ်ရာမှာလည်း စက္ကန့် ၃၀ မျှ ကြာမှာ ဖြစ်တဲ့အပြင် အဲ့ဒီ့ကမှတစ်ဆင့် နှလုံးခုန်နှုန်းကို စစ်ပြီး မည်သူမည်ဝါဆိုတာ ဒေတာကို ဆက်ထွက်လာအောင် လုပ်ရဦးမှာ ဖြစ်ပါတယ်။

READ
ကမ္ဘာ့လူကြိုက်အများဆုံးတင်သာမက ဝင်ငွေအများဆုံးဂိမ်းပါ ဖြစ်လာခဲ့တဲ့ PUBG
Shutterstock / Jeremy Christensen

လူတစ်ယောက် မည်သူမည်ဝါ စစ်ဆေးဖို့နေရာမှာ ဒီ Jetson လေဆာနဲ့ နှလုံးခုန်နှုန်းဖတ်ခြင်းက အခြား လူစစ်တဲ့ နည်းတွေ ဖြစ်တဲ့ လက်ဗွေရာ ဖတ်တာ၊ မျက်နှာဖတ်တာတွေထက် အသုံးဝင်တဲ့ အကြောင်းလည်း ရှိပါသေးတယ်။ လက်ဗွေရာတို့ မျက်နှာတို့ ပြောင်းဖို့ ဖျောက်ဖို့တွေမှာ လွယ်ကူတဲ့အတွက် fingerprint sensor တွေ face scanning နည်းတွေရဲ့ အသုံးဝင်မှုက လျော့ကျသွားနိုင်ပေမယ့် လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုတော့ ပြောင်းပစ်ဖို့က ခက်တဲ့အတွက်ပါ။

Shwemom

SHARE