အမည်မသိ virus တစ်ခုပျံ့နှံ့မှုကြောင့် ရေထဲမှာ ၂ လကြာနေနေရတဲ့ US စစ်သင်္ဘော

အမေရိကန်စစ်ဘောင်္ာ USS Fort McHenry ဟာ အရှေ့အလယ်ပိုင်းက ပါရှန်ပင်လယ်ကွေ့ထဲမှာ သောင်တင်နေခဲ့တာ ၂ လနီးပါးလောက်ရှိနေခဲ့ပြီလို့ CCN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အကြောင်းအရင်းကတော့ အမျိုးအမည်မသိ virus တစ်ခုကြောင့်လို့ဆိုပါတယ်။

ပါးချိတ်ယောင်တဲ့ ပုံသဏ္ဍာန်မျိုးနဲ့ဆင်ပေမယ့် ပါးချိတ်ယောင်စေတဲ့ ပိုးမျိုးလည်းတိတိကျကျ မဟုတ်ပါဘူး။ သင်္ဘောပေါ်ကိုလည်း အပြင်လူတွေကို တက်ခွင့်မပြုသလို ကမ်းကပ်ဖို့လည်း တားမြစ်ထားတာကြောင့် ပျံ့ပွားနေတဲ့ virus ဟာ ဘယ်လိုအမျိုးအစားလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

US Navy

USS Fort McHenry စစ်သင်္ဘောပေါ်မှာ တပ်သား ၂၅ ယောက်ပါရှိနေပါတယ်။ ပါးချိတ်ယောင်တဲ့ virus နဲ့ တူတယ်ဆိုတာကြောင့် ပါးချိတ်ယောင်ခြင်းကိုကာကွယ်ပေးတဲ့ parotitis ကာကွယ်ဆေးကို တပ်သားတိုင်းထိုးထားပြီးပြီလို့လည်းသိရပါတယ်။

ဒီအကြောင်းကို နာမည်ကြီး မီဒီယာတွေတော်တ်ာများများက အမေရိကန်စစ်ဌာနတွေကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ပါဘူး။ စုံစမ်းကြည့်သလောက်တော့ ၂၀၁၈ ဒီဇင်ဘာလကတည်းက အဲဒီစစ်သင်္ဘောပေါ်မှာ virus outbreak ဖြစ်နေတယ်လို့သိရပြီး မတ်လ ၉ ရက်နေ့မှာလည်း စစ်သင်္ဘောပေါ်မှာ ကူးစက်သူ ထပ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

READ
ဘတ်စ်ကားစီးရင်းလက်မှာ အဖိမ့်ကြီးတွေထနေလို့ ထိုင်နေတဲ့ခုံကို ကြည့်လိုက်တော့ ....
Fine Art America

ဒီအကြောင်းကို အတင်းလိုက်စုံစမ်းနေတဲ့ သတင်းဌာနတွေကိုတော့ ရေတပ်ရေယာဉ်စုဌာနချုပ်မှ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိစ္စမျိုးတစ်စုံတစ်ရာမှမရှိဘဲ ရေတပ်မှာ ပါးချိတ်ယောင်တာတို့၊ ဝက်သက်ရောဂါတို့၊ ဂျိုက်သိုးဖြစ်ပွားခြင်းတို့ဟာ ဖြစ်ပွားနေကျမို့လို့ တပ်သားတွေအကုန်လုံးကိုလည်း ကာကွယ်ဆေးပုံမှန်ထိုးပေးနေကျဖြစ်တယ်လို့ ဆိုပါတယ်။

အကူးခံထားရတဲ့ တပ်သားတွေကိုတော့ သင်္ဘောပေါ်မှာရှိတဲ့ ဆေးခန်းမှာပဲ ကုသနေပြီး သင်္ဘောတစ်ခုလုံးကိုလည်း ခေတ္တတာဝန်မှ နားစေခဲ့တယ်လို့ဆိုပါတယ်။ အလုံးစုံကောင်းသွားကာမှ ကမ်းပြန်ကပ်ခိုင်းမယ့်သဘောရှိပါတယ်။ သို့ပေမယ့် ပုံမှန်ပါးချိတ်ယောင်တဲ့အမှုတွေ၊ ဝက်သက်အမှုတွေမှာ ဒီလောက်ကြီး သတင်းအချက်အလက်တွေ ထိန်းချုပ်တာတွေနဲ့ လချီကြာအောင် ကမ်းကပ်ခွင့်ပိတ်တာတွေ မရှိခဲ့တဲ့အတွက် ပါးချိတ်ယောင်တာနဲ့ဆင်တဲ့ virus မှ ဟုတ်ရဲ့လား၊ တခြားဖုံးကွယ်စရာအကြောင်းအရာတွေရော ရှိနေလားဆိုပြီး လူစိတ်ဝင်စားမှုခံနေရပါတယ်။

Source: CNN

Penny

SHARE