US Navy က အတည်ပြုလိုက်တဲ့ UFO ဗီဒီယိုမှတ်တမ်း (၃)ခုအကြောင်း

To The Stars Academy of Arts & Science/YouTube, Casimiro PT/Shutterstock

တကယ်တော့ ဒီဗီဒီယိုမှတ်တမ်းတွေဟာ ကြာနေပြီဆိုပေမယ့် အခုအခါမှ US Navy ကနေပြီး တကယ်ဖြစ်ခဲ့တာပါလို့ US Department of Defense မှ ဗီဒီယိုကို တရားဝင်တင်ကာ အသိအမှတ်ပြုခံခဲ့ရတာဖြစ်တယ်လို့ CNN မှာ ဖော်ပြထားပါတယ်။

The Stars Academy of Arts & Sciences မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၁၈ မတ်လအတွင်း UFO မြင်ကွင်းတစ်ခုကို မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင် ၃ ခုကို ရှေ့ဆင့်နောက်ဆင့်စီ တင်ထားခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းဟာ US Navy ရဲ့ ယာဉ်လုံခြုံရေးကင်မရာမှာ ဖမ်းယူရရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပေမယ့် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံး တပ်ဖက်မှ ဘာမှ ပြောကြားခဲ့ခြင်းမရှိပါဘူး။

READ
ကားလမ်းကြောင်းတွေကိုတောင် တားဆီးပြီး အဖွားအိုကို ကူညီခဲ့တဲ့ ဟီးရိုးဆိုင်ကယ်သမား

၂၀၁၉ ခုနှစ်ရောက်ကာမှ  Navy တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Joe Gradisher ဟာ အဆိုပါ ဗီဒီယိုမှတ်တမ်း ၃ ခုဟာ တပ်သားတွေအနေနဲ့ တကယ်ကြုံတွေ့ခဲ့ရတဲ့ ဗီဒီယိုမှတ်တမ်းအစစ်ဖြစ်ပြီး လက်ရှိအချိန်အထိ ဗီဒီယိုထဲမှာ ပါဝင်တဲ့အရာဟာ ဘာရယ်မှန်း တိတိကျကျမသိရသေးပါဘူးတဲ့။


To The Stars Academy of Arts & Science/YouTube

ဗီဒီယိုဖိုင် ၃ ခုထဲက ၂ ခုကတော့ ၂၀၁၅ ခုနှစ်က အမေရိကန်လေတပ်ပိုင်းလော့တချို့ လေယာဉ်ပျံသန်းနေစဉ်အချိန်တုန်းက မျက်မြင်လည်း တွေ့ရှိခဲ့ကြသလို လေယာဉ်ရဲ့ကင်မရာမှာလည်း မှတ်တမ်းတင်နိုင်ခဲ့တာပါ။ Joe Gradisher ကပဲဆက်ပြီး ဒီလို ကိစ္စရပ်တွေဟာ လေတပ်သားများ ဝေဟင်မှာလေ့ကျင့်ရေးဆင်းနေစဉ်အတွင်း မြင်တွေ့နေကြဖြစ်တဲ့ မြင်ကွင်းတွေပဲဖြစ်ပြီး တစ်ခါတစ်ရံမှာ အခုဗီဒီယိုထဲကလို မသေမချာမြင်ရတာတွေရှိတဲ့အပြင် တစ်ခါတစ်ရံမှာတော့ ထင်ထင်ရှားရှား နီးနီးကပ်ကပ် မြင်တွေ့တာမျိုးတွေလည်း ရှိတတ်ပါတယ်တဲ့။

တပ်ထဲမှာတော့ UAP (Unidentified Aerial Phenomena) လို့ သုံးနှုန်းလေ့ရှိကြပါတယ်။ UAP တွေဟာ လိုက်ရှာရင်မတွေ့ရတတ်ဘဲနဲ့ အခုလိုမထင်မှတ်ထားတဲ့အချိန်မှာသာ ပေါ်လလေ့ရှိတာကြောင့် တပ်အနေနဲ့ ဘာမှန်းယခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် မြင်တွေ့ရတဲ့တပ်သားတွေကိုသာ အတွေ့အကြုံနဲ့ သူတို့ဘာမြင်တွေ့ခဲ့သလဲဆိုတာ လိုက်လံစစ်တမ်းကောက်ရုံပဲ တတ်နိုင်နေပါတယ်လို့လည်း ပြောသွားပါသေးတယ်။

READ
ပြာမည်းတွေဖုံးလွှမ်းနေပြီး ကမ္ဘာပျက်သလိုအကျဉ်းတန်ရှုခင်းတွေနဲ့ Agung တောင်

Penny

SHARE