အွန်လိုင်းကပဲ စာသင်ဖြစ်နေဦးမယ်ဆိုရင် ကျောင်းသားတွေ မိခင်နိုင်ငံကိုပြန်ရမယ်လို့ US ပြော

Freepik- freepik

၂၀၁၉ ခုနှစ်ကတည်းကစတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးဆက်ရောဂါပိုးဟာ ကမ္ဘာ့ကပ်ရောဂါဘေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီအတွက် ကပ်ရောဂါကို မခံစားရအောင် လူစုလူဝေးရှောင်ရှားမှုတွေ ပြုလုပ်လာခဲ့ရပါတယ်။ အကျိုးဆက်ကတော့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ရပ်တန့်သွားတယ်၊ ကျောင်းတွေအပါအဝင် စက်ရုံတွေ၊ အလုပ်ရုံတွေ၊ စတိုးဆိုင်နဲ့စူပါမားကတ်တွေ၊ အားကစားခမ်းမတွေစတဲ့ လူအများလာကြတဲ့ နေရာတွေအားလုံး ပိတ်သိမ်းလိုက်ခဲ့တာ အခုချိန်ထိ ပြန်မဖွင့်နိုင်ကြတဲ့ အခြေအနေမှာပဲရှိနေဆဲပါပဲ။

NBC News ရဲ့ဖော်ပြချက်အရ အမေရိကအနေနဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက် သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်လို့သိလိုက်ရပါတယ်။

Freepik-topntp26

ဝါရှင်တန်အစိုးရမှ ပြီးခဲ့တဲ့တနင်္လာနေ့၊ ဇူလိုင်လ ၇ ရက်နေ့တုန်းက တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။ အကြောင်းအရာကတော့ လာမယ့်  နိုင်ငံခြားသားကျောင်းသားတွေအနေနဲ့ လာမယ့် စာသင်နှစ်နဲ့ နှစ်ဝက်တွေမှာ အခုလိုပဲ အမေရိကမှာကျောင်းတွေ ကပ်ရောဂါကြောင့် ပြန်ဖွင့်လို့မရသေးဘူး၊ အွန်လိုင်းကနေပဲ စာတွေသင်နေရဦးမယ်ဆိုရင် အားလုံး ကိုယ်နေထိုင်ရာနိုင်ငံကို ပြန်ကြဖို့အတွက် သတင်းထုတ်ပြန်ခဲ့တာပါ။

နိုင်ငံခြားသားကျောင်းသားတွေဆိုတဲ့အထဲမှာ F-1 နဲ့ M-1 ဗီဇာအမျိုးအစားတွေပါဝင်ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာကျောင်းတွေကနေ တစ်ဆင့် စာရင်းနဲ့တကွလုပ်ဆောင်ရမယ့်အချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့ လူဝင်မှုကြည့်ကြပ်ရေးကနေ ပြောလာခဲ့ပါတယ်။

READ
ယောက်ျားလေးလုဖို့ မိန်းကလေးချင်းရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်
Freepik-tzido

အကယ်၍ ဒီဥပဒေကို မလိုက်နာဘူးဆိုရင် ပြည်ဝင်ခွင့်ပိတ်တာမျိုးအထိ ထိထရောက်ရောက်အရေးယူသွားမှာဖြစ်ပါတယ်လို့လည်း ထပ်လောင်းပြောခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ လာမယ့်စာသင်နှစ်အတွက် အွန်လိုင်းကပဲ စာသင်တော့မယ်ဆိုတာကို Harvard တက္ကသိုလ်မှတော့ တရားဝင်ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် Harvard မှာတက်နေတဲ့ F-1 နဲ့ M-1 ဗီဇာကိုင်ဆောင်ထားသူ နိုင်ငံခြားသားကျာင်းသားတွေကတော့ ဦးဆုံးပြန်ရဖို့ သေချာလျက်ရှိနေပါပြီ။

Penny

SHARE