စစ်ဘက်နည်းပညာတွေ တရုတ်ကို ခိုးရောင်းခဲ့တဲ့ပါမောက္ခ၊ ထောင်ဒဏ် (၂၁၉)နှစ် ချမှတ်ခံရဖို့ရှိ

ieeetv.ieee.org

တရုတ်အမေရိကန်ကပြား ပါမောက္ခတစ်ယောက်ဟာ တရုတ်နိုင်ငံဆီကို အမေရိကန် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ခိုးယူရောင်းချခဲ့တဲ့အတွက် အခုဆိုရင် ထောင်ဒဏ် (၂၁၉)နှစ်အထိ ချမှတ်ခံရဖို့ ရှိနေကြောင်း သိရပါတယ်။ အဆိုပါ ပါမောက္ခအမည်ကတော့ Shih Yi-chi ဖြစ်ပြီး အသက်ကတော့ (၆၄)နှစ်ပါ။

ပါမောက္ခ Yi ကို အမေရိကန်အာဏာပိုင်တွေက International Emergency Economic Powers Act (IEEPA) နိုင်ငံတကာအရေးပေါ်စီးပွားကုန်သွယ်မှုဆိုင်ရာအက် ဥပဒေနဲ့ အမှုဖွင့်ထားပြီး၊ ဇွန်လ (၂၆)ရက်နေ့က ပြစ်မှုထင်ရှားခဲ့ကြောင်း တွေ့ရှိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်(၂၀၀)ကျော် ကျခံရဖို့ရှိနေပါတယ်။

Research Gate

ပါမောက္ခ Yi ဟာ University of California, Los Angeles (UCLA) တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံ၊ ဆီချွင်စီရင်စု၊ ချန်ဒူမြို့ကို တပ်မတော်အဆင့်အသုံးပြုတဲ့ အထူးဆီမီးကွန်ဒပ်တာတွေ တရားမဝင် ပို့ဆောင်ပေးခဲ့တာပါ။

READ
Street Fighter ရုပ်ရှင် ဘာကြောင့်မအောင်မြင်ရသလဲ ဒါရိုက်တာကိုယ်တိုင် ဖော်ထုတ်
University of California, Los Angeles (UCLA)

ဒါ့အပြင် Yi ဟာ အီမေးလ်အလွဲသုံးစားလုပ်မှု၊ ဆက်သွယ်ရေးနည်းပညာ အလွဲသုံးစားလုပ်မှု၊ အစိုးရအေဂျင်စီထံ သတင်းအမှားပေးဖို့မှု၊ သတင်းအချက်လက်များ ထိန်ချန်ရန်အတွက် မလျှော်ကန်သော သြဇာအသုံးပြုမဥ စတဲ့ ပြစ်မှုပေါင်း (၁၈)ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် Yi ဟာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် (၂၁၉)နှစ်အထိ ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် သူပိုင်ဆိုင်တဲ့ ဒေါ်လာ ထောင်သောင်းများစွာကို အစိုးရဘဏ္ဍာအဖြစ် အသိမ်းခံရမယ့်အရေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တာဝန်ရှိသူတစ်ဦးကတော့ Department’s China Initiative ကို အမေရိကန်နည်းပညာများ တရုတ်အကျိုးစီးပွားအလို့ငှာ ခိုးယူသုံးစွဲမှုနဲ့ တရားစွဲဆိုထားပြီး၊ ပြစ်မှုတွေလည်း ခိုင်လုံနေပြီလို့ ဆိုပါတယ်။ Yi ဟာ အမေရိကန်စစ်ဘက်ဆိုင်ရာအသုံးပြုသူနေတဲ့ ဆီမီးကွန်ဒက်တာတွေနဲ့၊ အများပြည်သူအသုံးပြုတဲ့ ဆီမီးကွန်ဒက်တာတွေကို တရုတ်ထံ ပေးဖို့ခဲ့ပြီး-

READ
(၁၆.၃.၁၉) မှ (၂၂.၃.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

သူ့အဆိုအရတော့ ခွင့်ပြုချက်အရ တင်သွင်းတဲ့ပုံစံမျိုးနဲ့၊ ပြန်ရလာတဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး အခွန်တိမ်းရှောင်ထားမှုတွေဟာ မြင်သာစေခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ပြောခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ ပူးတွဲတရားခံလည်း ရှိခဲ့ပြီး၊ သူ့အမည်ကတော့  Kiet Ahn Mai ဖြစ်ပါတယ်။ အသက်က (၆၅)နှစ် ဖြစ်ပါတယ်။

Mai ကလည်း အဆင့်မြင့်နည်းပညာသုံးထားတဲ့ monolithic microwave integrated circuits (MMICs) အမည်ရ ဆီမီးကွန်ဒက်တာတွေကို တရားမဝင်ပေးပို့ခဲ့မှုမှာ အပြစ်ရှိကြောင်း စွပ်စွဲခံထားရပါတယ်။ Yi ဟာ ဝယ်သူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး Hardware တွေကို ရယူကာ၊ ယင်းတို့ကို သူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ Chengdu GaStone Technology (CGTC) ဆီကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သူကတော့ အယူခံဝင်ဦးမှာလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

SHARE