တရုတ်လေကြောင်းလိုင်းတွေကို ပိတ်ပင်သွားတော့မယ့် အမေရိကန်

Image:wikimedia commons

တရုတ်နဲ့ အ မေရိကန် တို့ရဲ့ အားပြိုင်မှု ကတော့ တဖြည်းဖြည်း ပိုပြင်းထန်လာခဲ့ပါပြီ။ထရမ့် ကလည်း တရုတ်ကို ခါးခါး သီးသီး ဖြစ် နေတဲ့ အပြု အမူ တွေကို တောက်လျောက် လုပ်ပြ နေပါတယ်။အခုဆိုရင်တော့ အ မေရိကန် က တရုတ် က လေ ကြောင်းလိုင်း တွေ အမေရိကန် နိုင်ငံ တွင်း ၀င်ရောက် ခွင့်တွေ ကို ဇွန်လ (၁၆) ရက်နေ့က စပြီး ပိတ် ပင် တော့ မယ်လို့  အ မေရိကန် အစိုးရ ဘက်က ကြေညာ လိုက်ပါတယ်။စီးပွားရေးအင်အားကြီး နိုင်ငံ နှစ် နိုင်ငံ ကြား အ ခြေ အ နေ ပိုတင်းမာ လာမယ့် အ နေ အထားပါ။ BBC နဲ့ CNN တို့ မှာ ဖော်ပြ ထားတာပါ။

Image:wikimedia commons

 လက်ရှိ ဖြစ်နေတဲ့ ကိုဗစ် အ ခြေ အ နေ တွေ တရုတ် နိုင်ငံမှာ တည်ငြိမ် သွားပြီဆို ပေမယ့်လည်း အ မေရိကန် သယ်ယူပို့ ဆောင်ရေးဝန်ကြီး ဌာ န က တရုတ်က လေ ကြောင်း လိုင်း တွေ အ မေရိကန် တွင်း  ပြန်လည် ၀င် ရောက် ဖို့ ကိစ္စ ကိုတော့ ပိတ်ပင် သွားမှာပါ။မကြာ သေးမီ သီတင်းပတ် တွေ တုန်းကလည်း  တရုတ်က အစ ပြု လိုက် တဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ဟောင် ကောင် အ ရေး နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ပေါ် လစီ ကိစ္စ တွေ နဲ့ ပတ်သက်ပြီး နှစ် နိုင်ငံ ခြား ပြစ်တင် ရှုတ်ချတာ၊သ ဘော ထားကွဲလွဲ တာတွေ ရှိခဲ့ ပါ သေးတယ်။

READ
ပေ 80 အနက်ရှိ ရေတွင်းထဲ ပြုတ်ကျတဲ့ခြင်္သေ့ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရ
Image:wikimedia commons

ဇွန် (၁၆)က စပြီး တရုတ် လေ ကြောင်းလိုင်း တွေ ကို ၀င် ခွင့်မ ပေးတော့ဘူး ဆိုပေမယ့်လည်း  လေ ကြောင်း ခရီး သွားလာ ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်း လုပ် ဆောင်မှုတွေ ကိုတော့ ဆက်လုပ် မယ်လို့ အ မေရိကန် ဘက်က ဆိုပါ တယ်။အ မေရိကန် သယ်ယူပို့ ဆောင် ရေး ၀န်ကြီး ဌာနက တော့ အခု တားမြစ် ချက်မှာ တရုတ်   လေ ကြောင်း လေးခု ဖြစ် တဲ့ Air China, China Eastern Airlines, China Southern Airlines ၊ Hainan Airlines   တို့ ပါဝင် မယ်လို့ ဆိုပါတယ်။အဲ့ဒီ လေ ကြောင်းလိုင်း လေးခု က တော့ ကပ် ရောဂါကာလ မှာတောင်မှ  ပြေးဆွဲ မှု အ ခေါက် ရေ လျှော့ ချ တာ က လွဲပြီး ပြေး ဆွဲ မှုတွေကိုတော့ ဆက်လုပ် နေခဲ့တဲ့ လေ ကြောင်းလိုင်းတွေပါ။

Image:wikimedia commons

တရုတ် လေ ကြောင်းလိုင်းတွေ ကို ပိတ်ပင်မယ့် ကိစ္စ နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် ဆီက နောက်ဆုံး အတည်ပြု ချက် ရယူ ဖို့ တော့ လို အပ် နေပါသေးတယ်။ထရမ့်က တရုတ်ရဲ့ ကုန်သွယ် ရေးက မမျှ တ ကြောင်း ဝေဖန် ပြော ဆိုခဲ့ဖူုးပါတယ်။ဒါ့အပြင် ကိုရိုနာ  နဲ့ ပတ်သက်ပြီး တရုတ် ကို ပြစ်တင် ဝေဖန် ခဲ့ကာ ၊ဟောင်ကောင် ဆန္ဒပြ မှု တွေ နဲ့ ပတ်သက်ပြီး လည်း ဝေဖန် လာခဲ့သူမို့ နောက်ဆုံး အတည်ပြု ချက်ကို တော့ လက်ခံ ပေးဖို့ က ရာခိုင်နှုန်း များပါ တယ်။ဝါရှင် တန် မှာရှိတဲ့ တရုတ် သံရုံး ကတော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဘာမှ တုံ့ပြန် ပြောဆိုတာမျိုး တော့ မရှိ သေးပါဘူး။အ မေရိကန် အာဏာ ပိုင်တွေ က တော့ ဒီလို လုပ်တာက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ် ချင်တာ ဖြစ်ပြီး တခြား လေ ကြောင်းလိုင်းတွေ ကိုလဲ အခုလိုပဲ ပိတ် ပင် သွားမှာပါ ဆိုပြီး ပြောခဲ့ဖူးတာတော့ရှိပါတယ်။

#SHWEMOM

SHARE