ထူးကဲနေတဲ့ပစ္စည်းတွေကြောင့် ကျော်ကြားနေရတဲ့ အမေရိကန်မှနယ်မြို့လေး (၅) မြို့

Filkr

မြို့တော်တော်များများကတော့ သူတို့ရဲ့ ထူးခြားလှပတဲ့ မြေနေရာကြောင့်တို့ အဆောက်အအုံကြောင့်တို့စသည်ဖြင့် လူသိများလေ့ရှိပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် နယ်မြို့လေးတွေကတော့ မြို့တွင်းက သာမန်မဟုတ်ဘဲ ထူးခြားတဲ့အရာတွေကြောင့် ထင်ရှားတဲ့မြို့လေးတွေပါ။ တချို့မြို့လေးတွေဟာ လူဦးရေနည်းပြီး ခရီးသွားများလာရောက်မှုနည်းပါးပေမယ့် လူအများရဲ့ပါးစပ်မှာ ပြောစမှတ်တွင်နေတဲ့မြို့လေးတွေပဲပါ။

(၁) Riverside, Iowa – The Future Birthplace of Captain Kirk

Eduard/Filkr

Star Trek ရုပ်ရှင်ကားထဲက James T.Kirk ကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ ရုပ်ရှင်အရ James T.Kirk ကို အိုင်ဝိုဝါမှာမွေးတယ်လို့ ဖော်ပြပေမယ့် ဘယ်မြို့မှန်း တိတိကျကျဖော်ပြခြင်း မရှိတာတောင်မှ Riverside မြို့လေးမှာ USS Enterprise Captain ဖြစ်လာမယ့် James T.Kirk မွေးလာမယ့် (၂၂၂၈) ခုနှစ်ကို ကြိုပြီး ကြိုဆိုထားတယ်လို့ ဆိုနိုင်တဲ့ဆိုင်းဘုတ်ကို ထားရှိထားပါတယ်။ မွေးနေ့လို့ရေးထားတဲ့ မတ်လ (၂၂) ရက်နေ့မှာလည်း မြို့ခံများက Trek Fest လို့ခေါ်တဲ့ ပွဲလမ်းသဘင်ကို ကျင်းပလေ့ရှိပါတယ်။

(၂) Clarksdale, Mississippi – The Devil’s Crossroads

Art DiTommaso/Filkr

Blue တေးဂီတမှာ တစ်ဖက်ကမ်းခတ်ဆရာကျတဲ့ Robert Jonson ရဲ့အကြောင်း ကြားဖူးကြတယ်မဟုတ်ပါလား။ ဂီတနဲ့ သူ့ဝိဥာဉ်ကို နတ်ဆိုးဆီမှာ အလဲအလှယ်လုပ်ပြီး ယူခဲ့တယ်ဆိုပြီးတော့။ တကယ်မှတ်လားမမှန်လားဆိုတာတော့ အခုအချိန်ထိ ဘယ်သူမှသေချာမသိပေမယ့် Robert Jonson ဆိုတာနဲ့ ဒီအကြောင်းကိုပါ တွဲမြင်နေကြပါတယ်။ Clarkdale ဆိုတဲ့မြိုကလေးကတော့ သူနဲ့နတ်ဆိုးနဲ့ အပေးအယူလုပ်ခဲ့တဲ့နေရာလို့ အမည်တွင်ခဲ့တဲ့ နေရာပဲဖြစ်ပါတယ်။ အဝေးပြေးလမ်းမ (၆၁) နဲ့ (၄၉) ကြား၊ Devil’s Crossroads လို့ အမည်တွင်ခဲ့ပြီး Blue တေးဂီတတွေအခုအချိန်အထိ အသက်ဝင်နေတဲ့ နေရာပဲဖြစ်ပါတယ်။

READ
သည်းထိတ်ရင်ဖို ရသအပြည့်နဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး တောက်တက်လမ်း

(၃) Centralia, Pennsylvania – The Ghost Town That Inspired A Horror Film

Kelly Michals/Filkrs

ဒီမြို့လေးကတော့ သရဲကားတွေ တော်တော်များများ မှီငြမ်းရိုက်ကူးထားတဲ့ မြို့လေးပါ။ မြို့ထဲမှာရှိတဲ့ ကျောက်မီးသွေးတွင်းကြီးဟာ ၁၉၆၀ ခုနှစ်လောက်ကစပြီး မြေအောင်လောင်မြိုက်မှုဖြစ်ကာ မီးခိုးငွေတွေ မြေကြီးထဲက ထွက်နေလေ့ရှိပြီး တချို့နေရာတွေမှာ မီးတောက်တွေပါထွက်နေတာကြောင့် “City that Burns” လို့ လူသိများပါတယ်။ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုဖြစ်စေတဲ့အတွက် မြို့လေးမှာ လူမနေနိုင်ဘဲ ရွှေ့ပြောင်းခဲ့ရပါတယ်။ Silent Hill ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ Centralia မြို့လေးကို မှီးပြီးရိုက်ကူးထားတာပါ။

(၄) Scottsboro, Alabama – Unclaimed Baggage Capital of the World

READ
ထောင်အတွေ့အကြုံ လိုချင်သူတွေအတွက် သီးသန်ဖွင့်လှစ်ထားတဲ့ ထောင်ဟိုတယ်
Jon Fidler/Filkr

Unclaimed Baggage Capital လို့ အမည်တွင်သလိုပဲ ပျောက်သွားတဲ့ ခရီးဆောင်အိတ်တွေ၊ ပိုင်ရှင်မဲ့ ခရီးဆောင်အိတ်တွေဟာ Scottsboro မြို့သို့ရောက်သွားပြီး အိတ်ဖွင့်ကာ အရောင်းအဝယ်ပြုလုပ်ကြပါတယ်။ ခ
ရီးဆောင်အိတ်တွေဆိုတော့ အကျီင်္အသုံးအဆောင်တွေ ချည်းပဲမို့လို့ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်ရပေမယ့် တစ်ခါတစ်လေမှာတော့ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ပါလာတတ်ပါတယ်။ တစ်ခါတုန်းက အီဂျစ်တွေရဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ (၅.၈) ကာရက်ရှိတဲ့ လက်စွတ်တစ်ကွင်းတို့ ပါလာခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

(၅) Whittier, Alaska – The Town Under One Roof

Bill Crease/Filkr

မြို့တိုင်းနီးပါးမှာတော့ မြို့ခံတွေဟာ အိမ်တွေသီးခြားနေကြပေမယ့် Whittier မြို့မှာတော့ တစ်မြို့လုံးကလူတွေဟာ တစ်မိုးအောက်တည်းမှာ အတူတကွနေထိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်မြို့လုံးမှာ အိမ်တစ်အိမ်တည်း ရှိနေလို့ပါ။ (၁၄) ထပ်ရှိတဲ့ ကွန်ဒိုသဘောမျိုးဖြစ်ပြီး Brgich Towers လို့ခေါ်ပါတယ်။ အဆောက်အဦးဟာ လူနေအိမ်ခန်းတွေအပြင် ဘုရားကျောင်း၊ ရဲစခန်း၊ စတိုးဆိုင်နဲ့ စာတိုက်တို့ပါ ပါပါတယ်။

Source: Elite Readers

Penny

 

SHARE