လူတော်တော်များများဟာ ကပ်ရောဂါကြောင့် အိမ်ထဲမှာ လပေါင်းများစွာပိတ်လှောင်နေရတဲ့အတွက် ခရီးသွားလိုစိတ်တွေပြင်းပြနေပါတယ်။ ဒါပေမဲ့ ထင်ရှားသူဆယ်လီအချို့ကတော့ လုပ်ငန်းကြောင့်ဖြစ်စေ၊ အပျော်ခရီးကြောင့်ဖြစ်စေ Maldives သွားလိုက် ဟိုသွားဒီသွားလိုက်နဲ့ ကြည့်ရတာ အားကျစရာပါ။ အများစုက အခုအချိန်မှာ ခရီးသွားလို့မရသေးဘူး တရားမဝင်ဘူးလို့ ဆိုနေကြပေမယ့် မွမ်ဘိုင်းအခြေစိုက်ကုမ္ပဏီတစ်ခုကတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးခရီးစဉ်ကို စတင်လျက်ရှိနေပါပြီ။
You’ve got questions, we’ve got answers. Angela Hwang, our Group President, Biopharmaceuticals, answers questions on our #COVID19 vaccine candidate.
Kicking off the , Q: What is the status of the Pfizer and BioNTech investigational COVID-19 vaccine candidate? (1/7)
— Pfizer Inc. (@pfizer) November 25, 2020
အဆိုပါ ကုမ္ပဏီဟာဆိုရင် Covid-19 ကာကွယ်ဆေးထိုးနှံမယ့်သူတွေကို အမေရိကန်ဆီ လေကြောင်းလိုင်းကနေတဆင့် ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီဟာ WhatsApp ကနေပြီး လူတွေကို ၄င်းတို့ရဲ့ကာကွယ်ဆေးထိုးနှံရေးခရီးစဉ်အကြောင်း စာပို့ခဲ့တာပါ။ “Pfizer ကာကွယ်ဆေးက ခန့်မှန်းခြေ ဒီဇင်ဘာ၁၁ ရက်မှာ အမေရိကန်မှာတရားဝင်ရောင်းချပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ VVIP clients တွေအတွက် ယူပေးဖို့အဆင်သင့်ပါပဲ။” လို့ ဖော်ပြထားပါတယ်။
Say hello to “vaccine tourism”. @itsdeepakjain pic.twitter.com/wCV4hBWRMf
— Radhika Gupta (@iRadhikaGupta) November 23, 2020
ခရီးစဉ်တစ်လုံးမှာတော့ မွမ်ဘိုင်းကနေ နယူးယောက်အသွားအပြန်နဲ့ နံနက်စာ၊ ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် သုံးညအိပ် လေးရက်ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်အတွက် စုစုပေါင်း ရူပီး(၁.၇၅) သိန်းကျသင့်မှာပါ။ “ကျွန်တော်တို့မှာ ကာကွယ်ဆေးမရှိပါဘူး။ ဘယ်လိုကာကွယ်ဆေးကိုမှလည်း အရောင်းအဝယ်မလုပ်ပါဘူး။ အားလုံးကို အမေရိကန်ဥပဒေထဲကနေပဲ စီစဉ်ပါတယ်။” လို့လည်း ကုမ္ပဏီက ဖော်ပြထားပါတယ်။
Thank you for promoting #vaccine tourism, every life is important, stay away from false news, have a look at the disclaimer https://t.co/GnnqfXaInE pic.twitter.com/5aYL3rhwSp
— Gem Travels (@Gem_Travels) November 24, 2020
ဒါ့ပြင် ကုမ္ပဏီက လောလောဆယ်တော့ ငွေတွေကိုလက်ခံဦးမှာမဟုတ်ကြောင်းနဲ့ ခရီးစဉ်မှာလိုက်ပါမယ့်သူတွေရဲ့ အချက်အလက်အနည်းငယ်သာ လိုအပ်တယ်လို့ ပြောထားကြောင်းလည်း storypick သတင်းအရ သိရပါတယ်။
ShweMom