မျက်လုံး ပင်ပန်း ညောင်းညာမှုတွေကို ပျောက်ကင်းစေမယ့် နည်းလမ်း(၅)မျိုး

Image:unsplash /William Iven/youtube screenshot

ဖုန်း တွေ၊ကွန်ပျူတာတွေ ပဲ တစ်ချိန်လုံး ထိုင်ကြည့်နေရင်တော့ သေချာပေါက် ကို မျက်လုံးထိ ခိုက် ပျက်စီး မှာပါ။ ဖုန်း တွေ အကြာကြီး ကြည့်မိလို့ အမြင်အာရုံ တွေေ၀၀ါး သွားတာမျိုး၊မျက်လုံး တွေ အောင့်လာတာ၊မျက်လုံး တွေ စပ် လာ တာမျိုး တွေ နဲ့ ကြုံဖူးကြမှာပါ။ဒီလို ခံစားနေရပြီဆိုရင်တော့ တက်နိုင်ရင် တော့ ဖုန်း ကြည့်တာ တွေ ခဏ နား စေချင် ပါတယ်။မနားရင်တောင် မှ လျှော့ ကြည့်ပါ။အောက်မှာ ဖော်ပြထားတဲ့ မျက်လုံး လေ့ကျင့်ခန်းတွေ ကိုလဲ ပုံမှန် လုပ် ပေးပါ။

(၁)20-20-20

Image:pixabay/StockSnap

(၂၀-၂၀-၂၀) ဆိုတော့ ဘာကြီးလဲ ဆိုပြီး တစ်မျိုး ထင်သွားနိုင်ပါတယ်။ဒါက ဘာကို ပြောတာလဲ ဆိုရင်တော့  ဖုန်းနဲ့ ကွန်ပျူ တာ တွေကို အနီးကပ် အကြာကြီး ကြည့်တာများရင် အဝေးမှုန် ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်လုံး အမြင် အာရုံ ကောင်းလာအောင် ဒီနည်းကို လုပ်ပေးပါ။ဘာလုပ်ရမှာလဲ ဆိုရင်တော့ ဖုန်းမှာ မိနစ် (၂၀) Alarm ပေး ထားပါ။ မိနစ် (၂၀) ပြည့်တာနဲ့ စက္ကန့် (၂၀) လောက် အချိန် ပေးပြီး ပေ (၂၀) အကွာ အဝေး ကို ကြည့်ပေးပါ။အလွယ် ပြော ရရင် တော့ ဖုန်း (သို့) ကွန်ပျူတာ ကြည့်တာ အချိန် ကြာလာပြီဆိုတာနဲ့ အိမ်ပြင် ဘက်ကို ထွက်ပြီး ဟိုး အဝေး ကြီး ကို စက္ကန့် (၂၀) လောက် ငေး ကြည့်ပေးရမှာပါ။မျက်လုံးအမြင်အေး စေတဲ့ အပင်စိမ်းစိမ်း လေးတွေ ကို ကြည့် ပေးရင် ပို ကောင်းပါတယ်။မိနစ် (၂၀) ကို ဈေးဆစ်ချင် တယ်ဆိုရင်လည်း အနည်းဆုံး တော့ တစ်နာရီ တစ်ခါ လောက် Alarm ပေးပြီး အဝေးကို တစ်မိနစ် လောက် အချိန် ပေးပြီး ကြည့်ပေးနော်..။

READ
ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်

(၂)မျက်လုံး ကစားလိုက်

Image:pinterest/instructables

ငယ်ငယ်က ကျောင်းသားဘ၀ မှာ အဲ့ဒီလို မျိုး ကစားဖူးကြမှာပါ။မျက်လုံး ကို အ ပေါ် အောက် ဟိုဘက်  ဒီဘက် ဘေး ပတ်လည် စုံအောင် ကစားတာပါ။အဲ့ဒါကလည်း မျက်လုံး အမြင်အာရုံကို ကောင်း စေတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။မျက်လုံး ကို ချာချာလည်အောင် စက္ကန့် (၂၀) (၃၀) လောက် ကစားပေးပါ။

(၃)မျက်လုံးကို နှိပ် ပေးပါ

Image:pinterest/eyelidslift.com

ဒါက တော့ အရမ်းကို လွယ်တဲ့ မျက်လုံး လေ့ကျင့်ခန်းပါ။မျက်လုံးကို အရင်ပိတ် လိုက်ပါ။ပြီးရင်တော့ လက် ချောင်း လေးတွေကို မျက်လုံး အပေါ်မှာ အုပ်မိုးပြီး ဖြည်းဖြည်း ချင်း ညင်သာစွာ ပွတ် ပေး၊ဖိ ပေး ရမှာပါ။ဖြည်းဖြည်း ချင်း စက္ကန့် (၂၀) (၃၀) လောက် လုပ်ပေးပါ။ပြီးရင်တော့ မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးပါ။စ ဖွင့်ခါ စမှာတော့ အမြင် အာရုံတွေ နည်းနည်းေ၀၀ါး  နေနိုင်ပါတယ်။စိတ်မပူပါနဲ့။ဖြည်းဖြည်းချင်း ကြည်လာမှာပါ။ဒီလို လေ့ကျင့်ခန်း  ကို တော့  (၁၀) ကြိမ် လောက် လုပ်ပေးပါ။

READ
ကမ္ဘာ့ဆေးဘက်အ၀င်ဆုံး ပရဆေး နနွင်းအကြောင်း

(၄)လက်မကို စိုက်ကြည့်တဲ့ လေ့ကျင့်ခန်း

Image:pinterest/wikihow

အလွယ်ဆုံး လေ့ကျင့်ခန်းတွေ ထဲက တစ်ခုပါ။ဘယ်မှ သွားစရာမလို ထိုင်ရာ မထ ပဲနဲ့ ဒီလေ့ကျင့်ခန်းကို လုပ်လို့ ရပါတယ်။ဖုန်း (သို့) ကွန်ပျု တာကို ကြည့်တာ များလာပြီဆိုရင် တော့  ထိုင်ခုံ ပေါ်မှာ ခါးကို မတ်မတ် ဆန့်ပြီး ထိုင် လိုက်ပါ။ပြီးရင်တော့ လက်မကို ရှေ့ ထုတ်လိုက်ပါ။ထုတ်လိုက်တဲ့ လက် မကို မျက်လုံး နဲ့ လိုက်ကြည့် ပေးရုံပါ။ ပြီးရင် တော့  လက် ကို ကွေးပြီး လက်မကို မျက်လုံး နဲ့ နီး အောင် ရွှေ့လိုက်ပါ။အခုလို မျိုး လေး ခဏခဏ လုပ် ပေးပါ။

(၅)ကွမ်းရွက် ကပ်ေ ပးပါ

ဒီနည်း လေး ကတော့ မြန်မာ့ နည်း မြန်မာ့ ဟန်လေးပါ။ကိုယ်တိုင်လည်း မျက်လုံး ညောင်းလာရင် လုပ်ဖြစ် တဲ့ နည်းေ လးပါ။မျက်လုံး ညောင်းတာမျိုး၊မျက်လုံး အောင့်တာမျိုး၊အမြင်အာရုံ ဝေ ၀ါးနေပြီဆိုရင် ဒီနည်းလမ်းကို သုံးပေးပါ။အ ရင်ဆုံး ကွမ်းရွက်ကို ရေစင် အောင် ဆေးလိုက်ပါ။ပြီးရင်တော့ မျက်လုံး ပေါ်မှာ (၁၀)မိနစ် (၁၅)မိနစ် လောက် အုပ် ပေးပါ။ဒီနည်း လေးကိုတော့ တစ်နေ့မှာ နှစ်ကြိမ်၊သုံးကြိမ် လောက် လုပ် ပေးပါ။မျက်လုံး ညောင်းတာတွေ သိသိသာ သာ သက် သာ သွားပါလိမ့်မယ်။

Ref:medicalnewstoday

SHARE