သင့်နေ့စဉ်ဘ၀ကို ပိုမိုကောင်းမွန်စေမယ့် နနွင်းရဲ့ အံ့အားသင့်ဖွယ် စွမ်းပကားများ

နနွင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သိရှိထားကြပါတယ်။ သို့သော်လည်း နနွင်းမှာ လူမသိသေးတဲ့ အစွမ်းထက် အသုံးဝင်ပုံတွေနဲ့ အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ ပျိုမေတို့ရဲ့ ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဘ၀ကို ကူညီပေးမယ့် နနွင်းရဲ့ အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်ခြံပျောက်စေခြင်း။

သျှားစောင်းလက်ပတ်အရည် လက်ဖက်ရည်ဇွန်း(၁)ဇွန်းနဲ့ နနွင်း လက်ဖက်ရည်ဇွန်း(၁/၄)ဇွန်းကို ရောမွှေပြီး ၀က်ခြံဖြစ်တဲ့နေရာကို လိမ်းထားပါ။ (၁၀)မိနစ် (၁၅)မိနစ်ခန့် ကြာတဲ့အခါ ရေနဲ့ဆေးချပါ။ တစ်ပတ်လျှင် သုံးကြိမ်ခန့် ပြုလုပ်ရုံနဲ့ သိသာတဲ့ အစွမ်းကို တွေ့ရှိရပါလိမ့်မယ်။

သွားများကို ဖြူဖွေးစေခြင်း။

သွားပွတ်တံကို နေကြာဆီ သို့မဟုတ် သံလွင်ဆီထဲမှာ နှစ်လိုက်ပြီး ထောင်းထားတဲ့ နနွင်းမြစ်အမှုန့်တွေနဲ့ လူးလိုက်ပါ။ သုံးမိနစ်လောက်ကြာအောင် သွားတိုက်ပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးပြီး ဖြူဖွေးသန့်စင်တဲ့ သွားများကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အအေးမိဝေဒနာကို သက်သာစေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို နှမ်းကြတ်ဆီ တစ်ဖန်ခွက်နဲ့ ရောမွှေပြီး အနံ့ပြင်ပြင်း ထွက်လာသည်အထိ အပူပေး ပါ။ ထိုအနံ့ကို တစ်မိနစ်မှ နှစ်မိနစ်အထိ ရှုပေးပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အအေးမိဝေဒနာကို သက်သာစေနိုင်ပါတယ်။

ဆံပင်သန်စေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ဟင်းရွက်ဆီ 50 ml နဲ့ သမအောင်မွှေပြီး ဆံပင်အရင်းပိုင်းမှာ သုတ်လိမ်းပေးကာ မိနစ်သုံးဆယ်ခန့် ထားထားပါ။ ထို့နောက် ရေနဲ့ ဆေးချပါ။ တစ်လလျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးခြင်းအားဖြင့် ဆံပင်သန်စေနိုင်ပါတယ်။

READ
စူပါဦးနှောက်နဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ချင်ရင် မနက်တိုင်း စားပေးသင့်တဲ့အစားအစာ

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။

ရေအေးတစ်ဖန်ခွက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ပါးပါးလှီးထား တဲ့ သံပုရာသီးတစ်ကွင်းကို ရောစပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် စိတ်ကြည်လင်စေပြီး ဦးနှောက်စွမ်းရည်ကို ထက်မြက်စေပါတယ်။ တစ်နေ့လျှင် တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ သို့သော် အစာအိမ်ရောဂါရှိသူများအတွက် မသင့်လျော်ပါ။

အဆစ်နာခြင်းကို သက်သာစေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ထုချေထားတဲ့ ကြက်သွန်ဖြူ ၂မွှာ၊၃မွှာကို ရောစပ်ပြီး နာကျင်နေတဲ့ အဆစ်နေရာကို အသားထဲစိမ့်ဝင်အောင် လိမ်းပြီး ၁၅မိနစ်၊ မိနစ် ၂၀ လောက် ထားထားပါ။ နှစ်ပတ်တိတိ နေ့စဉ်ရက်ဆက် ပြုလုပ်ပေးခြင်းအားဖြင့် အဆစ်အမြစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေ ပါလိမ့်မယ်။

ဝိတ်ကျစေခြင်း။

နွားနို့ တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီး သောက်သုံးပေးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်တိုးတက်စေပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ မနက်ခင်းတိုင်းနဲ့ ညနေခင်းတိုင်း တစ်ခွက်စီ သောက်သုံးပေးနိုင်ပါတယ်။

အနာကျက်စေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ညက်အောင်ထောင်းထားတဲ့ ချင်း လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေအနည်း ငယ်ကို ရောစပ်ပြီး ဖြစ်ပွားတဲ့နေရာကို လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ နနွင်းဟာ အပူလောင် နာ၊ ထိခိုက်ရှနာနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့အစွမ်း ရှိပါတယ်။ တစ်နေ့လျှင် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

READ
HIV ဗိုင်းရပ်စ်ကို မကြာခင် အမြစ်ပြတ်သုတ်သင်နိုင်တော့မည်ဖြစ်ကြောင်း သိရ

လည်ချောင်းနာခြင်းကို သက်သာစေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေနွေးပူပူတစ်ခွက်နဲ့ ရောစပ်ပြီး ပလုပ်ကျင်းပေးပါ။ တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် လည်ချောင်းနာခြင်းကို ထိထိရောက်ရောက် သက်သာစေနိုင်ပါလိမ့်မယ်။

အသားအရေကို ပြန်လည်နုပျိုစေခြင်း။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို မျက်နှာမှာ လိမ်းကျံထားပေးပြီး ရေနွေးငွေ့နဲ့ ပေါင်းတင်ပေးပါ။ ၁၀မိနစ် ၁၅မိနစ်ခန့် ကြာတဲ့အခါ ရေနဲ့ ဆေးချပါ။ နှစ်လခြား တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း။

 

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁/၄)ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကို စွပ်ပြုတ်များ၊ အသုတ်များတွင် ထည့်သွင်းစားသုံးခြင်း သို့မဟုတ် လက်ဖက်စိမ်းအရည်တွင် ထည့်သွင်းသောက်သုံးခြင်း အားဖြင့် ကင်ဆာရန်မှ ကင်းဝေးစေနိုင်ပါလိမ့်မယ်။ တတ်နိုင်သမျှ မကြာခဏဆိုသလို သောက်သုံးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း။

နနွင်းမှုန့် (၁/၃)ခွက်နဲ့ ရေ (၂/၃)ခွက်တို့ကို ရောမွှေပြီး အိုးထဲမှာ ဆယ်မိနစ်ခန့် အပူပေးပါ။ ထို့နောက် လေလုံပြီး ပိုးသတ်ထားတဲ့ ဖန်ပုလင်းတစ်ခုထဲမှာ ထည့်သိမ်းပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ နွားနို့ပူပူခွက်ထဲကို ထိုချက်ထားတဲ့ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊နှစ်ဇွန်းခန့်နဲ့ ပျားရည်အနည်းငယ်ကို ထည့်ဖျော်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ကြိမ် သောက်သုံးနိုင်ပြီး ဖျားနာနေပါက သုံးနာရီ၊ လေးနာရီခြား တစ်ခါ သောက်သုံးပေးနိုင်ပါတယ်။

Nilar (shwemom)

SHARE