ကိုဗစ်မွှေလိုက်တာ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရေးတွေစတဲ့ အရေးတွေကို ကမောက်ကမဖြစ်စေရုံသာမကဘဲ ချစ်ရသူတွေနဲ့ပါ ခွဲခွာရ၊ တစ်သီးတစ်ခြားစီနေရနဲ့ တော်တော်လေးကို ဒုက္ခများနေခဲ့ကြပါတယ်။
Buzz Feed မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ အမျိုးသားတစ်ဦးဟာ မိသားစုဝင်တွေနဲ့ ပွေ့ဖက်ဖို့အတွက် ကိုဗစ်မကူးနိုင်မယ့် နည်းလမ်းလေးကို ရှာတွေ့ရင်း ကိုယ်တိုင်လုပ်ခဲ့တဲ့အကြောင်းလေးပါ။ Tiktok ဗီဒီယိုလေးတစ်ခုမှ ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

@nmt0329 ဆိုတဲ့ Tiktok account ကနေပြီး ဗီဒီယိုလေးတစ်ခုတင်လာခဲ့ပါတယ်။ အဲဒီ account ပိုင်ရှင်ရဲ့ ဦးလေးဟာ ကိုဗစ်ကြောင့်ဆုံးပါးသွားခဲ့တာပါတဲ့။ ဦးလေးနဲ့အတူတူ account ပိုင်ရှင်ရဲ့ ဖခင်ဟာလည်း quarantine ဝင်နေရတာဖြစ်ပါတယ်။ ဦးလေးဆုံးပြီဖြစ်ကြောင်း ကျန်တဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့ရပါတယ်။
ခင်ပွန်းဆုံးရှုံးသွားရလို့ ပူဆွေးနေတဲ့ ဦးလေးရဲ့ ဇနီးကို နှစ်သိမ့်ပေးချင်တာတောင် ကိုယ်တိုင် quarantine ဝင်နေရတဲ့အတွက် account ပိုင်ရှင်ရဲ့ ဖခင်ဟာ တစ်ခုခုကို တွေးခဲ့ပါတယ်။ အဲဒါကတော့ ပလတ်စတစ်တွေကို သုံးဖို့ပါပဲ။ ပလတ်စတစ်အကာတွေကို ကာချလိုက်ပြီး လက်နှစ်ဖက်ထုတ်စရာအပေါက်လေးကို သေချာလေးဖောက်ကာ လက်နေရာတွေကိုလည်း သေချာလုံအောင် ဖန်တီးခဲ့ပါတယ်။


ပလတ်စတစ်ပြားတစ်ခုလေးခြားပြီးတော့ ပွေ့ဖက်မှုကို ပြုလုပ်ခဲ့ရတာပါ။ ရောဂါမကူးဖို့အတွက် အတတ်နိုင်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းလေးတစ်ခုကို တီထွင်ခဲ့တာပါ။ ဒါလေးကတော့ မူရင်းဗီဒီယိုလေးပဲဖြစ်ပါတယ်။
@nmt0329Yesterday my uncle passed away. Due to COVID my dad and aunt don’t have the option to grieve together so he made this. ##covid19 ##foryou♬ original sound – Nmt0329
penny