နိုင်ငံတွင်းမှာ ပိုးကူးခံရရင် လျောကြေးငွေပေးမယ်ဆိုပြီး ကြေငြာခဲ့တဲ့ Uzbekistan နိုင်ငံ

Shutterstock- Sergey Dzyuba

ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် နိုင်ငံတိုင်းလိုလိုဟာ ပြည်ပဝင်ရောက်ခွင့်တွေ ပိတ်ထားခဲ့တဲ့အတွက် အထိခိုက်ဆုံးကတော့ ခရီးသွားလုပ်ငန်းတွေပါပဲ။ တချို့သော ခရီးသွားလုပ်ငန်းတွေဆိုရင် ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့အတွက်ကြောင့် ပိတ်သိမ်းပစ်ရတဲ့အထိကို ဆိုးဆိုးရွားရွားထိခိုက်နေတာပါ။

ရောဂါပိုးရှိနေတဲ့နိုင်ငံတွေကတော့ ခရီးသွားလာမှုတွေ ကန့်သတ်ထားတာ နည်းလမ်းမှန်ပေမယ့်လို့ တချို့သော ရောဂါပိုးကင်းရှင်းတဲ့နိုင်ငံတွေအတွက်တော့ တော်တော်လေးကို ထိခိုက်နေတဲ့အနေအထားတစ်ခုပါပဲ။ အဲဒီနိုင်ငံလေးတွေ Uzbekistan လည်း အပါအဝင်ပါပဲ။

Shutterstock- Marina Rich
Shutterstock- monticello

ခရီးသွားလုပ်ငန်းဟာ Uzbekistan မှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် တည်ရှိနေတာပါ။ အာရှအလယ်ဗဟိုမှာရှိနေပြီး ကိုဗစ်ကာလမှာတောင် ပြည်ဝင်ခွင့်ကိုဖွင့်ထားခဲ့ပေမယ့်လည်း လာရောက်လည်မပတ်မယ့်လူ မရှိကြပါဘူးတဲ့။ ဒါကြောင့် ခရီးသွားလုပ်ငန်းရေးရာကနေပြီး ကမ္ဘာအနှံ့ကိုကြေငြာခဲ့ပါတယ်။ အကြောင်းအရာကတော့ သူတို့နိုင်ငံကိုလာလည်ခဲ့လို့ ပိုးဝင်သွားမယ်ဆိုရင် ဒေါ်လာ ၄၃၇၀ ပေးပြီး ပြန်လည်ကောင်းမွန်တဲ့အထိ အပြည့်အဝတာဝန်ယူပါမယ်လို့ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီလိုကြေငြာလိုက်တာဟာ Uzbekistan ဖက်ကနေပြီး ကိုဗစ်ကင်းစင်တဲ့အပေါ် သိပ်ကိုယုံကြည်စိတ်ချရတယ်ဆိုပြီးတော့ ကြေငြာလိုက်တာပါပဲ။

Shutterstock- Iryna Hromotska

Penny

SHARE