လူတိုင်းဆင်နွှဲနေတဲ့ Valentine’s Day ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

PoddlesRock/Corbis

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရိ (၁၄) ရက်နေ့ရောက်ပြီဆိုတာနဲ့ ကမ္ဘာကြီးရဲ့ရှုခင်းဟာ ပန်းစည်းတွေ၊ လက်ဆောင်တွေ၊ ချောကလတ်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီလိုအထိန်းအမှတ်ကို သူတော်စင် Valentine ရဲ့ နာမည်ကို အသုံးပြုကာ Valentine’s Day ခေါ် ချစ်သူများနေ့အဖြစ် ကျင့်ပပြုလုပ်လျက်ရှိပါတယ်။

သူတော်စင် Valentine ဆိုတာ ဘယ်သူလဲ၊ Valentine’s Day ကရော ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာတွေ သိပြီးကြပြီလား။

PoddlesRock/Corbis

တော်တော်များမျာျးကတော့ Valentine’s Day ဟာ သူတော်စင် Valentine ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတယ်ဆိုတာ သိကြပေမယ့် တကယ့်သမိုင်းကြောင်းကိုတော့ ထဲထဲဝင်ဝင်မသိတာတွေလည်း ရှိနေပါတယ်။ Valentine’s Day ဟာ ခရစ်ယာန်သမိုင်းကြောင်းနဲ့ ဆက်စပ်နေပြီး ကတ်သလစ်အယူဝါဒအရ ဒဏ္ဍာရီဇာတ်လမ်း အနည်းဆုံးသုံးမျိုးသုံးစားရှိနေပါတယ်။

ဒဏ္ဍာရီထဲမှာ သူတော်စင်ရဲ့ နာမည်ကို Valentine သို့မဟုတ် Valentinus လို့ နှစ်မျိုးနှစ်စားဖော်ပြထားပါတယ်။ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်မှာတော့ သူတော်စင် Calentine ဟာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ရောမ (၃) ရာစုနှစ်မှာ ရှိခဲ့ပါတယ်။ အင်ပါယာဘုရင် Claudius II လက်ထက်မှာတော့ ရောမတစ်ခွင်လုံးက ငယ်ရွယ်သူတွေအတွက် တုန်လှုပ်စေတဲ့ သတင်းဆိုးအမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအမိန့်ကတော့ အမျိုးသားများအိမ်ထောင်ပြုပြီး မိသားစုတာဝန်ကို ထမ်းဆောင်ခြင်းထက် စစ်တပ်ထဲဝင်ပြီး စစ်တိုက်တာဟာ တိုင်းပြည်ကို ပိုအကျိုးပြုစေတယ်လို့ ထင်မြင်ယူဆခဲ့ကာ အိမ်ထောင်မရှိတဲ့ လူရွယ်များကို အိမ်ထောင်ပြုခွင့်မပေးတောဘဲ တပ်ထဲကိုအတင်းဝင်ခိုင်းခဲ့ပါတယ်။

ဒီဥပဒေကိုမတရားဘူးထင်ကာ ဆန့်ကျင်ခဲ့သူကတော့ ဘုန်းတော်ကြီး Valentine ပဲဖြစ်ပါတယ်။ သူဟာ လူရွယ်များချစ်သူနဲ့ မကွင်းကွာစေရန်၊ စိတ်ဆန္ဒမပါဘဲ တပ်ထဲမဝင်စေရန်အတွက် သူကျောင်းထိုင်တဲ့ဘုရားကျောင်းမှာ ချစ်သူတွေကို တိတ်တဆိတ်လက်ထပ်ပေးခဲ့ပါတယ်။ ဒီအကြောင်းတွေကို  ဘုရင် Claudius II သိသွားတဲ့အချိန်မှာတော့ အာဏာဖီဆန်မှုဖြင့် ဘုန်းတော်ကြီး Valentine ကို ကွပ်မျက်ခဲ့ပါတယ်။

READ
ဆယ်လ်ဖီပုံအလန်းစားထွက်အောင်ရိုက်နည်း ၁၅နည်း

နောက်ထပ် ဒဏ္ဍာရီဇာတ်လမ်းတစ်ခုမှာတော့ Valentine ဟာ သာမန်လူတစ်ဦးဖြစ်နေပြန်တယ်။ သူဟာ ညှင်းပန်းနှိပ်စက်လွန်းတဲ့ ရောမအကျဉ်းထောင်ထဲကနေ ခရစ်ယာန်ထောင်သားတွေကို တိတ်တဆိတ်ခိုးထုတ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ နောက်တော့သူပါဖမ်းမိကာ သေဒဏ်ပေးခံရဖို့ စောင့်နေစဉ်မှာပဲ ထောင်မှူးအရာရှိရဲ့ သမီးကို ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ထောင်အရာရှိတဲ့ သမီးကို နောက်ဆုံးပေးပို့ခဲ့တဲ့ စာထဲမှာ “From your Valentine” လို့ ရေးသားခဲ့တဲ့အတွက် Valentine ဆိုတဲ့စကားလုံးကို ယနေ့အချိန်အထိ သုံးစွဲနေကြတယ်လို့ ယူဆရပါတယ်။

Shutterstock

သူတော်စင် Valentine ရဲ့ ဇာတ်လမ်းတွေဟာ ဝိုးတဝါးနဲ့ တိတိကျကျမရှိပေမယ့် ဇာတ်လမ်းတိုင်းလိုလိုမှာတော့ Valentine ဟာ ရဲရင့် ပြတ်သားပြီး သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Romantic ဆန်တဲ့ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ အလယ်ခေတ်ရဲ့ သူတော်စဉ်တစ်ဦးအဖြစ် တည်ရှိခဲ့ပါတယ်။ သူတော်စင်ရဲ့ဇာတ်လမ်းကိုတော့ အင်္ဂလန်နဲ့ ပြင်သစ်မှာ စတင်ကာ အထူးကျော်ကြားခဲ့တာပါ။ Valentine ရဲ့ အရိုးခေါင်းကိုတော့Czech Republic, Ireland, Scotland, England နဲ့ ပြင်သစ် တို့မှာ တွေ့နိုင်ပါတယ်။

Valentine’s Day ကို ဘယ်အချိန်တုန်းကစပြီး သတ်မှတ်ပြုလုပ်ခဲ့သလဲဆိုတာကိုလည်း တိတိကျကျမသိရသေးပါဘူး။ လေ့လာချက်တွေအရတော့ ၁၄၀၀ ခုနှစ်မတိုင်ခင်အထိ Valentine’s Day ဆိုတာ မရှိခဲ့ဘူးဆိုတာကတော့ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ Valentine’s Day နဲ့ ပတ်သက်လို့ အစောဆုံးရှာဖွေတွေ့ရှိမှုတစ်ရပ်ဟာ ၁၄၁၅ ခုနှစ်မှာ Orleans မြို့စား Charles လန်ဒန်တာဝါမှာ အကျဉ်းကျနေတုန်း သူ့ရဲ့ချစ်ဇနီးအတွက် ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ကြောင့်ပဲဖြစ်ပါတယ်။

READ
အအေးလွန်ကဲမှုကြောင့် ရေခဲအတိဖြစ်သွားခဲ့ရတဲ့ ဝေလနယ်မှ ရေတံခွန်ကြီး

ဒုတိယရှာဖွေတွေ့ရှိမှုကတော့ (၇) နှစ်အကြာမှာ ဘုရင် Henry V ဟာ ကဗျာဆရာ John Lydgate ကို ငှားပြီး Valois မှ Catherine ဆိုသူအမျိုးသမီးအတွက် Valentine နဲ့ ပတ်သက်ပြီး ရေးခိုင်းခဲ့တဲ့ အချစ်စာတစ်စောင်ပါ။ အခုအချိန်မှာတော့ လန်ဒန်မှ British Library မှာ သိမ်းဆည်းပြသထားပါတယ်။

၁၇ ရာစုနှစ်မှာတော့ အမေရိက၊ ကနေဒါ၊ မက္ကဆီကို၊ UK နဲ့ ပြင်သစ်၊ သြစတေးလျတို့မှာ Valentine’s Day ကို အကျယ်တဝံ့အနေနဲ့ စတင်ဆင်နွှဲခဲ့ကြတယ်လို့ လေ့လာရပါတယ်။ ၁၈ ရာစလယ်ပိုင်းလောက်မှာတော့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ရောက်တိုင်း မိမိရဲ့ချစ်သူခင်သူတွေကို ပန်းလေးတစ်ပွင့်မှစလို့ အမှတ်တရပစ္စည်းလေး တစ်ခုပေးတာဟာ နိုင်ငံတော်တော်များများမှာ ခေတ်စားခဲ့ပါတယ်။ ခေတ်အစားဆုံးလက်ဆောင်ကတော့ လက်ရေးနဲ့ရေးထားတဲ့ စာစောင်လေးတွေပါ။ ၂၉၀၀ ပြည့်နှစ်မှာတော့ ပုံနှိပ်ထားတဲ့ ပိုစ့်ကတ်လေးတွေ စတင်ခေတ်စားလာခဲ့ပါတယ်။

Corbis

ဖေဖော်ဝါရီ (၁၄) မှာ ဘာကြောင့် Valentine’s Day ကို ကျင်းပရသလဲဆိုတဲ့အချက်ကတော့ တချို့ဒဏ္ဍာရီဇာတ်လမ်းတွေအရ သူတော်စင် Valentine ကွပ်မျက်ခံရတဲ့နေ့ဖြစ်တာကြောင့် အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပလေ့ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကျပြန်တော့လည်း ခရာစ်ယာန်အယူဝါဟတ်ခုအရ ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုတဲ့နေနဲ့ ဘာသာရေးဆိုင်ရာပွဲနေ့တစ်ခုကို သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲဒီပွဲတော်ဟာ Lupercalia ဖြစ်ပြီး ကောက်ပဲသီးနှံများနဲ့အချစ်ရေးကိုစောင့်ရှောက်သူ သူတော်စင်ကို ဆုတောင်းပွဲဆန်ဆန်သတ်မှတ် ကျင်းပကြတာဖြစ်ပါတယ်။

Source: History

Penny

SHARE