အသေခံဗုံးခွဲသူအပေါ် ခုန်အုပ်ပြီး လူအုပ်ကြီးကို ကယ်တင်လိုက်တဲ့ ခွေးလေး

လူတွေအများကြီး ဘေးဒုက္ခရောက်မယ့် အန္တရာယ်ကို ခွေးလေးတစ်ကောင်က ကယ်တင်ပေးလိုက်တဲ့ ဖြစ်ရပ်ဟာ နိုင်ဂျီးရီးယားမှာ ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရပ် ကတော့ နိုင်ဂျီးရီးယားနိုင်ငံMaiduguri မြို့အနီးက  Belbelo  မှာရှိတဲ့ မင်္ဂလာပွဲတစ်ခုမှာ ဖြစ်ခဲ့တာပါ။အသေခံဗုံးခွဲသမား ကတော့  ဆယ်ကျော်သက် မိန်းကလေးတစ်ဦးပါ။သူမရဲ့ ရည်၇ွယ်ချက်ကတော့ အသေ ခံဗုံးခွဲမှုအတွင်း သေဆုံးသူများဖို့ပါ။ဒါပေမယ့် သူမရဲ့ အကြံတွေဟာ ခွေးလေးတ စ်ကောင်ကြော င့် ပျက်စီး ခဲ့ရပါတယ်။ခွေးက တစ်စုံတစ်ရာကို အနံ့ရလိုက်ပြီးနောက် ဗုံးခွဲသမား ရဲ့ ကိုယ်ပေါ်ကို ခုန်အုပ်ပစ်ခဲ့တာပါ။အကြမ်းဖက်သမား ကောင် မလေးကလည်း အတင်းရုန်းပေ မယ့် သူမရဲ့ အကြံအစည်အထ မမြောက်ခဲ့ပဲ နောက်ဆုံးမှာေ တာ့ ဘယ်လိုမှ မအောင်မြင်နိုင်တော့မှန်း သဘောပေါက်ခဲ့ပါတယ်။

 

နောက်ဆုံးမှာတော့ ဗုံးကို ခွဲပစ်လိုက်ပြီး ခွေးလေးလည်း အဲ့ဒီနေရာမှာပဲ သေဆုံး သွားခဲ့ပါတယ်။ခွေးလေး ကတော့ မင်္ဂလာပွဲမှာ လူအများကြီး သေမယ့် ဘေး ကနေ ကိုယ့်ကိုယ်ကို စေ တးပြီး ကယ်တင်သွားခဲ့ပါတယ်။နိုင်ဂျီးရီးယား ရဲတ ပ်ဖွဲ့မှ ပြောခွင့်ရသူ တစ်ဦး ကတော့ “အမျိုးသမီးအသေခံဗုံးခွဲသမားက ဗုံးတွေ ကို ကိုယ်ပေါ်မှာ တပ်ဆင်ပြီး မင်္ဂလာပွဲဆီလာခဲ့ကြောင်း၊ဒါပေမယ့် ခွေးတစ်ေ ကာင်ရဲ့ ကယ်တင်မှုကြောင့် လူတွေအများကြီးသေမယ့်ဘေးကနေ လွတ်မြော က်ခဲ့ကြောင်း၊ခွေးကို ဒေသ ခံတစ်ဦးက ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။နိုင်ဂျီး ရီးယားအရပ်သားတွေဟာ ပုံမှန်အားဖြင့်တော့ ခွေးတွေကို ဗုံးရှာဖွေ တတ်အော င် သင်ကြားပေးထား တာမျိုးမရှိဘူးလို့ သိရပါတယ်။

 Ref;Daily Mail
SHARE