(၉)နှစ်တွဲခဲ့ပေမယ့် လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့တဲ့ Vanessa နဲ့ Austin

Image:IG/Vanessa & Austin

(2020)နှစ်စပိုင်းမှာပဲ အနုပညာရှင် ဆယ်လီစုံတွဲ တစ်တွဲ ရဲ့ လမ်းခွဲ သတင်း ထွက်ပေါ်  လာခဲ့ပါပြီ။အမေရိကန် မင်းသမီး Vanessa Hudgens နဲ့   အမေရိကန် မင်းသား၊မော်ဒယ်၊ အဆိုတော် Austin Butler  တို့ စုံတွဲ လမ်းခွဲ လိုက်တာပါ။သူတို့ နှစ်ယောက် တွဲ လာ (၉)နှစ်ေ လာက်ရှိပါပြီ။သေချာ ပေါက် လက်ထပ်ဖြစ်မှာပဲ လို့ အားလုံးက ထင်ထား ခဲ့ပေမယ့် လည်း လမ်းခွဲ လိုက်ပြီလို့ US Weekly မှာ ဖော်ပြထားပါတယ်။Vanessa  က တော့  အသက် (၃၁)ဖြစ်ပြီး Austin Butler ကတော့ အသက် (၂၈)နှစ်မို့ မ နဲ့ မောင် ဆယ်လီစုံတွဲပါ။

Image:IG/Vanessa & Austin

“Vanessa နဲ့ Austin  တို့ တရားဝင် လမ်းခွဲ ပြတ်စဲ သွားပါပြီ။Vanessa  က သူမနဲ့ နီးစပ်တဲ့ သူ တစ်ယောက်ကို ပြောခဲ့တာပါ ဆိုပြီး အတွင်း လူတွေ က  ပြောခဲ့တာပါ။သူတို့ စုံတွဲ ကတော့ (၂၀၁၁) ခုနှစ် စက်တင်ဘာ တည်းက စပြီး တွဲ ခဲ့ကြတာပါ။Butler နဲ့  Hud gens တို့ ပြီးခဲ့တဲ့ အားလပ်ရက်မှာ အတူ ရှိ မ နေ တာကို အားလုံးက သတိထား မိပြီး နောက် လမ်းခွဲ သတင်း ထွက်ပေါ် ခဲ့တာပါ။Vanessa Hudgens က ဒီဇင်ဘာ (၃၁)တုန်းက IG မှာ သူမရဲ့ တစ်ကိုယ်တော် ပုံကို တင်ခဲ့ပါသေးတယ်။အဲ့ဒီ မတိုင်ခင်တုန်း ကလည်း  ဆွစ်ဇလန်မှာ မှတ်တမ်း တင် ရိုက်ကူးမှု တစ်ခု လုပ်ခဲ့ပါသေးတယ်။

READ
စတိုင်ကျကျ ဆွေးနေတဲ့ ညိမ်းသော်..
Image:IG/Vanessa & Austin

အဲ့ဒီတည်းက စပြီး  Austin Butler က သူမရဲ့ IG ပုံတွေ ထဲမှာ မပါတာကို Fan တွေက သတိထား မိခဲ့ တာပါ။ဒီဇင်ဘာ (၁၃) တုန်းကလည်း သူမရဲ့ မွေးနေ့ ပွဲ လေးကို  ညီမ Stella Hudgens နဲ့ အတူကျင်းပခဲ့ပြီး ပုံတင်ခဲ့ပါတယ်။Vanessa Hudgens က သူမရဲ့ IG မှာ နှစ်ယောက်တွဲ ပုံ နောက်ဆုံး တင်ခဲ့တာကတော့ အောက်တိုဘာ (၃၁) တုန်းကပါ။Austin Butler  ကတော့ ဇူလိုင် နောက်ပိုင်းတည်းက မတင်တော့တာပါ။သူ့ရဲ့ IG မှာ တော့ သူပါဝင် ထားတဲ့ Once Upon a Time in Hollywood နဲ့ ပတ်သက်တဲ့ Post တွေ ပဲ တင်ဖြစ်တော့တာပါ။

 

View this post on Instagram

 

#onceuponatimeinhollywood Styled by @browne.andrews Photo thanks to @britishgq © David Crotty

A post shared by Austin Butler (@austinbutler) on

Image:IG/Vanessa & Austin

Hudgens  ကတော့ (၂၀၁၈) နိုဝင်ဘာတုန်းက Women’s Health နဲ့ အင်တာဗျုး တစ်ခုမှာ သူမနဲ့ Butler  တို့ အတူနေ ပေမယ့် လက်ထပ်ဖို့ ကိုတော့ မလော တဲ့ အကြောင်း နဲ့ မိသားစု ဘ၀ အတွက် သူမ စိတ်ကူး တွေ ကို ဝေမျှ ခဲ့ပါတယ်။” ကျ မ လက်ထပ်ချင်ပါတယ်။ပြီးတော့ ခရီးတွေ သွားမယ်။ကလေးလေးတွေ  မွေးမယ်။ ဒါ တွေ က ကျမ အသက် (၃၀) နှောင်းပိုင်းလောက်မှ ဖြစ်လောက်မှာပါ..” ဆိုပြီး ဖြေခဲ့တာပါ။ Butler မတိုင်ခင်တုန်းကလည်း Zac Efron နဲ့ (၂၀၀၅-၂၀၁၀)အထိ တွဲခဲ့ဖူးပါတယ်။

 

View this post on Instagram

 

😍😝 📸 Anthony Harvey @shutterstock

A post shared by 🔮Vanessa Hudgens🔮 (@vanessahudgens) on

Source:msn/US Weekly

SHARE