အီး-စီးကရက်မှာအသုံးပြုတဲ့ ဆေးရည်တွေကြောင့် နှလုံးဖောက်မှု၊ ရပ်တန့်မှုများ ဖြစ်ပွား

Vape သောက်တဲ့ ဆေးရည်မှာပါတဲ့ အရသာတွေကြောင့် နှလုံးရပ်တာ၊ ဖောက်တာတွေ ဖြစ်ပွားမှုနှုန်းမြင့်မားကြောင်း သိပ္ပံပညာများကတွေ့ရှိခဲ့ကြပါတယ်။

၎င်းတို့က အသုံးပြုတဲ့ ‘e-liquids’ တွေကို စမ်းသပ်လေ့လာခဲ့ကြရာမှာ ယင်း ဆေးရည်တွေက သွေးကြောတွေထဲက ဆဲလ်းတွေကို ထိခိုက်ပျက်စီးစေတာကို တွေ့ရှိခဲ့ကြတယ်။ အဲ့ဒီက ဆက်ပြီး နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေဆီ ဦးတည်စေပါတယ်။

shutterstock

အဆုတ် ကင်ဆာမဖြစ်အောင် ဆေးရွက်ကြီးကို ထည့်သွင်းမဖော်စပ်တဲ့အတွက် သာမန် ဆေးလိပ်ထကကျန်းမာရေး အန္တရာယ်တွေကို အနည်းငယ်လောက်သာ လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သွေးကြောတွေကို ထိခိုက်စေတဲ့ နီကိုတင်းဓာတ်ပါဝင်တယ်၊ ပြီးတော့ တစ်ချို့ ဆေးရည်တွေက အငွေ့ပိုထွက်အောင်  ဖန်တီးထုတ်လုပ်ထားကြတာတွေလည်း ရှိတယ်။

shutterstock

Stanford တက္ကသိုလ်က လေ့လာသူတွေဟာ အရသာ ခြောက်မျိုးကို သွေးကြောထဲက ဆဲလ်းတွေအပေါ်မှာ စမ်းသပ်ခဲ့ကြပါတယ်။ အဲ့ဒီလို လေ့လာရာမှာတော့ နီကိုတင်း ပါဝင်အချိုးအစားဟာ တစ်မျိုးနဲ့ တစ်မျိုး မတူဘဲ ယင်းတို့ကြောင့် မျိုးရိုး ဒီအန်အေ ထိခိုက်မှု၊ ဆဲလ်းသေဆုံးမှုနဲ့ ရောင်ရမ်းမှုတွေကို ဖြစ်ပွားစေတာကို တွေ့ရှိခဲ့ကြတယ်လို့ Daily Mail သတင်းဌာနရဲ့ ဖော်ပြမှုများအရ သိရပါတယ်။

READ
ရေယုံအတွက် အိမ်မှာပဲ သက်တောင့်သက်သာကုလို့ရတဲ့နည်းလမ်းကောင်းများ

အဲ့ဒီ့နောက် သွေးကြောကျဉ်တာ၊ သွေးခဲတာတွေလည်း ဖြစ်ပွားစေတယ်လို ကျွမ်းကျင်သူတွေက လက်ခံထားကြပြီးတော့ အလွန်အမင်း သုံးစွဲသူတွေဟာ နှလုံးဖောက်တာ၊ ရပ်တာမျိုးတွေပါ ဖြစ်လာနိုင်တယ်လို့ အကြုံပြုနှိုးဆော်ခဲ့ကြပါတယ်။ အဲ့ဒီ့နောက် နှလုံးပတ် သွေးလွှတ်ကြောနဲ့ ဆိုင်တဲ့ ရောဂါတွေကိုပဲ ခံစားရလာနိုင်တယ်လို့ သိရတယ်။

Shutterstock

အခုအခါ ဗြိတိန်နိုင်ငံက အသက်ပြည့်ပြီး လူငယ် သုံးသန်းလောက်ဟာ အီး-စီးကရက်တွေကို အသုံးပြုနေကြပါတယ်။ စမ်းသပ်လေ့လာမှုရဲ့ ဖော်ပြချက်မှာတော့ သစ်ကြံပိုးခေါက်နဲ့ ပူရှိန်းအရသာတွေက နီကိုတင်းမပါဝင်ပေမယ့် သက်ရောက် အဆိုးဆုံးဖြစ်ကြောင်း သိရတယ်။

ကျွမ်းကျင်သူတွေကတော့ ယင်းအရသာနဲ့ ဆေးရည်တွေဟာ အဆိပ်အတောက်ဖြစ်စေပြီး သွေးကြောတွေထဲမှာ ထိခိုက်မှုတွေ ဖြစ်ပွားစေတယ်လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။

Ref: Daily Mail

Matthew (ShweMOM)

 

SHARE