အမျိုးသမီးတွေအတွက် နှုတ်ခမ်းနီသေနတ် တီထွင်ခဲ့တဲ့ အိန္ဒိယလူငယ်လေး

unsplash/Raychan

(၂၀၂၀) ခုနှစ်ရောက်လာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေဟာ ပိုပြီး လွတ်လပ်စွာ သွားလာနေကြပါပြီ။ လွတ်လပ်လာတာနဲ့ အညီ အမျိုးသမီးတွေအဖို့မှာလည်း အန္တရာယ်မျိုးစုံ ရှိလာနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်က လူငယ်လေးတစ်ဦးကတော့ အမျိုးသမီးတွေဘ၀ လုံခြုံဖို့အတွက် ကိရိယာလေးတစ်ခု တီထွင်ထားကြောင်း storypick သတင်းအရ သိရပါတယ်။

၎င်းလူငယ်လေးဟာ ဗာရာဏသီမြို့မှ သိပ္ပံပညာရှင်လေး ရှမ်းမ်ချိုရာစီယာဆိုသူပါ။ ရှမ်းမ်ဟာ lipstick gun လို့ သိရတဲ့ နှုတ်ခမ်းနီသေနတ်ကို တီထွင်ခဲ့တာပါ။ နှုတ်ခမ်းနီဟာ ပေါက်ကွဲမှုဖြစ်သလိုမျိုး အသံထွက်နိုင်တာကြောင့် ကိုယ့်ကိုနှောင့်ယှက်ဖို့ အလားအလာရှိတဲ့ လူတွေကို ဒုစရိုက်မှုတွေ အလွယ်တကူ မကျူးလွန်အောင် ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။

unsplash/Patricia Palma

တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ သူမအန္တရာယ်ထဲ ရောက်နေပြီဆိုရင် နှုတ်ခမ်းနီက ခလုတ်တစ်ခုကို နှိပ်ပြီး ရဲတပ်ဖွဲ့ကို သတင်းပို့နိုင်မှာ ဖြစ်ပါတယ်။ နှုတ်ခမ်းနီပုံစံလုပ်ထားတဲ့ ကိရိယာ အတောင့်ထဲမှာတော့ သေနတ်ကို ၀ှက်ထားမှာဖြစ်တဲ့အတွက် လူတိုင်း အလွယ်တကူ မမြင်နိုင်သလို ရိပ်လည်း မရိပ်မိနိုင်ပါဘူး။

READ
၂ဦးလုံးမှာ ကင်ဆာရှိနေမှန်း သိခဲ့ပြီးနောက် မင်္ဂလာပွဲအမြန်ကျင်းပခဲ့တဲ့စုံတွဲ

“ကျွန်တော်တို့ အပြင်မှာ တွေ့နေတဲ့ သမရိုးကျ နှုတ်ခမ်းနီတောင့်လိုမျိုးပါပဲ။ သယ်ရတာလည်း လွယ်တယ်။ ပြီးတော့ သူများတွေ့လည်း မယုံသင်္ကာဖြစ်တာမျိုး မရှိတော့ဘူးလေ…” လို့လည်း ရှမ်းမ်က ဆိုပါတယ်။ ဒီနှုတ်ခမ်းနီကို ရှမ်းမ်ဟာ တစ်လကြာအောင် ဆောက်လုပ်ခဲ့ပြီး ရူပီး (၆၀၀) ကုန်ကျတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ ရှမ်းမ်ဟာ ၄င်းတီထွင်ထားတဲ့ ပစ္စည်းအတွက် မူပိုင်ခွင့်ရဖို့ ကြိုးစားနေပါတယ်။

unsplash/Marek Studzinski

ရှမ်းမ်တီထွင်ထားတဲ့ နှုတ်ခမ်းနီကို ရှီဖာလီရိုင်ဆိုသူ ကျောင်းသူတစ်ဦးက စမ်းသပ်အသုံးပြုခဲ့ပြီး သူမကတော့ “သယ်ဖို့ အဆင်ပြေတယ်။ ပြီးတော့ နှုတ်ခမ်းနီက ပေါက်ကွဲသံလည်း ထွက်နိုင်တယ်ဆိုတော့ မသမာသူကို ကြောက်သွားလန့်သွားအောင် လုပ်လို့ရတယ်။ နှုတ်ခမ်းနီက အပြင်က နှုတ်ခမ်းနီတွေလိုပဲ ပုံစံတူပါတယ်။ ဒါကြောင့်မို့ အပြင်ထုတ်ထားရင်လည်း ဘယ်သူမှ မသိဘူးလေ….” လို့ လည်း ပြောပြခဲ့ပါတယ်။

READ
အမျိုးသမီးထုကြားမှာ ရေပန်းစားနေတဲ့ မမျိုးပွားအင်္ဂါပုံစံ လက်သည်းပန်းချီ

လင်းလင်း (ShweMom)

SHARE