စားသုံးသူအစားအသောက်ပိုမှာအောင် စားသောက်ဆိုင်တွေအသုံးပြုကြတဲ့ နည်းလမ်းများ

unsplash/Dan Gold

စားသောက်ဆိုင်တွေဟာ စားသုံးသူတွေ ဆိုင်မှာ အစားအသောက်ပိုမှာအောင်လို့ အသုံးပြုကြတဲ့နည်းလမ်းတွေရှိပါတယ်။ တစ်ခါတစ်လေ စာဖတ်သူတွေအနေနဲ့ အစားအသောက်မှာစားတဲ့အခါ ပုံမှန်ထက် ဈေးပိုကြီးနေပေမယ့် တန်တယ်လို့ ခံစားရမိစေတာမျိုး ရှိပါတယ်။ တစ်ခါတစ်လေမှာလည်း ဆိုင်မှာသွားစားတဲ့အခါ ကိုယ်ပုံမှန်စားနေကျထက် လောဘကြီးပြီး အစားအသောက်မှာလိုက်မိတာမျိုးတွေ ရှိတတ်ပါသေးတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ စားသောက်ဆိုင်တွေက စီမံထားတဲ့ နည်းလမ်းတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းများစွာထဲက အချို့ကိုတော့ Brightside ကနေတဆင့် အခုလို ဖော်ပြပေးလိုက်ပါတယ်။

unsplash/Andersen Jensen

ဟင်းပွဲတွေကို နာမည်အဆန်းတွေ ပေးခြင်း

မီနူးတစ်ခုလုံးဟာ နာမည်အဆန်းတွေနဲ့ပြည့်နေတဲ့အခါ စားသုံးတွေကို ပုံမှန်ဖောက်သည်ဖြစ်လာစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။ နေရာတိုင်း ဆင်းဒ၀စ်ခ်ျတွေရောင်းကြပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဆင်းဒ၀စ်ခ်ျလို့ပြောလိုက်တာနဲ့ ဒီပုံစံတွေချည်းပါပဲ။ ဒါပေမယ့် လူတွေက ဆင်းဒ၀စ်ခ်ျစားချင်တယ်ဆိုရင်တောင် တွေ့ရာနေရာကနေ ၀ယ်စားတာမဟုတ်ပဲ သူတို့ဓာတ်ကျတဲ့နေရာမှာ သွားစားကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် ဆိုင်ဟင်းလျာနဲ့ပတ်သက်လို့ လူစိတ်ဝင်စားမှုပိုရအောင် နိုင်ငံခြားဘာသာနဲ့ နာမည်ပေးတာ၊ နာမည်ဆန်းဆန်းလေးတွေ အစုံအလင်ပေးထားတာမျိုးတောင် ရှိပါတယ်။

READ
လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ..?

ခဲထားတဲ့ ဟင်းအမယ်တွေကိုဝယ်ယူပြီး ပြန်လည်ချက်ပြုတ်ရောင်းချခြင်း

လူတိုင်းဟာ ကိုယ်တိုင်ချက်ပြုတ်တာထက်စာရင် အဆင်သင့်မှာယူစားသောက်ရတဲ့အရသာကို ပိုပြီးနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် စားသုံးသူတွေအနေနဲ့ စားသောက်ဆိုင်အချို့မှာ ကိုယ်မှာယူတဲ့ပစ္စည်းအားလုံး လတ်ဆတ်လိမ့်မယ်လို့ ခန့်မှန်းလို့မရပါဘူး။ တချို့ဆိုင်တွေကတော့ အ၀ယ်သမားတွေဆီက ၀ယ်ယူထားတဲ့ အမယ်တွေကို ခဲထားပြီးမှ စားသုံးသူတွေလာစားတဲ့အခါ ပြန်လည်ပြင်ဆင်ရောင်းချတာပဲ ဖြစ်ပါတယ်။

unsplash/Caroline Attwood

အရောင်တုဆိုးခြင်း

ဆော်လ်မွန်ငါးတွေဟာ အရသာရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ လူတွေလည်း အစားများပါတယ်။ ဒါပေမယ့် တချို့စားသောက်ဆိုင်တွေမှာတော့ ဆော်လ်မွန်ငါးတွေက အရမ်းပေါ်ပြူလာဖြစ်လွန်းတဲ့အတွက် ဆိုင်မှာ အလွယ်တကူရောင်းချနိုင်အောင်ဆိုပြီး ဆိုင်ရှင်တွေက ကြံဖန်လေ့ရှိပါတယ်။ အဲဒါကတော့ အာဟာရကောင်းကောင်းမစားထားတဲ့ ဆော်လ်မွန်ငါးကို ရရာငါးမွေးကန်တွေကတဆင့် ၀ယ်ယူလိုက်တာပါပဲ။ ဒီလိုငါးတွေကို ဖြတ်တောက်ခုတ်ပိုင်းလိုက်တဲ့အခါ ငါးအရောင်က အနီရောင်သန်းမနေပဲ အညိုရောင်ကြီးဖြစ်နေပါတယ်။ ဒီအခါမှာ ငါးကို နဂိုရှိရင်းထက်ပိုပြီး လတ်ဆတ်တယ်လို့ထင်ရအောင် ဆိုင်တွေက ငါးတွေကို အရောင်ဆိုးပြီးရောင်းချတာ ဖြစ်ပါတယ်။

READ
နာကျင်ဝမ်းနည်းစရာအတိတ်တွေနဲ့ စိတ်ဒဏ်ရာရှိနေတဲ့မိန်းကလေးတွေဟာဒီလိုပါ…

နဂိုထက် ပိုစားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြခြင်း

ဒါကတော့ ကြော်ငြာရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ အစားအသောက်မှာစားတဲ့အခါ ရောင်းချတာကတော့ ဒီအစားအသောက်ပဲ၊ ဒါပေမယ့် အစားအသောက်ကို တည်ခင်းပြင်ဆင်တဲ့ပုံစံဟာ ပိုပြီး စားချင်စဖွယ် ဖြစ်လေလေ၊ စားသုံးသူတွေအနေနဲ့ ဒါဟာ တကယ်ပဲ အရသာရှိလိမ့်မယ်လို့ ယူဆလေလေပါပဲ။

unsplash/Jay Wennington

အမြင်မှောက်မှားအောင် ပြုလုပ်ခြင်း

တစ်ချို့စားသောက်ဆိုင်တွေက ပန်းကန်သေးသေးနဲ့တည်ခင်းလို့ရမယ့် အစားအသောက်ဖြစ်ပေမယ့် ပန်းကန်ပြားချပ်အကြီးထဲမှာ အစားအသောက်တွေကို ထည့်ကာတည်ခင်းတတ်ကြပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ စားသုံးသူတွေကို သူတို့ဟာ အစားအသောက်ကောင်း စားနေရတယ်လို့ ခံစားမိစေလိုတာဖြစ်ကြောင်း သိရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့ ပန်းကန်ထဲမှာ နေရာလွတ်တွေရှိတာကြောင့် အစားအသောက် ထပ်မှာယူစားသောက်လိုစိတ်ကို တွန်းအားပေးတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE