ကိုယ့်ရွေးချယ်မှု နဲ့ ကိုယ် ရာသက်ပန် အသားရှောင်တဲ့ လူတွေ လည်း အများကြီးရှိပါတယ်။ပင်ကိုယ် သဘာဝ ကိုက အသား မကြိုက် ပဲ အသီး အရွက် ကိုပဲ ကြိုက်တဲ့ သူတွေ ရှိသလို အသားလေး မှ မပါရင် ထမင်းမစားနိုင်တဲ့ အထိ အသားကို စွဲစွဲ လန်းလန်း ကြိုက်တဲ့ သူတွေ လည်း အများကြီး ရှိပါတယ်။အသီးအရွက် အခြေစိုက် အစား အသောက် တွေ ကို ၀န်ဆောင်မှု ပေးနေတဲ့ Vibrant Vegan ကုမ္ပဏီ က တော့ UK ရဲ့ biggest meat lover ဆိုတဲ့ စိန် ခေါ် မှုကြီး တစ်ခု ကို ကမ်းလှမ်း လိုက်ပါတယ်။အဲ့ဒါက တော့ အသား ကို (၃)လ တိတိ ရှောင်ရှားပြီး vegan (သက်သက်လွတ် သမား) အဖြစ် နဲ့ နေနိုင်ရင် အမေရိကန်ဒေါ်လာ $68,000 ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ဒီအကြောင်းကိုတော့ odditycentral မှာ ဖော်ပြထား တာပါ။
View this post on Instagram
Vibrant Vegan က တော့ ဒီကမ်းလှမ်းချက်ကို မကြာသေးခင်က မှ ကြေညာခဲ့တာပါ။အသားမစားပဲ သုံးလ လောက်နေ ပြရမှာ ဆိုပေမယ့် ချွင်းချက် တော့ ရှိပါတယ်။လွယ်လွယ်နဲ့ ရ မှာ တော့ မဟုတ်ပါဘူး။အသားကို မစားရ မနေနိုင်တဲ့ လူမျိုးကို မှ ရွေးချယ် ပါဝင် စေမှာ ဖြစ်ပြီး vegan lifestyle ကို သုံးလ တိတိ ခံစား ခိုင်း မှာပါ။လူရွေးချယ်မှု အပိုင်းကိုတော့ ကုမ္ပဏီ ဘက်ကေ န ရွေးချယ် သွားမှာ ဖြစ်ပြီး အရွေးခံရရင် တော့ စာချုပ် ချုပ် ဆို ရမှာပါ။ဒီ သုံးလ လုံးလုံး တိရိစ္ဆာန် ထွက် အရာ တွေ ဆိုရင် ဘာကို မှ စားသောက် မှီဝဲ တာမျိုး မလုပ်ပါဘူး ဆိုပြီး ကတိပေးရမှာ ဖြစ်သလို တစ်ချိန် တည်းမှာပဲ ဆိုရှယ်မီဒီယာ ပေါ်မှာ vegan နဲ့ ပတ်သက်တဲ့ ကောင်းတဲ့အရာတွေ..ဥပမာ. သက်သက်လွတ်စားခြင်းရဲ့ အကျိုးတွေ ၊သက်သက် လွတ် စားတာ ဘယ်လို ကောင်းကြောင်းတွေကို ဆိုရှယ်မီဒီယာ ပေါ်မှာ ဝေမျှ ပေးရမှာပါ။သတ်မှတ်ချက်တွေနဲ့ ကိုက် ညီ၊ လိုက်နာ မှ သာ $68,000 ကို ပေးအပ်မှာပါ။

Vibrant Vegan အနေနဲ့ နှစ်သစ်မှာ ကျန်းမာရေး အတွက် ရော၊ပတ်ဝန်းကျင် အတွက်ပါ အကျိုး ရှိ စေမယ့် အရာ ဖြစ်သလို vegan food တွေ ကို ပို မြင်လာအောင် မီးမောင်းထိုးပြ တဲ့ အနေနဲ့ UK’s biggest meat lover ကို ပြုလုပ် ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး၊အသားကြိုက်သူ တိုင်း ဘယ်သူ မဆို ပါဝင်နိုင်တယ်လို့ Vibrant Vegan ရဲ့ Founder ဖြစ်သူ Ian Burke-Hamilton က ပြော ပါတယ်။အသားကြိုက်သူ meat-eater ကို ကုမ္ပဏီရဲ့ Vegan Curious Coordinator အနေနဲ့ ထားရှိသွားမယ်ဆိုတဲ့ စိတ်ကူး ကတော့ အသားကြိုက်သူ (၁၅၀၀၀) ကို စစ်တမ်း ကောက် ယူ ပြီး ရလာတဲ့ အချက်တွေကို မှီငြမ်းပြီး ရခဲ့တာ ပါ။ပထမဆုံး သော Vegan Curious Coordinator ကို ခန့်အပ် ငှားရမ်း ဖို့ အတွက် ကုမ္ပဏီ ဘက်က တော့ အရမ်းစိတ်လှုပ်ရှား နေပြီ လို့ Vibrant Vegan က ကြေညာခဲ့ပါတယ်။
View this post on Instagram
အသားကြိုက်တဲ့ လူတစ်ယောက် အနေနဲ့ vegan diet လုပ်ဖို့ ဆိုတာ သေချာ ပေါက် ခက်ခဲ မှာပါ၊ကုမ္ပဏီ အနေနဲ့က တော့ “coordinator” အဖြစ် ရွေးချယ်ခံရသူကို တော့ ငွေ ကြေး အပြင် အကန့်အသတ် မဲ့ vegan meal တွေ နဲ့ အာဟာရ တွေကို ပါ ပေးအပ် သွားမှာ ပါ။ရွေးချယ် ခံရသူ အနေနဲ့က တော့ စာချုပ်ပါ အချက်အလက်တွေကို လေးစားလိုက်နာ ပေးဖို့ နဲ့ ဆန္ဒရှိတယ်ဆိုရင် တော့ ၂၀၂၁ တစ်နှစ် လုံး သက်သက် လွတ် သမား အဖြစ် နေသွားမလား လို့ပါ မေး မြန်းသွားမှာဖြစ်ပြီး နေမယ်ဆိုရင် တော့ $136,00 တန်ဖိုးရှိတဲ့ vegan meal တွေကို ကုမ္ပဏီ ဘက်ကနေ ထောက်ပံ့ပေးသွားမှာပါ။ရွေးချယ်ခံရသူကိုတော့ ဇန်န၀ါရီ ၂၅ ရက်နေ့ကျရင် ကြေညာသွားမှာ ဖြစ်ပြီး သုံးလ တာ သက်သက် လွတ်စားသုံးမှုက တော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်သွားမှာပါ။
View this post on Instagram
#SHWEMOM