အသက်(၂၀)အရွယ် မိန်းမပျိုလေးလို့ အထင်ခံနေရတဲ့ အမျိုးသမီးရဲ့လျို့ဝှက်ချက်

Twitter / @nypost

လက်ရှိအချိန်မှာ အသက်အရွယ် လူကြီးပိုင်းကို ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အရွယ်တင် နုပျိုလွန်းတဲ့အတွက် လူတွေက သူမကို အသက်(၂၀)အရွယ် မိန်းမပျိုလေးနဲ့ မကြာခဏ မှားယွင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။ သူမရဲ့အမည်ကတော့ Victoria Featherstone Pierce ဖြစ်ပါတယ်။

သူမဟာ မော်ဒယ်အဖြစ်လည်း ရပ်တည်နေသလို၊ လူမှုရေးအသင်းအဖွဲ့တစ်ခုကို တည်ထောင်သူလည်း ဖြစ်ပါတယ်။ Victoria ဟာ လက်ရှိအချိန်မှာ အသက် (၄၈)နှစ်ကိုတောင် ရောက်နေပါပြီ။ သူမဟာ တိရစ္ဆာန် အသားငါးကို လုံးဝမစားသလို၊ အရက်သေစာကိုလည်း ရှောင်ပါသတဲ့။ ဒီအချက်တွေက သူမကို အရွယ်တင်နုပျိုမှု ပေးစွမ်းပါတယ်

 

Victoria ဟာ အသက်(၆)နှစ်ကတည်းက Vegetarian တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်မှာ နို့နဲ့နို့ထွက်ကုန်လုပ်ငန်းတွေရဲ့ မရှုစိမ့်ဖွယ်ရာ အကြောင်းတရားတွေကို ဂဃနဏသိပြီးနောက် သူမဟာ Vegan တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Vegan နဲ့ Vegetarian မှာ ကွာခြားချက်တွေ ရှိပါတယ်။

Vegetarian ဆိုတာ အသားငါးမစားဘူးဆိုပေမယ့်၊ နို့နဲ့ နို့ထွက်ကုန်တွေ၊ သားငါးတစ်ဆင့်ပြောင်း ထုတ်ကုန်တွေ ဥပမာ နို့မှုန်တို့ ကြက်သားမှုန့်တို့၊ ကြက်ဥတို့ကိုတော့ စားပါသေးတယ်။ Vegan ကတော့ တိရစ္ဆာန်အသားတွေကိုသာမက၊ တိရစ္ဆာန်တွေကနေ ထွက်တဲ့ကုန်တွေကိုလည်း လုံးဝ မစားပါဘူး။ ဒီလို ခြားနားချက်တွေ ရှိပါတယ်။

Victoria ကတော့ အရွယ်တင်နုပျိုနေတာ ဒီလို အကျိုးကျေးဇူးတွေကြောင့်ပါလို့ တပ်အပ်ပြောပါတယ်။ သူမက “ ကျွန်မကတော့ တိရစ္ဆာန်တွေနဲ့ လုံးဝလွတ်ကင်းတဲ့ ခရင်မ်တွေ၊ အလှကုန်တွေကိုပဲ သုံးပါတယ် .. နောက် Botox လည်း တစ်ခါမှ မလုပ်ဖူးပါဘူး … ကျွန်မကိုယ်ကျွန်မ လှတယ်လို့ပြောရတာကို ကျွန်မ မရှက်ပါဘူး … အသက်(၉၀)မတိုင်ခင်အထိ အခုလို လှမြဲပမြဲ ဖြစ်နေဦးမှာပဲ ”လို့ ပြောခဲ့ပါတယ်။

Victoria ဟာ အလုပ်လိုချင်လို့ အသက်ကို လိမ်ခဲ့ရဖူးတယ်လို့လည်း ဝန်ခံပါတယ်။ သူမဟာ ဂျာမန်ကကမ်းလှမ်းတဲ့ မော်ဒယ်အလုပ်ကို လိုချင်လို့ အသက် (၃၈)ဖြစ်ကြောင်း လိမ်ပြောခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတ်ယ။ ဒါကြောင့် အလုပ်လည်း ရခဲ့သလို၊ သူမ အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်လည်းရကော အသက်အမှန်ပြောတော့ သူတို့က သူမရဲ့အသက်ကို မယုံကြည်နိုင် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

လင်းသုတ

SHARE