နှစ်ပေါင်း ၅၀ အတွင်းအဆိုးရွားဆုံး ရေကြီးရေလျှံမှုများနဲ့ကြုံတွေ့နေရတဲ့ Venice မြို့

[email protected], @severeweatherEU

၂၀၁၉ ခုနှစ်အတွင်းမှာ တောမီးလောင်မှုတွေ၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းကြီးဖြစ်ပေါ်မှုတွေနဲ့ ငလျှင့်ဘေး၊ ရေကြီးရေလျှံဘေးတွေဟာ အရင်နှစ်တွေတုန်းကထက်ပိုပြီး ဖြစ်ပေါ်လာတာ ကျွန်တော်တို့မျက်မြင်သက်သေပါပဲ။

အခုလည်း အီတလီရဲ့ရိုမန့်တစ်မြို့တော်လို့ တင်စားထားရတဲ့ Venice မြို့ကြီးဟာ အကြီးအကျယ်ရေလွှမ်းမိုးမှုမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ အဆက်မပျက်မိုးရွာသွန်းမှုကြောင့် Venice ရေပေါ်မြို့လေးဟာ နှစ်တိုင်းလိုလို ရေတင်ခြင်းတွေဖြစ်ပေါ်တတ်ပေမယ့်လို့ အခုဆိုရင်တော့ ရေတက်နေတဲ့ ပမာဏဟာ ပုံမှန်ရေပြင်မှတိုင်းတာရင် ၆ ပေနဲ့ ၂ လက်မရှိနေခဲ့ပါပြီ။ ဒါဟာ မြို့ပေါ်မှာဆိုရင် ဒူးလောက်အထိကို ရောက်နေတဲ့ အမြင့်တစ်ခုပါ။

Twitter-@CristianBonetto
Instagram-@ecce____homo

၆ ပေနဲ့ ၂ လက်မဆိုတဲ့ ရေထုမြင့်တက်မှုဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုတစ်ခုဖြစ်သွားခဲ့တာကြောင့် ဒီအပတ်ထဲမှာပဲ Venice ရဲ့ မြို့တော်ဝန်ဟာ တရားဝင်အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ခဲ့ပါတော့တယ်။ Venice မှာရှိတဲ့ ဘယ်တော့မှ ရေမတင်တဲ့ဘုရားကျောင်း Saint Mark’s Basilica တောင် နှစ်ပေါင်း ၁,၂၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၃ ပေရေမြင့်တက်ခဲ့ပါတယ်တဲ့။

Vento ဒေသမှာဆိုရင် မြို့ရဲ့ ၈၀% ဟာ ရေမြုပ်နေခဲ့ပြီး Venice မြို့တွင်းနဲ့ တခြားမြို့တွေေကို ပြေးဆွဲနေတဲ့ ရေယာဉ် ၅ စီးဟာလည်း ပျက်ဆီးခဲ့ရတဲ့အပြင် မီးရထားလမ်းဟာဆိုရင်လည်း ရေမြုပ်နေတဲ့အတွက်ကြောင့် လမ်းပမ်းစက်သွယ်ရေးတွေဟာ တော်တော်လေး အခက်အခဲဖြစ်နေခဲ့ရှာပါတယ်။ ဒီအပြင် လမ်းဘေးဆိုင်လေးတွေနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေဟာလည်း ပိတ်တဲ့ဆိုင်ကပိတ်၊ ရေဝင်လို့ ပျက်ဆီးကုန်တဲ့ဆိုင်တွေက ပျက်ဆီးကုန်နဲ့ ခရီးသွားတွေလည်း ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရပါတော့တယ်။

READ
Football Manager ဂိမ်းဆော့ပေးရုံနဲ့ တစ်နာရီကို (၁၁)ပေါင်နီးပါး ရရှိမယ့် အခွင့်အရေး

ရေကျသွားခဲ့ရင်တောင် အပျက်အဆီးတွေနဲ့ ရှင်းလင်းဖို့အတွက် ကုန်ကျစရိတ်ဟာ မီလီယံရာနဲ့ချီပြီးကုန်ကျနိုင်ဖွယ်ရှိနေတယ်လို့ Venice မြို့ဝန် Brugnaro က ပြောလာခဲ့ပါတယ်။

Venice ရဲ့ အနီးအနားမှာရှိနေတဲ့ Pellestrina ကျွန်းမှာတော့ အသက် ၇၀ ကျော်အရွယ် တစ်ဦးတည်းနေထိုင်သူအမျိုးသားကြီးဟာ ရေပိုက်ပြင်နေတုန်း အိမ်ထဲကို ရေတွေဝင်လာခဲ့တဲ့အတွက် ဓာတ်လိုက်တာသေဆုံးသွားခဲ့တဲ့အပြင် နောက်ထပ်တစ်ယောက်ဟာလည်း ရေကြီးမှုကြောင့် သေဆုံးသွားခဲ့တယ်ဆိုပြီး သိရပါတယ်။ အကြောင်းအရင်းတိတိကျကျကိုတော့ Daily Mail မှ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

READ
ဘုရားကျောင်းပစ်ခတ်မှုအတွက် ဆွေးနွေးဖို့စုဝေးစဉ် မတော်တဆပစ်ခတ်မှု ထပ်မံဖြစ်ပွား

ဒီလိုရေကြီးရေလျှံမှုတွေ မြင့်တက်တိုးပွားလာပြီး ရာသီဥတုလွန်မင်းစွာ ဆိုးရွားဖောက်ပြန်လာမှုတွေရဲ့အကြောင်းရင်းကို ပြန်ကြည့်မယ်ဆိုရင် Climate Change လို့ပဲ ခေါင်းစဉ်တပ်ရမှာပါပဲ။ Climate Change ဖြစ်ပေါ်လာတဲ့အဓိကတရားခံကလည်း လူတွေပါပဲ။

Twitter-@severeweatherEU

Penny

SHARE