ဗီရာ ကို ယှဉ်ပြီးထိုးနိုင်ဖို့ (၆)လလုံးတစ်ရက်မှ မနားခဲ့ရဘူးဆိုတဲ့ အောင်လအန်ဆန်

Youtube

လာမယ့် တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်တိုင်ခိုက်ရေးသမား ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန် က သူ့အနေနဲ့ ဒီပွဲအတွက် ပြီးခဲ့တဲ့ (၆)လလုံး နားရက်တစ်ရက်မှ မယူပဲ ကြိုးစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဂျပန်တိုက်ခိုက်ရေးသမား ဟာဆီဂါဝါ ကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးကတည်းက ဗီရာနဲ့ပွဲအတွက် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အောင်လအန်ဆန် က ဂျပန်မှာပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးအစီအစဉ်မှာ ပြောဆိုသွားခဲ့တာပါ။

 

လိုက်ဟဲဗီးဝိတ်ချန်ပီယံဆု ပိုင်ရှင် အောင်လအန်ဆန် ဟာ သူ့ထက် ၀ိတ်တန်းမြင့်တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာ ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာ့စပါးအုံးအတွက် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ဘူးလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။

READ
ဗြိတိန်မှာအကြီးဆုံးရင်သားရဖို့ ပေါင်၁သောင်းခန့်သုံးခဲ့သူ

အောင်လအန်ဆန် က ပွဲကြိုအင်တာဗျူးမှာ “ဒီပွဲဖြစ်လာဖို့ စိန်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန်မှာ တက္ကသိုလ်တက်နေချိန်ကတည်းက ခင်ဗျားရဲ့ပွဲတွေကို ကြည့်ရင်းအားပေးခဲ့တာပါ” လို့ ပြောဆိုလိုက်ပါတယ်။

အောင်လနဲ့ပွဲစဉ်အတွက် ဖိုက်တာကြီး The Rock ဆီကတောင် အကြံဥာဏ်ယူခဲ့တယ်ဆိုတဲ့ ဗီရာ ကတော့ သူ့အနေနဲ့ နှစ်ထပ်ကွမ်းချန်ပီယံဆု ဖြစ်ဖို့ အခွင့်အရေးကို လက်လွှတ်မှာမဟုတ်ကြောင်းနဲ့ သူ့ဘ၀ရဲ့အကြီးကျယ် အခမ်းနားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတဲ့အကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
တိုင်ဖွန်းမုန်တိုင်းတိုက်နေချိန်မှာ မုန်တိုင်းထဲရောက်နေတဲ့ လူနှစ်ယောက်ရဲ့ ဗီဒီယို

အောင်လအန်ဆန်နဲ့ ဗီရာတို့ရဲ့ ပွဲစဉ်ကို လာမယ့်တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် နေ့လည်(၂း၃၀)မှာ ထိုးသတ်မှာဖြစ်ပြီး SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာပါ။

Linn

 

SHARE