သန့်ရှင်းရေးဘဝမှ ကုမ္ပဏီ CEO ဖြစ်လာခဲ့တဲ့ အလယ်တန်းအောင် Vernon Kwek

Straits Times/Facebook

သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဟာ အလုပ်သမားပေါင်း ထောင်ကျော်ကိုဦးစီးနေတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားခဲ့တယ်ဆိုတာ မဖြစ်နိုင်တဲ့ရာခိုင်နှုန်းအများကြီးရှိနေတာမလို့ ပဉ္စလက်ဆန်တယ်လို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့ ထင်မိတဲ့စိတ်ကို ပြန်မေးကြည့်လိုကပါဦ။ အခုဖော်ပြပေးမှာကတော့ Vernon Kwek လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လက်တွေ့ဆန်ဆန်ဘဝအကြောင်းပါ။ Straits Times မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Straits Times/Facebook

အသက် ၄၈ နှစ်အရွယ် Vernon Kwek ကို ကြည့်လိုက်မယ်ဆိုရင် ဆံပင်ခပ်တိုတို၊ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး အေးအေးဆေးဆေးနဲ့ လူကြီးတစ်ယောက်အဖြစ် အရင်ဆုံးမြင်မိမှာပါ။ Kwek ဟာ Peimech Services & Engineering ဆိုတဲ့ ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်လည်းဖြစ်ပါတယ်။ Peimech Services & Engineering ကတော့ စင်္ကပူရဲ့အထင်ကရ သန့်ရှင်းရေးဝန်ဆောင်မှုနဲ့ အဆောက်အဦတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ ကုမ္ပဏီတစ်ခုပါ။ Kwek ရဲ့ လက်အောက်မှာ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိနေပြီး တစ်နှစ်ကိုပျမ်းမျှ စင်္ကာပူဒေါ်လာ သန်း ၈၀ လောက်နဲ့ Kwek ရဲ့လုပ်ငန်းလေးဟာ လည်ပတ်လျက်ရှိနေပါတယ်။

ဒီလိုမျိုး ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်အလုပ်လုပ်နေတဲ့ ဝန်ဆောင်မှုကုမ္ပဏီကြီးရဲ့ CEO တစ်ယောက်ဖြစ်နေတဲ့ ရာထူးခပ်ကြီးကြီးအမျိုးဟာ အလယ်တန်းမအောင်သူ၊ တစ်ချိန်ကသန့်ရှင်းရေးဝန်ထမ်းအဖြစ် ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားခဲ့ရသူ၊ သိပ်ချစ်ရတဲ့ချစ်သူက နင်လိုသန့်ရှင်းရေးဝန်ထမ်းနဲ့ ဆက်တွဲစရာအကြောင်းမရှိဘူးဆိုကာ ထားသွားတာခံခဲ့ရသူဆိုရင် ဘယ်သူကယုံမှာလဲ။ ဒါတွေဟာ Kwek ရဲ့ အတိတ်ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဆိုးဆိုးရွားရွားအမှတ်တရတွေပါ။

Straits Times/Facebook

အသက် ၁၄ နှစ်တုန်းက အရောင်းဝန်ထမ်းဖခင်ဟာ အလုပ်ပြုတ်လုဆဲဆဲဖြစ်နေတဲ့ ဖခင်ရယ်၊ အဆင်မပြေတဲ့ မိသားစုရယ်ကြောင့် Kwek တစ်ယောက်ခဏကျောင်းနားကာလိုက်ခဲ့ပါတယ်။ နောက်မှာတော့ ဖခင်အတွက် ရွာရိုးကိုးပေါက်လျှောက်သွားရင်း အလုပ်ခေါ်စာများတွေ့မလားဆိုပြီး လျှောက်ရှာရင်းနဲ့မှ တရုတ်သတင်းစာတိုက်တစ်ခုမှာ သန့်ရှင်းရေးလိုနေတယ်ဆိုပြီး ကြေငြာစာကို တွေ့ခဲ့ပါတယ်။ ဖခင်အတွက် အဲဒီအလုပ်ကို ရှာပေးခဲ့ပြီး သူကပါ ကျောင်းပိတ်ရက်တွေမှာ သတင်းစာတိုက်ကိုသွားကာ ကူလုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက တစ်လကို စင်္ကာပူဒေါ်လာ ၆၅၀ ရခဲ့ပြီး မော်တော်ဆိုင်ကယ်တစ်စီးလည်း ပေးထားပါသေးတယ်။ အင်ဂျင်နီယာတစ်ယောက်ရဲ့လစာဟာ သန့်ရှင်းရေးအကြီးအကဲမန်နေဂျာလောက်တောင် မရဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ Kwek ဟာ အလယ်တန်းတက်နေတဲ့ကြားထဲကမှ ကျောင်းဆက်မတက်ချင်ဘဲ အလုပ်ပဲလုပ်ချင်ကြောင်း ဖခင်ကိုတိုင်ပင်ခဲ့တဲ့အတွက် ဖခင်နဲ့ရန်ဖြစ်ကာ အိမ်ကနေ ၂ လလောက် ထွက်ပြေးခဲ့ပါတယ်။

READ
Google Map က ဖုန်းနဲ့ချိတ်ဆက်ပြီး မြေပုံသွားလမ်းညွှန်လုပ်ဆောင်ချက်အသစ် ဖန်တီး

နောက်မှာတော့ အဖေဖြစ်သူကပဲ အရှုံးပေးလိုက်ပြီး ၁၄ နှစ်သား Kwek ကို သနဲ့အတူတူအလုပ်လုပ်ဖို့ အလုပ်သွင်းပေးခဲ့ကာ သန့်ရှင်းရောလောကထဲ စဝင်လာခဲ့တာပါ။ စစချင်းမှာတော့ ၄ ပုံပုံရင် ၃ ပုံလောက်ပဲ လစာရခဲ့ပေမယ့် တစ်နှစ်တောင်မကြာတဲ့အချိန်မှာပဲ Kwek ရဲ့ ကြိုးစားမှု၊ စေ့စပ်မှုတို့ကြောင့် supervisor ရာထူးတိုးပေးခဲ့ကာ စင်္ကပူဒေါ်လာ ၈၀၀ စရခဲ့ပါတော့တယ်။ နောက်နှစ်နည်းနည်းလေးကြာတော့ စီနီယာ supervisor အဖြစ် National Service မှာ စင်္ကပူဒေါ်လာ ၁၁၀၀ နဲ့ အလုပ်ရခဲ့ပြီး ၁ လတောင်မခံလိုက်ပါဘူး။ အဲဒီအချိန်တုန်းက သူနဲ့ချစ်လို့ဆိုပြီး တွဲနေတဲ့ ကောင်မလေးကလည်း အနာဂတ်မရှိတဲ့သန့်ရှင်းရေးဝန်ထမ်းမလို့ မတွဲနိုင်တော့ဘူးလို့ပြော၊ အလုပ်မှာလည်း သူ့ရဲ့ခိုကပ်မ့တွေကြောင့် ကိုယ်တိုင်ထွက်ခဲ့ရချိန်နဲ့ တော်တော်လေးကို ခက်ခဲသွားခဲ့ပါတော့တယ်။

Straits Times/Facebook

ကြံရာမရတဲ့အဆုံး အရင်ကုမ္ပဏီကို ပြန်သွားကာ အင်ဂျင်နီယာဗဟုသုတတွေ တီးမိခေါက်မိရှိနေတဲ့ Kwek ဟာ sub contractor အဖြစ် အလုပ်လုပ်ခဲ့ပြီး တစ်လကို စင်္ကာပူဒေါ်လာ ၂၅,၀၀၀ လောက်ဝင်ငွေရခဲ့ပါတော့တယ်။ ငွေလေးကလည်းရွှင်၊ အသက်ကလည်း ၂၅ နှစ်တောင် မပြည့်သေးချင်တော့ အပေါင်းအသင်းတွေရဲ့ စကားတွေကို နားရောင်ပြီး သုံးလိုက်ဖြုန်းလိုက်တာ ကုမ္ပဏီကသိသွားပြီး အလုပ်ဖြုတ်ပစ်လိုက်တဲ့အထိပါပဲ။ ကံကေင်းချင်တော့ တစ်လတောင်မကြာတဲ့အချိန်မှာပဲ နောင်တတွေကြားထဲက နောက်အလုပ်အသစ်တစ်ခုကို ရခဲ့ပေမယ့် ထပ်ကံဆိုးချင်ပြန်တော့ အလုပ်အတူတွဲလုပ်တဲ့လူတွေဟာ နိုင်ငံခြားကတရားမဝင်လုပ်သားတွေကို ခိုင်းစေမှုကြောင့် သူပါအဖမ်းခံခဲ့ရပါတော့တယ်။ ခဏလောက်ပဲကြာပါတယ်။ ထောင်ထဲကပြန်လွတ်လာတဲ့အခါ WIS ကုမ္ပဏီမှာ ၁၀ နှစ်လောက် လိမ်လိမ်မာမာအလုပ်လုပ်ခဲ့ပြီး အခု CEO ဖြစ်နေတဲ့ Primech ကို ထပ်ပြောင်းလာခဲ့ပါတယ်။

READ
မထင်မှတ်ပဲ တပည့်တွေဆီကရတဲ့အကူအညီကြောင့် ၀မ်းသာမျက်ရည်ကျခဲ့ရတဲ့ကျောင်းဆရာ
Straits Times/Facebook

သူပြောင်းလာတုန်းက Primech ဟာ ဝန်ထမ်း ၂၀၀ လောက်နဲ့ တစ်လကို စင်္ကာပူဒေါ်လာ ၅ သိန်းလောက်နဲ့သာ လည်ပတ်နေတဲ့ ကုမ္ပဏီသေးလေးတစ်ခုပါ။ Primech မှာ ခြေငြိမ်ငြိမ်နဲ့အလုပ်လုပ်ခဲ့ရာ Kwek ရဲ့ကြိုးစားမ့ကြောင့် အခုလို CEO ရာထူးအဖြစ် ခန့်အပ်ခံရခဲ့ပြီး ကုမ္ပဏီရှယ်ယာရဲ့ ၁၀% ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင်ကိုမှ A&P Maintenance Service တို့၊ Maint-Kleen တို့လိုမျိုး သန့်ရှင်းရေးနဲ့အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီကုမ္ပဏီတွေဟာ ချန်ဂီလေဆိပ်၊ UOB နဲ့ တခြားသော ဇိမ်ခံဟိုတယ်ကြီးပေါင်း ၂၅ လုံးတို့အတွက် landscape တွေ၊ pest control တို့ကိုပါ တာဝန်ယူဆေင်ရွက်ပေးနေရတာပါ။

Turning Point: From cleaner to CEO

Mr Vernon Kwek, a secondary school dropout, went from being made bankrupt and going to jail twice to a CEO of a cleaning company. This is his story of perseverance: http://str.sg/ot9f

Posted by The Straits Times on Saturday, July 27, 2019

Kwek ကတော့ သူ့ကိုနာအောင်ပြောခဲ့တဲ့ ရည်းစားဟောင်းကို စိတ်မနာတော့ဘဲ သူမကြောင့် တွန်းအားတစ်ခုဖြစ်ခဲ့ပြီး ဒီအချိန်အထိ ရပ်တည်နိုင်သွားတဲ့အတွက် ကျေးဇူးတကယ်တင်ပါတယ်တဲ့။

Penny

 

 

SHARE