ခြင်တွေကို ပြေးစေနိုင်တဲ့အစွမ်းရှိတဲ့ အကောင်းဆုံး အိမ်စိုက်ပန်းပင်များ

shutterstock/pilialoha, shutterstock/Yulia Plekhanova

ခြင်တွေဟာ လူတွေကို လစ်ရစ်လစ်သလို သွေးစုပ်ဖို့ ချောင်းနေတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ စိတ်ရှုပ်စရာကောင်းတဲ့အပြင် ရောဂါပိုးတွေကိုပါ သယ်ဆောင်လာလေ့ရှိပါတယ်။ ခြင်တွေကို ဝေးဝေးပြေးစေဖို့အတွက်ဆိုရင်တော့ လူအများစုက ဓာတုပစ္စည်းတွေပါတဲ့ ခြင်နိုင်ဆေး၊ ဖြန်းဆေးရည်တွေကို အသုံးပြုကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီဓာတုအရည်တွေဟာ လူ့ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုပြီး သဘာဝအလျောက် ခြင်ပြေးနိုင်တဲ့ နည်းလမ်းတွေကို သုံးလာကြပါတယ်။ အခုအခါမှာတော့ goodlivingguide မှာ တွေ့ရတဲ့ ခြင်ပြေးအိမ်စိုက်ပင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လာဗင်ဒါ

shutterstock/Yulia Plekhanova

ခရမ်းရောင်လာဗင်ဒါပန်းပွင့်လေးတွေဟာ မျက်စိပသာဒရှိပြီး ကြည့်ကောင်းရုံတင်မကပါဘူး။ သူ့ရနံ့ဟာလည်း ခြင်တွေနဲ့ အခြားအင်းဆက်ပိုးကောင်တွေကို မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ လာဗင်ဒါရဲ့ ရနံ့ကတော့ ၄င်းရဲ့ အရွက်တွေမှာရှိတဲ့ အဆီတွေက လာတာ ဖြစ်ပါတယ်။ လာဗင်ဒါရဲ့ ရနံ့ပြင်းပြင်းတွေဟာ လူတွေထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို ခြင်တွေ အနံ့မခံနိုင်အောင် ကာဆီးနိုင်တယ်လို့လည်း သိရပါတယ်။

READ
ကိုယ်ရဲ့အသည်းတခြမ်းကိုတွေ့ပြီဆိုတာ သေချာနေတဲ့အချက်များ

စပါးလင်

Shutterstock/20June

စပါးလင်ပင်တွေမှာ စစ်ထရိုနဲလားခေါ်တဲ့ သဘာဝအင်းဆက်ပြေးကွန်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ စပါးလင်ပင်တွေကို အိုးလေးတွေနဲ့ အိမ်ရှေ့ဆင်ဝင်၊ အိမ်ပေါက်ဝတွေအနီးမှာ ထားတဲ့အခါ ခြင်တွေမလာနိုင်ပါဘူး။ စပါးလင်ပင်တွေဟာ ခြင်တွေပြေးစေရုံတင်မကပါဘူး။ အာရုံကြောကိုတည်ငြိမ်စေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်စေခြင်းနဲ့ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ကြောင်ဆေးပင်

shutterstock

ကြောင်ဆေးပင်မှာ နက်ပီတာလက်တုန်းလို့ခေါ်တဲ့ ထူးခြားတဲ့အဆီတစ်မျိုး ပါဝင်ပါတယ်။ ဒီအဆီဟာ ခြင်တွေကို နှိမ်နင်းရာမှာ အရမ်းအစွမ်းထက်တဲ့အဆီ ဖြစ်ပါတယ်။ ကြောင်ဆေးပင်တွေဟာ ခပ်မြင့်မြင့်ထိ ပေါက်ရောက်နိုင်တဲ့ အပင်တွေဖြစ်တဲ့အတွက် မြင်ကွင်းမကွယ်စေတဲ့ နေရာမျိုးတွေမှာ စိုက်ပျိုးလို့သင့်ပါတယ်။

ရို့စ်မေရီ

shutterstock/pilialoha

ရို့စ်မေရီပင်တွေဟာ အစားအသောက်ကို အရသာရှိအောင် စွမ်းဆောင်ပေးနိုင်ရုံတင်မကပါဘူး။ ဥယျာဉ်ထဲမှာ ခြင်တွေပြေးအောင်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။ ရို့စ်မေရီပင်တွေရဲ့ သစ်သားနံ့ကို ခြင်တွေက မကြိုက်ကြပါဘူး။ ရို့စ်မေရီပင်ကို ခြင်ပြေးဖို့အတွက် သုံးနိုင်တဲ့အပြင် ၄င်းရဲ့အဆီဟာဆိုရင် ခြင်တွေမလာနိုင်အောင် ကာကွယ်ပေးရာမှာ အထူးထိရောက်မှု ရှိပါတယ်။

READ
မိဘကို အိမ်အလုပ်ကူပေးချင်တဲ့ ကလေးတွေဖို့ တီထွင်လိုက်တဲ့ ဖုန်စုပ်စက်လေး

ကြက်သွန်ဖြူပင်

shutterstock/Meena Meese

ကြက်သွန်ဖြူပင်ဟာ အီတလီအစားအသောက်တွေမှာတော့ ထူးခြားတဲ့ အနံ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ကြက်သွန်ဖြူပင်ဟာ အိမ်နားမှာ တစ်ဝဲလည်လည်ဖြစ်နေတဲ့ခြင်တွေကို မောင်းထုတ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ အိမ်ထဲမှာ ပန်းခင်းလေးရှိရင်ပဲဖြစ်ဖြစ် သီးနှံစိုက်ခင်းလေးရှိရင်ပဲ ဖြစ်ဖြစ် အခင်းထဲမှာ ကြက်သွန်ဖြူပင်လေးတွေ စိုက်ပျိုးထားသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE