ဝေဟင်အမြင့် ပေသောင်းချီက လေထီးမပါပဲပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့အမျိုးသမီး

Vesna Vulović  အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ သာမန်လူတစ်ဦးအနေနဲ့ ဘယ်လိုနည်းနဲ့မှ အသက်ရှင်နိုင်ဖွယ်မရှိတဲ့ လေယာဉ်ပျက်ကျမှုတစ်ခုမှာ အံ့အားသင့်ဖွယ်ရာ အသက်ရှင်ကျန်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ အမြင့်ပေသောင်းချီရှိတဲ့ဝေဟင်အမြင့်ကနေ လေထီးအကူမပါပဲပြုတ်ကျခဲ့ပေမယ့် အသက်မသေခဲ့ပဲ နောက်ထပ်(၄၄)နှစ်အကြာမှသာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူမဟာ (၁၉၇၂)ခုနှစ်မှာ JAT လေယာဉ်အမှတ် ၃၆၇ နဲ့စတော့ဟုမ်းကနေ ဘာဂရိတ်ဒ်ကို လေယာဉ်စီးလာခဲ့ပါတယ်။ လေယာဉ်အမှုထမ်းတွေ အပါအ၀င် လူပေါင်း(၂၈)ယောက်တို့ဟာ လေယာဉ်ပေါ် လိုက်ပါလာခဲ့ကြပါတယ်။ လေယာဉ်က ပုံမှန်ပျံသန်းနေပေမယ့် အရှေ့ဂျာမနီိကို ရောက်တဲ့အခါမှာတော့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲတဲ့ဒဏ်ကြောင့် လေယာဉ်ဟာ နှစ်ပိုင်းပြတ်သွားပြီး ထိန်းချုပ်မှု ကင်းမဲ့သွားပါတယ်။ မြေပြင်ပေါ်ကို ကန်တော့ခွေ အနေအထားနဲ့ ချက်ကိုစလိုဗက်ကီးယားက ရွာလေးတစ်ရွာထဲ ပျက်ကျခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲဆိုဆို Vesna Vulović  ဟာ လေယာဉ်ပျက်ကျမှုထဲမှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ပါတယ်။ သူမအနေနဲ့ အခုလို လေယာဉ်ပျက်ကျမှုကနေ လွတ်မြောက်အောင် ဘယ်ပုံဘယ်နည်းနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ မသိရပါဘူး။

READ
Nick Vujicic နဲ့ Kanae Miyahara တို့ရဲ့ ကြည်နူးစရာ ချစ်ဇာတ်လမ်း

Vesna Vulović က အစားအသောက်ထည့်တဲ့ခြင်းဟာ သူမကို လေယာဉ်အနောက်ဘက်ပိုင်းမှာ ခါးပတ်တစ်ခုလို အသေချိတ်ဆွဲထားပြီး အပြင်ကို လွင့်စင်ပြီး စုပ်ထုတ်ခံရမယ့်ဘေးက ကာကွယ်ပေးခဲ့တယ်လို့ ပြောပြပါတယ်။ ဒါ့အပြင် သူမ ဟာ သွေးပေါင်ချိန်လည်း ကျနေခဲ့ပြီး ဆိုးဝါးတဲ့ ပေါက်ကွဲမှုကြောင့် ချက်ခြင်းပဲ သတိမေ့သွားခဲ့ကြောင်းလည်း သိရပါတယ်။

Vesna Vulović ဟာမီတာအမြင့်(၁၀,၁၆၀)ကနေ ပြုတ်ကျခဲ့ပေမယ့် အသက်ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်အပျက်အစီးတွေကြားမှာ ရှိနေတဲ့သူမကို Bruno Henke ဆိုသူ အမျိုးသားကတွေ့ရှိခဲ့ပြီး ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ အသက်အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပေမယ့် သူမဟာ ဦးခေါင်းခွံရိုးအက်သွားတဲ့အပြင် ခြေထောက်နှစ်ချောင်းစလုံးကျိုးသွားခဲ့ပြီး ကျောရိုးအဆစ်(၃)ခု ကျိုးကြေသွားခဲ့ပါတယ်။

တစ်လလောက်ဆေးရုံမှ သတိမေ့နေခဲ့ပြီးနောက်မှ Vesna Vulović ရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။ အံ့သြဖွယ်ရာ လေယာဉ်ပျက်ကျပေမယ့် သေကံမရောက်ခဲ့တဲ့ Vesna Vulović ဟာအမြင့်ပေ ပေါင်းသောင်းချီတဲ့ ဝေဟင်ကနေပြုတ်ကျပြီး အသက်ရှင်သန်ခဲ့သူ အဖြစ်ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါသေးတယ်။ သူမက(၂၀၁၆)ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

READ
အရက်နဲ့မူးယစ်ဆေးဝါးတို့ရဲ့ သားကောင်ဘ၀မှ ရုန်းထွက်ခဲ့တာ(၁၀) နှစ်ပြည့်ပြီဆိုတဲ့ အမ်မီနမ်

လင်းလင်း (ShweMom)

Ref: theculturetrip

SHARE