နွားနောက်တွေစားတဲ့ဟော်မုန်းဆေး စားမိလို့ အထန်စိတ်လွန်ကဲပြီး ဆေးရုံရောက်ခဲ့သူ

Twitter / rachfeed

မက္ကဆီကိုနိုင်ငံ၊ ဗာရာခရုဇ်မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့အဖြစ်ကတော့ ရယ်ပဲရယ်ရမလား၊ သနားပဲသနားရမလားတောင် မသိတော့ပါဘူး။ သူက နွားတွေ မိတ်လိုက်ချိန်မှာသုံးတဲ့ ဟော်မုန်းအားတိုးဆေး (Viagra) ကို သောက်မိခဲ့တာဖြစ်ပြီး အားပြင်းလွန်းတဲ့ဆေးကြောင့် သူ့ရဲ့ယောင်္ကျားအင်္ဂါဟာ (၃)ရက်ဆက်တိုက် ထောင်မတ်နေခဲ့ပြီး ဆေးရုံရောက်သွားခဲ့ရတာပါ။

အစပိုင်းမှာတော့ သူ့ကိုယ်သူ ကျေနပ်နေခဲ့သေးပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခံစားမှုတွေ အဆင်မပြေဖြစ်လာခဲ့ပြီး တစ်ကိုယ်လုံးပူလောင်လာခဲ့သလို နှလုံးခုန်နှုန်းတွေလည်း မြန်လာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူ့အခြေအနေကို သူကိုယ်တိုင်စိုးရိမ်ပြီး အနီးအနားမှာရှိသူတွေကို အသိပေးကာ ဆေးရုံဆီ ပြေးခဲ့ရပါတော့တယ်။

ဒါပေမယ့် ဆေးရုံရောက်တဲ့အခါမှာလည်း ဒီလိုအဖြစ်မျိုးအတွက် ဖြေဆေးမရှိလို့ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရပါသေးတယ်။

READ
ကျားဟိန်းသံကြောင့်အကြောက်လွန်ပြီး နှလုံးခုန်ရပ်သေဆုံးခဲ့သည့်မျောက်(၁၂)ကောင်

နောက်ဆုံးမှာတော့ ဆရာဝန်တွေက သူ့ကို ခွဲစိတ်မှုအနည်းငယ် ပြုလုပ်ပေးခဲ့ရပြီး ပုံမှန်အခြေအနေကို ပြန်ရောက်သွားစေခဲ့တာပါ။

ရေနိုဆာမြို့ရဲ့ ဆေးရုံကို သူက သွားရောက်တက်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ ဆရာဝန်တွေကပြောပြခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီလို တိရစ္ဆာန်ဟော်မုန်းဆေးတွေသောက်လာခဲ့လို့ ဆေးရုံရောက်လာသူတွေထဲမှာ သူက ပထမဆုံးမဟုတ်ခဲ့ပါဘူး။ အဲဒီဆေးတွေကို စမ်းပြီး သုံးကြည့်မိလို့ ဆေးရုံကို ရောက်လာခဲ့သူပေါင်း (၅)ဦး ကျော်သွားခဲ့ပြီလို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဗြိတိန်နိုင်ငံသားတစ်ဦး အဲဒီလိုဖြစ်ခဲ့သေးလို့ ဆေးရုံရောက်လာခဲ့သေးတယ်လို့ ဆိုပါတယ်။

READ
ဆန်တာကလော့စ်လိုဝတ်ဆင်ပြီး Trump ဓာတ်ပုံကို ဖျက်ဆီးကာ ဆန္ဒပြခဲ့သူ

အဲဒီတုန်းကတော့ ဂျက်ဇ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ ဒီ့ထက်ဆိုးတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ယောင်္ကျားအင်္ဂါက နှစ်ပတ်ကြာထောင်မတ်နေခဲ့လို့ သေမလိုဖြစ်ခဲ့သေးတာပါ။

ဆရာဝန်တွေက အမျိုးသားတွေဟာ သူတို့ရဲ့ စွမ်းအင်ကို ဒီဆေးတွေက ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ ယူဆနေကြပြီး တကယ်တမ်းမှာတော့ သူတို့ခံနိုင်တဲ့ ပမာဏထက် အများကြီး လွန်ကဲနေတဲ့ဆေးတွေဖြစ်ကြတယ်လို့ ပြောပြခဲ့ပါတယ်။

Linn

SHARE