ဘက်ခမ်နဲ့ ခေတ်ဆန်တဲ့အမျိုးသမီးတစ်ဦးတို့ရဲ့ခင်မင်မှုကို ဒေါသဖြစ်နေတဲ့ Victoria

ဗစ်တိုးရီးယားဘက်ခမ်ဟာ ခေတ်ဆန်ပြီး ပွဲလမ်းသဘင်တွေကိုနှစ်သက်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Mary Charteris နဲ့ ယောင်္ကျးဖြစ်သူ ဒေးဗစ်ဘက်ခမ်တို့ရဲ့ လိုအပ်တာထက် ပိုတဲ့ခင်မင်မှုအပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဗစ်တိုးရီးယားဟာ ဒေးဗစ်အပေါ်မှာ မေရီက လွှမ်းမိုးမှုတွေရှိလာမှာကို စိုးရိမ်လျက်ရှိနေတဲ့အကြောင်း The Sun သတင်းစာမျက်နှာမှာ တွေ့ရှိထားပါတယ်။

ALAMY

ဘက်ခမ်ဟာ ဗစ်တိုးရီးယားကြောင့် ခရီးထွက်နေရပြီး အတူတူရှိမနေတဲ့အခါမျိုးမှာ မေရီနဲ့အပြင်လျှောက်လည်တတ်တယ်လို့ သိရပါတယ်။ မေရီဟာ ဘက်ခမ်မောင်နှံနဲ့ Glastonbury ဂီတပွဲတော်မှာ သူငယ်ချင်းဖြစ်သူ Dave Gardner ရဲ့ မိတ်ဆက်ပေးမှုနဲ့ အသိမိတ်ဆွေဖြစ်လာကြတာပါ။ အဲဒီကတည်းကဗစ်တိုးရီးယားက မေရီကိုမနှစ်သက်ဘူးလို့သိရပါတယ်။ London မြို့က Chiltern Firehouse မှာကျင်းပတဲ့ပါတီတစ်ခုမှာလည်း လူတစ်ယောက်က သူမကိုစကားပြောဖို့ ကြိုးစားလာတာကို ဒေးဗစ်က ကာကွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

REX FEATURES

အသက် (၃၀)အရွယ်ရှိတဲ့ မေရီဟာ ရဲတင်းပြီး ပွဲကြိုက်တဲ့မိန်းကလေးအဖြစ် လူသိများပါတယ်။ ပန့်ခ်ဂီတအဖွဲ့ The Big Pink က Robbie Furze နဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ သူ့ခင်ပွန်းတို့ဟာ လက်ရှိမှာ အတူနေထိုင်ခြင်းမရှိဘဲ မေရီက အင်္ဂလန်မှာနေပြီး ခင်ပွန်းဖြစ်သူကတော့ LA မှာ အနေများတယ်လို့ သိရပါတယ်။ မေရီဟာ စူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကိတ်မော့စ်နဲ့ ရော့ခ်အဆိုတော် ဂျေမီဟန့်စ်တို့ကြားထဲကိုလည်း ၀င်ရှုပ် ခဲ့ဖူးပြီး ၂၀၁၃ခုနှစ်က ပါတီတစ်ခုမှာ ကိတ်က ဒေါသထွက်လွန်းတဲ့အတွက်ကြောင့် မေရီကို ရေကူးကန်ထဲ တွန်းချခဲ့တယ်လို့ဆိုပါတယ်။

READ
ခြေထောက်ကိုဓာတ်ပုံရိုက်ပြီး တစ်နှစ်ကို ပေါင်(၅၅,ဝဝဝ)ရနေတဲ့ မော်ဒယ်
THE PICTURE LIBRARY LTD

ဗစ်တိုးရီးယားဟာ ဘက်ခမ်ရဲ့ လူနေမှုပုံစံနဲ့ပတ်သက်ပြီး ဘောလုံးကစားစဉ်ကထက် စီးပွားရေးလုပ်ငန်းတွေက ၀င်ငွေပိုဝင်နေသော်လည်း စိတ်မသက်မသာဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ဗစ်တိုးရီးယားဟာ ဘက်ခမ်ရဲ့ ပါတီတွေ တက်ပြီး ပျော်ပျော်နေတတ်တဲ့ လူနေမှုပုံစံကို သဘောမကျဖြစ်နေတာ ဖြစ်ပါတယ်။

GETTY – CONTRIBUTOR

Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ ဗစ်တိုးရီးယားက သူမရဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်းကို အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ လုပ်ငန်းအခြေအနေနဲ့ ပစ္စည်းထုတ်ပိုးပုံအကြောင်းတွေကို ဗစ်တိုးရီးယားက ပြောဆိုရတာနှစ်သက်ပေမယ့် ဘက်ခမ်ကတော့ ပျင်းစရာကောင်းတယ်လို့ ထင်နေတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE