ဗစ်တိုးရီးယားဘက်ခမ်းကို အမျိုးသားတစ်ယောက်နဲ့ လက်ချင်းချိတ်သွားနေတာကို တွေ့ခဲ့ရ…

ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းနဲ့ ကလေး လေးယောက်စလုံး ၀င်ဘာလေကွင်းမှာ ကျင်းပတဲ့ နေရှင်နယ်လိဂ် ဖိုင်နယ်ပွဲကိုရောက်နေချိန် ဇနီးသည် ဗစ်တိုးရီယားကလည်း နယူးယောက်ခ်မြို့မှာ အမျိုးသားတစ်ယောက်ရဲ့အတူ ပြုံးရွှင်စွာရှိနေခဲ့တာကို တွေ့ရပါတယ်။

Felipe Ramales/SplashNews.com

အသက် ၄၅ နှစ်အရွယ် လက်ရှိ ဖက်ရှင် ဒီဇိုင်နာ အဖြစ်လုပ်ကိုင်နေတဲ့ သူမကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ တွေ့ခဲ့ရပြီး အမျိုးသားမိတ်ဆွေနဲ့ လက်ချင်းချိတ်ပြီး Madison Avenue ရှိ Kappo Masa ဆိုတဲ့ အဆင့်မြင့် ဂျပန်စားသောက်ဆိုင်ကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။

Felipe Ramales/SplashNews.com
Felipe Ramales/SplashNews.com

အဲ့ဒီချိန် ဒေးဗစ်ကတော့ သူ့အသင်း Salford အသင်း အနိုင်ရလို့ အောင်ပွဲခံနေချိန်ပေါ့။ အဲ့ဒီလိုပဲ အရင်တစ်ခေါက်ကလည်း ဒေးဗစ်တစ်ယောက် မော်ဒယ်မလေးတစ်ယောက်နဲ့ ခါးဖက်ထားတဲ့ ပုံတွေ ထွက်လာခဲ့ပါသေးတယ်။

Felipe Ramales/SplashNews.com

အခု ဗစ်တိုးရီးယားနဲ့ တွဲတွေ့ရတဲ့ အမျိုးသားကတော့ ဒဲရက် ဘလက်စ်ဘတ်ဂ်ျဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ၄င်းက သူမရဲ့ နောက်ဆုံး လုပ်ငန်း စွန်စားမှုတို့ကို တစ်ဖွဲ့တည်း လုပ်ကိုင်ခဲ့သူလို့ သိရပါတယ်။

READ
အဖော်အချွတ်ခန်းမှာ မင်းသမီးရဲ့ကိုယ်စား သရုပ်ဆောင်ဖို့  Breast Model ပြိုင်ပွဲကျင်းပ

Ref: The Mirror

Matthew (ShweMOM)
SHARE