ကမ္ဘာ့အလှဆုံး ငှက်တွေထဲမှာပါတဲ့ ငှက်ကြီးမျိုးစိတ်ဝင် သရဖူဆောင်းခိုငှက်

https://www.facebook.com/thevirginiazoo/

ကမ္ဘာ့အလှဆုံး ငှက်ထဲမှာ အပါအဝင်ဖြစ်တဲ့ Victoria Crowned Pigeon လို့ခေါ်တဲ့ သရဖူဆောင်းခိုငှက်မျိုးစိတ်ဟာ ငှက်ကြီးမျိုးစိတ်ဖြစ်ပြီး၊ ကြက်ဆင်တစ်ကောင်လောက်အထိ အရွယ်အစားကြီးနိုင်ကြောင်း သိရပါတယ်။ တောက်ပတဲ့ အပြာရောင် ငှက်မွေးတွေ၊ အပြာရောင် သရဖူပုံစံအမောက်က တစ်ခြား ခိုမျိုးစိတ်နဲ့မတူ ကွဲပြားပါတယ်။

သူတို့တစ်တွေ အရွယ်ရောက်လာပြီဆိုရင် ခန္ဓာကိုယ်က အလွန်ကြီးမားလာပြီး၊ အလွန်ကြည့်လို့ ကောင်းပါတယ်။ Goura မျိုးစိတ်ဝင်ဖြစ်ပြီး၊ မြေမှာထဲမှာ အသိုက်ဆောက်နေတဲ့ ခိုမျိုးစိတ်ထဲမှာတော့ အလှဆုံးနဲ့ ချစ်စရာအကောင်းဆုံး မျိုးစိတ်ဖြစ်ပါတယ်။

Virginia Zoo/Facebook
Virginia Zoo/Facebook

သရဖူဆောင်းခိုတွေရဲ့ မျိုးရင်းဒေသကတော့ New Guinea နယ်မြေဖြစ်ပြီး၊ သက်တော်ရှည် ဗြိတိန်ဘုရင်မကြီးကို အစွဲပြုကာ Victoria Crowned Pigeon လို့ ခေါ်ကြပါတယ်။ ဒီနာမည်က ခေါင်းပေါ်က သရဖူပုံစံအမောက်ပါလို့ အတော်လေးကို လိုက်ဖက်တဲ့ နာမည်ဖြစ်ပါတယ်။

ဒီခိုငှက်တွေကို အများအားဖြင့် တွေ့ရဖို့ မလွယ်တောပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ လှောင်အိမ်နဲ့ မွေးမြူကြပြီး၊ သူတို့သဘာဝအရတော့ အနည်းငယ် ဆန့်ကျင်နေပါတယ်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ပြီး၊ Goura မျိုးစိတ်လေးမျိုးအနက် (၃)မျိုးသာ ကမ္ဘာပေါ်မှာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Virginia Zoo/Facebook
Virginia Zoo/Facebook

သစ်တောများပျက်စီးခြင်းဟာ Goura  ခိုမျိုးစိတ်အတွက် အထူးခြောက်လှန့်မှုတွေဖြစ်ပြီး၊ IUCN Red List of Threatened Species ထဲမှာ စာရင်းသွင်းခံထားရပါတယ်။ အမသရဖူးဆောင်းခိုတွေဟာ မိတ်လိုက်တဲ့ ရာသီမှာ ဥတစ်လုံးသာဥပြီး၊ ဒါဟာ သူတို့ခိုမျိုးစိတ်အတွက်တော့ လုံလောက်တဲ့ မျိုးဆက်တွေ မဟုတ်သေးပါဘူး။

Virginia Zoo/Facebook

နောက်ပြီး သူတို့တစ်တွေဟာ ဆန့်ကျင်ဘက်နဲ့ မိတ်လိုက်နိုင်ဖို့ ကပြစွဲဆောင်လေ့ရှိပြီး၊ အတော်လေးကို အနုပညာကျကျ ကပြနိုင်ကြသူများဖြစ်လို့၊ ငှက်တွေထဲမှာ သူတို့လောက် အကတော်တဲ့သူ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ အထီးတွေဟာ အကဘက်မှာ ဆရာကြီးတွေဖြစ်ပြီး၊ အမသတ္တဝါ ကြွေအောင် ကပြရပါသတဲ့။

လင်းသူရိန်

READ
(၂၀၁၈) ခုနှစ် ရေအောက်သမုဒ္ဒရာဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ

Ref : Boredpanda , Wikipedia , National Geographic

SHARE