ဒီလုပ်ငန်းကိုစတင်တည်ထောင်ခဲ့တုန်းက Victoria Murphy ဟာ အသက် ၂၅ နှစ်တောင်မရှိသေးပါဘူး။ သူမဟာ စကော့တလန်ကတက္ကသိုလ်တစ်ခုမှာ Event Management နဲ့ဘွဲ့ရရှိခဲ့ပါတယ်။ အရင်တုန်းကတော့ အလှပြင်ဆိုင်တွေမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် ကိုယ်ပိုင်လုပ်ငန်းလေးလည်းတည်ထောင်ချင်ပြီး သူများလက်အောက်ဝန်ထမ်းလုပ်ရတာ ငွေကြေးရော၊ သူမစိတ်ကူးနဲ့ရော မကိုက်တာကြောင့် အလုပ်ထွက်ကာ အခုလိုပဲစွန့်စားခဲ့တာပါ။

သူမနေထိုင်ရာ Edinburgh မှာတော့ သန်ရှင်းရေးလုပ်ပေးတဲ့ဝန်ဆောင်မှုအဖွဲ့လေးတွေ ပေါများပေမယ့် Victoria တည်ထောာင်ထားတဲ့သန့်ရှင်းရေးလုပ်ငန်းလေးကတော့ တခြားတွေနဲ့မတူဘဲတမူထူးခြားလျက်ရှိပါတယ်။ တမူးထူးခြားနေတဲ့အတွက်ကြောင့်ပဲ ဈေးကလည်း တစ်နာရီကို၇၅ယူရိုနီးနီး ပေးနေရတာပါ။
သူမရဲ့အဖွဲ့မှာတော့ လူ ၁၅ ယောက်ရှိပြီး အဲဒီအထဲက ၃ ယောက်ကတော့ အမျိုးသားတွေပဲဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူမနဲ့အဖွဲ့ဟာသန့်ရှင်းရေးဝန်ဆောင်မှုအပြင်ကိုမှ အလုပ်ရှင်တွအတွက် စိတ်လှုပ်ရှားစရာလည်းဖြစ်အောင် ဆွဲဆောင်မှုရှိရှိနည်းလမ်းလေးဖြစ်တဲ့ အောက်ခံအဝတ်တွေနဲ့သာ သန့်ရှင်းရေးလုပ်ပေးကြတာပါ။
အတွင်းခံလေးတွေနဲ့ အိမ်သန့်ရှင်းရေးလုပ်ပေးတဲ့အဖွဲ့ဆိုပြီး နာမည်ကြီးလာကာ နောက်ပိုင်းမှာ တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။ အတွင်းခံနဲ့အလုပ်လုပ်ရတယ်ဆိုပေမယ့် Victoria ဟာ သူမရဲ့အဖွဲ့လုံခြုံရေးနဲ့ ထိကပါးရိကပါးအလုပ်မခံရဖို့ကိုတော့ အထူးကြပ်မတ်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့အချိန်အထိ ဘယ်လိုမျိုးစိတ်အနှောက်အယှက်ဖြစ်စရာကိစ္စမှာ မကြုံတွေ့ရသေးတာပါ။

လုပ်ငန်းနာမည်ကို Glimmer လို့နာမည်ပေးထားပြီး တစ်ခါတစ်ခရံအလုပ်အပ်သူတွေ တောင်းဆိုချက်အရ မိမွေးအတိုင်း၊ ဖမွေးအတိုင်း သန့်ရှင်းရေးလုပ်ရတဲ့ အခေါက်တွေရှိပြီး အဲဒီအခေါက်တွေမှာဆိုရင်တော့ သာမန်ထက်ကိုပိုပြီး ပိုက်ဆံရလေ့ရှိပါတယ်တဲ့။ တစ်နာရီစာဈေးတွေကတော့ အကြမ်းဖြင်းအနေနဲ့ အတွင်းခံနဲ့ဆိုရင် ၅၅ယူရို၊ အပေါ်ပိုင်းဗလာကျင်းရင်တော့ ၆၅ယူရိုနဲ့ ဘာမှမဝတ်ခိုင်းရင်တော့ ၇၅ယူရို ကျသင့်မှာပဲဖြစ်ပါတယ်။
သူမရဲ့အဖွဲ့ဝင်တွေကိုတော့ တကယ့်ကိုမှသန့်ရှင်းရေးအပိုင်းမှာ အတွေ့အကြုံရှိပြီး တတ်ကျွမ်းတဲ့လူတွေကိုသာ ရွေးချယ်ထားပြီး ဗလာကျင်းထားတဲ့အနေအထားမှာ အိမ်ရှင်တွေနဲ့ပြောဆိုဆက်ဆံရမှာမို့လို့ မလိုအပ်တဲ့ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်းတွေ မဖြစ်လာစေဖို့အတွက် အကျင့်စာရိတ္တကောင်းသူကိုသာ အဓိကထားရွေးချယ်ထားတယ်လို့ဆိုပါတယ်။

စစချင်းသူမကိုအလုပ်အပ်မယ့်သူတွေဟာ အမျိုးသားတွေဖြစ်မယ်လို့ ခန့်မှန်းထားပေမယ့် အမျိုးသမီးတွေလည်း အလုပ်အပ်ကြတာတွေရှိပြီး များသောအားဖြင့် တစ်ယောက်တည်းဘဝကိုအထီးကျန်စွာဖြတ်သန်းနေကြတဲ့ အသက် ၃၀ နဲ့ ၈၀ ကြားတွေ များပါတယ်။ စည်းကမ်းချက်တစ်ခုအနေနဲ့ကတော့ သူ့ရဲ့ဝန်ထမ်းတွေနဲ့ အိမ်ရှင်တွေကြားထဲ အုလပ်ချိန်အတွင်း အသားချင်းထိတွေ့တာ၊ နှစ်ယောက်တည်း မမြင်ကွယ်ရာမှာရှိနေတာတွေကို အပြင်းအထန်တားမြစ်ထားပါတယ်။
သူမအလုပ်လုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာတော့ အိမ်ရှင်တွေနဲ့တစ်ဖွဲ့လုံးက စကားလက်ဆုံကျပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်လုပ်ရတာမျိုးတွေ အမြဲတမ်းလိုလို ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့လုပ်ငန်းကို သူငယ်ချင်းတွေရော မိဘတွေကပါ တစ်စုံတစ်ရာမဝေဖန်ဘဲ သဘောတူကာအားပေးခဲ့ကြပါတယ်။ လုပ်ငန်းတို့ချဲ့ဖို့အတွက်လည်း အခုဆိုရင် လူအင်အားစုနေပြီဖြစ်ပြီး မကြာခင်မှာ စကော့တလန်မှာတင်သာမကဘဲ UK တစ်ခွင်လုံးပတ်ကာ လုပ်ငန်းကိုမိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာကိုယ်ပိုင်လုပ်ငန်းလုပ်နေပေမယ့် နောက်ထပ်တစ်ဖက်မှာလည်း Victoria ဟာ လက်သည်းအလှဖန်တီးရှင်အဖြစ် အချိန်ပိုင်းလုပ်ကိုင်ကာ အဲဒီအပိုင်းကိုကျွမ်းကျင်အောင် အတွေ့အကြုံယူနေပါသေးတယ်။
Source: The Sun
Penny