၂၀၁၉ မှာ မကြည့်ရဖို့သေချာသွားပြီဖြစ်တဲ့ Victoria’s Secret Fashion Show

[email protected]

Victoria’s Secret Fashion Show ဟာ ကျွန်တော်တို့အနေနဲ့ နှစ်တိုင်းစောင့်ကြေည့်နေကျဖြစ်တဲ့ ရှိုးတစ်ခုဖြစ်ပါတယ်။ ပင်တိုင်မော်ဒယ်တွေဆိုတာလည်းလှ၊ တစ်နှစ်နဲ့တစ်နှစ်တင်ဆက်ပုံတွေလည်းမတူ၊ နောက် လာရောက်ဖျော်ဖြေပေးကြတဲ့အနုပညာရှင်တွေဆိုတာဟာလည်း တစ်နှစ်ပြီးတစ်နှစ်မရိုးနိုင်အောင် နာမည်ကြီးတွေပဲဆိုတော့လေ။

ဒါပေမဲ့လည်း ဒီလိုနာမည်ကြီးဖက်ရှင်ရှိုးကြီးဟာ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်တော့မှာမဟုတ်ပါဘူးတဲ့။

Victoria’s Secrete Fashion Show ဟာ ၁၉၉၅ ခုနှစ်ရဲ့ သြဂုတ်လ ၁ ရက်နေ့တုန်းက စတင်လုပ်ဆောင်ခဲ့ရင်းနေလာခဲ့တာ ၂၄ နှစ်တိတိတိုင်သွားခဲ့ပါပြီ။ အရင်အတိုင်းပဲ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တုန်းကလည်း နယူးယောက်မှာ fashion show ကို မြိုင်ဆိုင်စွာကျင်းပနိုင်ခဲ့သေးပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်ရှိုးကများ Victoria’s Secret ရဲ့ နောက်ဆုံး fashion show တစ်ခုဖြစ်သွားတော့မှာလားဆိုတဲ့ မေးခွန်းတွေကတော့ စဉ်းစားစရာအခြေအနေတစ်ခုပါပဲ။

READ
ISISအဖွဲ့က လိင်ကျွန်ပြုခံခြင်းခဲ့ရသော အမျိုးသမီး ပြန်လည်လွတ်မြောက်
[email protected]
[email protected]

အရင်ဆုံး Victoria’s Secret fashion show ဟာ ဒီနှစ်ထဲရှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတော့ ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်တဲ့ Shaik ကနေပြီး ဇူလိုင်လကတည်းက မီဒီယာတွေကို ပြောကြားခဲ့ပြီးသားပါ။ ဒါပေမဲ့လည်း စီစဉ်သူတွေဖက်က တရားဝင်ထုတ်မပြောခဲ့သေးတဲ့အတွက်ကြောင့် အကျယ်တဝံ့မဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ Victoria’s Secret ရဲ့ မိခင်ကုမ္ပဏီ L Brands ကရော၊ CEO ကပါ ထုတ်ပြောလာခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ် show ဟာ မလုပ်ဖြစ်တော့ဘူးဆိုတာ သေချာသွားခဲ့တာပါ။

အကြောင်းကတော့ ရောင်းအားကြောင့်ပါတဲ့။ Victoria’s Secret အနေနဲ့ ရောင်းအားတွေထိုးကျတဲ့အတွက်ကြောင့် ရှယ်ယာဈေးကျကာ ကုမ္ပဏီတန်ကြေးငွေဟ တဖြေးဖြေးလျော့လာခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်မယ်လို့ ခန့်မှန်းမိခဲ့ပါတယ်။ Fortune ရဲ့ဖော်ပြချက်အရတော့ ဒီနှစ်ဆောင်းဦးရဲ့ရောင်းအားဟာ မနှစ်ကနဲ့ယှဉ်လိုက်မယ်ဆိုရင် ၇% အထိ ထိုးကျသွားခဲ့တာပါတဲ့။ ၂၀၁၆ ခုနှစ်ကတည်းက ရောင်းအားတွေကို ပြန်ကြည့်မယ်ဆိုရင် ကုမ္ပဏီကြီးတစ်ခုအနေနဲ့တော့ ဒီအတိုင်းသာ ရောင်းအားဆက်လက်ကျဆင်းနေမယ်ဆိုရင် စိုးရိမ်ဖွယ်ပါပဲ။ နောက်ပြီး ဆွဲခွဲတွေဟာဆိုရင်လည်း ဆယ်နဲ့ချီပြီးတောင် ပိတ်သိမ်းလိုက်ရခဲ့ပါပြီ။

READ
အားလပ်ရက်ခရီးစဉ်မှာ ထင်မထားတဲ့ ဓာတ်ပုံတွေ ရယူနိုင်ခဲ့လို့ ပျော်နေတဲ့ကောင်မလေး
[email protected]

ဒါကြောင့်လည်း ယခုနှစ်မှာ fashion show အတွက် ကုန်ကျငွေတွေကို marketing ဖက်မှာပဲ အသုံးချတော့မယ်ဆိုပြီး CFO Staurt Burgdoerfer က ပြောလာခဲ့ပါတယ်။

Victoria’s Secrete ဟာ အမျိုးသမီးဝတ် အတွင်းခံတွေ၊ ညဝတ်အိတ်နဲ့ တစ်ကိုယ်ရည်တစ်ကာယသံုးပစ္စည်းတွေကို အထူးထုတ်လုပ်နေတဲ့ fashion ကုမ္ပဏီတစ်ခုပါ။ အမျိုးသမီးတွေကြားမှာ အားပေးမှုအခိုင်အမာရထားခဲ့ပြီး လက်ခံနေတဲ့ ကုမ္ပဏီကြီးတောင်မှပဲ အခုလိုပြဿနာမျိုးတွေနဲ့ ကြုံတွေ့နရတယ်ဆိုတော့ တော်တော်လေးရင်လေးဖွယ်ပါပဲ။ မကြာသေးခင်ကလည်း fashion brand တစ်ခုဖြစ်တဲ့ Forever 21 ဟာလည်း ဒေဝါလီခံသွားခဲ့ရပြီးပါပြီ။

Victoria’s Secret fashion show တွေကိုရော နောက်နှစ်မှာတော့ ထပ်မြင်နိုင်ဦးပါ့မလား..

[email protected]

Penny

SHARE