တကယ့် Plus Size မော်ဒယ်နဲ့ ပထမဆုံးအကြိမ်လက်တွဲလိုက်ပြီဖြစ်တဲ့ Victoria’s Secret

[email protected]_tate_cutler

Victoria’s Secret ဆိုတာနဲ့ Elsa Hosk တို့ Gigi Hadid တို့ Jasmine Trookes တို့လို ပိန်ကပ်ပြီး ခြေတံရှည်ရှည်သွယ်သွယလျလျနဲ့ မော်ဒယ်မလေးတွေကို အရင်ဆုံးပြေးမြင်မိမှာပါပဲ။ မော်ဒယ်လောကမှာတော့ Victoria’s Secret ရဲ့ Angels ဖြစ်ဖို့ဆိုတာဟာ တက်သစ်စမော်ဒယ်မလေးတွေအတွက်ကတော့ စိတ်ကူးအိပ်မက်တစ်ခုပါပဲ။ ဒီလိုမော်ဒယ်တိုင်းရဲ့အိပ်မက်ဖြစ်တဲ့ Victoria’s Secret ကို ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ မော်ဒယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အချိုးစားတွေနဲ့ ညီနေရမှာပါ။ နိုင်ငံတကာမော်ဒယ် ဈေးကွက်မှာကလည်း ပိန်ကပ်နေတဲ့ ကောင်မလေးတွေမှ မော်ဒယ်ဖြစ်နိုင်တာကိုး။

[email protected]

နောက်ပိုင်းတဖြေးဖြေးနဲ့ပွင့်လင်းမြင်သာမှုတွေရှိလာတယ်၊ မိမိခန္ဓာကိုယ်ကိုချစ်ပါဆိုတဲ့ ဝါဒတွေကလည်း လူတွေတော်တော်များများကြားထဲ လက်ခံလာခဲ့ပြီးနောက်မှာတော့ မော်ဒယ်လောကထဲ plus size မော်ဒယ်ဆိုတဲ့ ခပ်ပြည့်ပြည့်အမျိုးသမီးလေးတွေ နေရာယူလာခဲ့ကြပါတယ်။ ဒီလိုမော်ဒယ်လောကမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာတောင်မှပဲ Victoria’s Secret ကတော့ သူတို့ရဲ့မော်ဒယ်စံသတ်မှတ်ကို မပြောင်းလဲခဲ့ပါဘူး။

မပြောင်းလဲတဲ့အပြင် plus size အမျိုးသမီးတွေနဲ့ transgender တွေအပေါ်မှာ ကုမ္ပဏီအကြီးအကဲတစ်ယောက်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့လည်း သူတို့ရဲ့ပစ္စည်းတွေရောင်းအားကဆင်းခဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ နောက်မှာတော့ Victoria Secret ကနေပြီး ပထမဆုံး transgender မော်ဒယ်အဖြစ် ဘရာဇီးက Valentina Sampaio ကို ရွေးချယ်ခဲ့ပြီး အခုလောလောလတ်လတ်ကမှ plus size မော်ဒယ်တစ်ယောက်ကို ပထမဆုံးအနေနဲ့ ရွေးချယ်လိုက်ပါပြီလို့ Daily Mail မှ သိခဲ့ရပါတယ်။

READ
လန်ဒန် အကြမ်းဖက်မှု ဖြစ်နေချိန်မှာတောင် Selfie ရိုက်ပြီး ဓာတ်ပုံတင်ခဲ့သူ
[email protected]

နောက်ပြီး ဒီနှစ်ဧပြီလတုန်းကပဲ စပိန်မော်ဒယ်တစ်ဦးဖြစ်တဲ့ Lorena Duran ကို plus size မော်ဒယ်ဆိုပြီး ငှားရမ်းခဲ့ပေမယ့် လူတွေကတော့ Lorena Duran ဟာ တကယ့် plus size မဟုတ်တဲ့အတွက် လက်မခံနိုင်ခဲ့ကြပါဘူး။ နောက် Barbra Palvin ဆိုတဲ့ မော်ဒယ်တစ်ဦးလည်းရှိပါတယ်။ သူမကိုလည်း Victoria’s Secret မှ plus size မော်ဒယ်အဖြစ် သတ်မှတ်ထားခဲ့ပမေယ့် တကယ်တမ်း plus size တော့လည်း မဟုတ်ခဲ့ပါဘူး။

[email protected]
[email protected]

သူမနာမည်ကတော့ Ali Tate Cutler ပါ။ Victoria’s Secret x Bluebella ဆိုတဲ့ ကမ်ပိန်းမှာ Bluebella ဖက်ကနေပြီး ငှားရမ်းခဲ့တဲ့ plus size မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ကမ်ပိန်းနဲ့ပူးပေါင်းပြီး plus size အတွင်းခံဝတ်တွေကို ထုတ်သွားမှာတော့ သေချာနေပါပြီ။

View this post on Instagram

All dressed up, just for me. #BluebellaforVS

A post shared by Victoria's Secret (@victoriassecret) on

[email protected]

တိတိကျကျပြောရမယ်ဆိုရင်တော့ Victoria’s Secret ဟာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ရှိုးအတွက် runway မော်ဒယ်အဖြစ် plus size မော်ဒယ်ရွေးခဲ့တာမဟုတ်ဘဲ ကမ်ပိန်းတစ်ခုအနေနဲ့သာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သာာ သိထားရပါတယ်။ ကမ်ပိန်းမှာတော့ ကြောငြာရိုက်ကူးတာ၊ အင်တာဗျူးနဲ့ တွေ့ဆုံပွဲတွေတော့ ပါဝင်နေပါတယ်။ လက်ရှိမှာလည်း Victoria’s Secret ရှိုးက ပြုလုပ်ဖို့မရှိသေးဘူးဆိုတာ့ runway မှာ ဒီမော်ဒယ်ကိုသုံးသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။

READ
Facebookမှာ မဖွယ်မရာပုံတင်ခဲ့လို့ ထုတ်ပယ်ခံရတော့မယ့်ရဲမေ
[email protected]_tate_cutler
[email protected]_tate_cutler

အမျိုးသမီးအတွင်းခံတွေကို အဓိထားထုတ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့အလျောက် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို ခွဲခြားဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရောင်းအားကျနေစဉ်မှာတင် တစ်ဖက်မှာ အဆိုတော် Rihanna ရဲ့Savage x Fenty ဟာ မော်ဒယ်တစ်ယောက်လို သေးသွယ်တဲ့ခန္ဓာကိုယ်ကနေ ပေါင် ၂၀၀ ကျော်လောက်ရှိတဲ့ အမျိုးသမီးတွေပါ ဝတ်လို့ရတဲ့အတွင်းခံတွေထုတ်ပြီး ဆိုဒ်စုံမော်ဒယ်တွေသုံးကာ ကြော်ငြာတွေရိုက်ပြတဲ့အတွက် body positivity ပိုရှိတယ်လို့ ထင်ရတယ် Rihanna ရဲ့ ပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက် အားထားစရာဖြစ်လာခဲ့ပါတယ်။ အခုလို Victoria Secret အနေနဲ့ plus size ဖက်ကို Rihanna ရဲ့ Savage x Fenty ခေတ်စားလာခဲ့ပြီးမှ လိုက်ထလုပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေတော့ ခံနေခဲ့ရပါတယ်။

[email protected]

Penny

SHARE