Coach ကို ၂၂ သန်းလျော်ရမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ Victoria’s Secret မော်ဒယ်

@liuwenlw/Instagram

New York အခြေစိုက် Coach တံဆိပ်ဟာဆိုရင် လက်ကိုင်အိတ်မှစလို့ တခြားအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ထိပ်တန်းဇိမ်ခံအဆင့်ဝင်နေတဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုတံဆိပ်နဲ့ အလုပ်တွဲလုပ်ချင်နေကြတဲ့ အနုပညာရှင်တွေဟာလည်း ထုနဲ့ထေးကိုရှိလို့နေပါတယ်။ ငွေကြေးအရရော၊ ဂုဏ်သတင်းအရရော အဖက်ဖက်ကပြည့်စုံနေရာကို။ ဒါပေမဲ့ Victoria’s Secret ရဲ့ ပထမဆုံးအာရှမော်ဒယ်ဖြစ်ခဲ့တဲ့ တရုတ်စူပါမော်ဒယ် Liu Wen ကတော့ သူများအားကျရလောက်တဲ့ Coach ရဲ့မော်ဒယ်အဖြစ်ကနေ ရပ်စဲလိုက်ပြီဆိုပြီး ကြေငြာခဲ့ပါတယ်။

Coach မှမဟုတ်ပါဘူး။ အမေရိကန်အခြေစိုက် brand မှန်သမျှနဲ့ လက်တွဲလုပ်ဆောင်ထားတဲ့ အလုပ်မှန်သမျှကို သူမဖက်ကနေပြီး စတင်ဖျက်သိမ်းလိုက်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်အလုပ်မှာမဆို စာချုပ်ဆိုတာ ရှိတဲ့အတွက် Liu Wen ဟာ သူမဖက်ကစာချုပ်စတင်ဖောက်ဖျက်ခဲ့တာကြောင့် စာချုပ်ထဲမှာပါတဲ့လျော်ကြေးငွေအတိုင်း ပြန်လျော်ရတော့မှာပါ။ ဒီအထဲမှာတော့ Coach က အဆိုးဆုံးပေါ့။ စာချုပ်ဖောက်ဖျက်ငွေဟာ အမေရိကန်ဒေါ်လာ ၂၂ သန်းရှိနေတယ်လို့ Daily Mail မှ သိခဲ့ရပြီး Liu Wen အနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမျှပြောကြားခြင်းမရှိသေးပါဘူး။

READ
မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလှနေတဲ့ အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်များ

https://www.instagram.com/p/By-kPwWA-RH/

Coach အပါအဝင် သူမနဲ့အလုပ်တွဲလုပ်ဖို့ စာချုပ်ချုပ်ထားတဲ့ အမေရိကန်တံဆိပ်မှန်သမျှနဲ့ လက်တွဲဖြုတ်လိုက်တဲ့အကြောင်းကတော့ ဒီလိုပါ။ Coach ဟာ မနှစ်တုန်းကစပြီး ထုတ်ခဲ့တဲ့တီရှပ်တွေတော်တော်များများကစတာပါပဲ။ အဲဒီတီရှပ်တွေရဲ့ နောက်ကျော်ဖက်မှာ မြို့တော်နာမည်တွေနဲ့ နိုင်ငံနာမည်တွေကို အခုလိုပဲတွဲရေးထားခဲ့ပြီး ဟောင်ကောင်ကိုတော့ ဟောင်ကောင်လို့ပဲ သီးခြားခွဲထုတ်ကာ နိုင်ငံမရှိသလိုမျိုး ထည့်သွင်းခဲ့တာပါတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုတလောကမှ လူမှုကွန်ယက်တွေပေါ်မှာ Coach ကို ရှုတ်ချမှုတွေများပြားလာခဲ့ပြီးနောက် စူပါမော်ဒယ် Liu Wen ဟာလည်း တရုတ်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခဲ့တာကြောင့် တခြားတံဆိပ်တွေပါရောယောင်ပြီး အမေရိကန်တံဆိပ်အကုန်လုံးနဲ့ လက်တွဲဖြုတ်ခဲ့တာပဲဖြစ်ပါတယ်။

Coach

တကယ်တော့ ဟောင်ကောင်ဟာ တရုတ်နိုင်ငံအတွင်းမှာ ပါဝင်ခဲ့ပေမယ့်လို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာတော့ ထိုင်ဝမ်လိုမျိုးပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ နယ်မြေတစ်ခုပါ။ ဘယ်လိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲဖြစ်စေကာမူ တရုတ်လက်အောက်မှာပဲ ရှိနေတဲ့အတွက် သီးခြားနိုင်ငံတစ်ခု သို့မဟုတ် ဟောင်ကောင်နိုင်ငံရယ်လို့ တရုတ်ပြည်မှာ သတ်မှတ်ချက်ရှိမနေခဲ့ပါဘူး။ Liu Wen ဟာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကမှ တရုတ်ပြည်မှာရှိနေတဲ့ ဟောင်ကောင် Coach ခွဲရဲ့ brand ambassador အဖြစ် ခန့်အပ်ထားခြင်း ခံခဲ့ရသူပါ။

Penny

SHARE