တင်အတိုင်းအတာ လက်မဝက် တက်လာခဲ့လို့ အလုပ်မရှိတော့တဲ့ မော်ဒယ်မလေး

@bridgetmalcolm/Instagram

အဆိုတော်၊ မော်ဒယ်နဲ့မင်းသမီးတွေဟာ အရည်အချင်းပြည့်စုံရုံတင်မဟုတ်ဘဲ မျက်နှာလေးကလည်း လှမှ၊ ခန္ဓာကိုယ်လေးကလည်း အချိုးကျမှဆိုတဲ့ ရှေးဟောင်းစွဲစံသတ်မှတ်ချက်တွေထဲမှာ အခုအချိန်အထိ ဘောင်ခတ်ခံနေရတုန်းပါပဲ။ ဒီလိုသတ်မှတ်ကြတဲ့လူတွေထဲမှာ ပရိတ်သတ်တွေတင်မကသေးဘဲ သူတို့အနုပညာနယ်ပယ်ထဲကလူတွေပါ ပါနေပါသေးတယ်။ ဒါကြောင့်လည်း ကျန်းမာရေးအထိခိုက်ခံပြီး ဝိတ်ချတာတွေ၊ အာဟာရပြည့်ပြည့်ဝဝမစားရဘဲ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရတာမျိုးတွေ လုပ်နေကြရတာမဟုတ်လား။

 

 

View this post on Instagram

 

🐨😎 @heyandrewparsons

A post shared by Bridget Malcolm (@bridgetmalcolm) on

အခုလည်း နာမည်ရမော်ဒယ်တစ်ယောက်ဟာ သူ့ရဲ့တင်အတိုင်းအတာလက်မဟာ ၁ လက်မလောက် တက်လာတဲ့အတွက် မော်ဒယ်လောကထဲကနေ နုတ်ထွက်လိုက်ပြီဆိုပြီး သူမရဲ့ blog စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ သြစတေးလျသူလေး Bridget Malcolm ဟာ Victoria’s Secret,Ralph Lauren နဲ့ Stella McCartney စတဲ့နာမည်ကျော်ကုမ္ပဏီတွေရဲ့ ပင်တိုင်မော်ဒယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး မော်ဒယ်လောကထဲမှာလည်း လူသိများကျော်ကြားသူတစ်ယောက်ပါ။

 

 

View this post on Instagram

 

Fish heads, fish heads

A post shared by Bridget Malcolm (@bridgetmalcolm) on

 

 

View this post on Instagram

 

Weekend!

A post shared by Bridget Malcolm (@bridgetmalcolm) on

ဒါပေမဲ့လည်း သူမရဲ့တင်အတိုင်းဟာ ဒီလတွေအတွင်းမှာ လက်မဝက်တက်လာခဲ့တာကြောင့် သူမကို ဘယ်ကုမ္ပဏီ၊ ဘယ်အေဂျင်စီကမှ အလုပ်မအပ်တော့ဘဲ သူမကသွားပြီးကမ်းလှမ်းတဲ့အခါမှာလည်း ဒီတင်ဆိုဒ်ကိုပဲအကြောင်းပြုကာ အငြင်းခံခဲ့ရတာကြောင့် မော်ဒယ်လောကကို စိတ်ကုန်ပြီး အသက်မွေးဝမ်းကျောင်းအနေနဲ့ ရပ်တန်းက ရပ်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ သူတို့ရဲ့စံအဖြစ်သတ်မှတ်ထားတဲ့ တင်ဆိုဒ်ကတော့ ၃၅ လက်မသာ အများဆုံးရှိရမှာပဲဖြစ်ပါတယ်။

READ
ရေးဘေးမှာ ရေထိမှာစိုးတဲ့နိုင်ငံရေးအကြီးအကဲ ဝေဖန်မှုအကြီးအကျယ်ခံနေရ

 

 

View this post on Instagram

 

I was once warm.

A post shared by Bridget Malcolm (@bridgetmalcolm) on

ဒီလိုမျိုးတင်ဆိုဒ်တက်လာတာဟာလည်း သူမရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ပါတယ်။ Malcolm ဟာ မော်ဒယ်လောကရဲ့ စံသတ်မှတ်ထားတဲ့ ကိုယ်ခန္ဓာအချိုးအစားဘောင်ထဲမှာပဲ ရှိနေဖို့ အစာမစားရတာတွေ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ရတာမျိုးတွေ လုပ်ခဲ့ရတာကြောင့် ကျန်းမာရေးကိုထိခိုက်ခဲ့ရပြီး ဆေးရုံပါတင်ခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်တဲ့။

 

 

View this post on Instagram

 

This was me, a few weeks after I got rejected from a high profile client. And now. Strong and happy. The reason for my rejection was “Bridget’s body does not look good enough”. The girl in these photos hadn’t had a period in months, and needed to sleep 12 hours a night in order to function. The most messed up part of all this though, is that I had been accepted by this client when I was half an inch smaller in previous years. I am so thankful that all this is behind me. It has taken a lot of work and recovery, but I am so grateful that there is a place in the industry for me now, at my healthy weight. I am proud to be working today with people who support health in women. Link in bio to read more!!

A post shared by Bridget Malcolm (@bridgetmalcolm) on

ဒါကြောင့် အစာကိုအချိန်မှန်စားပြီး ခန္ဓာကိုယ်လှဖို့အတွက်ပဲ လေ့ကျင့်ခန်းလုပ်တာမျိုးမဟုတ်ဘဲ ကျန်းမာရေးအတွက်လေ့ကျင့်ခန်းတွေလုပ်နေခဲ့တာကြောင့် သူမရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ်ပြည့်လာခဲ့ပြီး အချိုးကျလာခဲ့တာပါ။ ဒါပေမဲ့လည်း အလုပ်ရှင်တွေမြင်တာကတော့ Malcolm တစ်ယောက် ဝလာတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း အလုပ်မအပ်ခဲ့ကြတာပေါ့။ အခုအချိန်မှာတော့ Malcolm ဟာ မော်ဒယ်လောကထဲက အပြီးအပိုင်နုတ်ထွက်ခဲ့ပြီး သူမကိုချစ်တဲ့မိသားစုမိတ်ဆွေအသိုင်းအဝိုင်းမှာ ပျော်ရွှင်ကျန်းမာစွာနဲ့နေထိုင်နေပါပြီ။

READ
ကျောင်းမှာ သကြားလုံးရောင်းရင်း တစ်နှစ် ပေါင် 5 သောင်းအထိ ဝင်ငွေရှိတဲ့ကျောင်းသားလေး

Penny

SHARE