အွန်လိုင်းမှာ လူကြည့်များလာနေတဲ့ (၁၈) နှစ်အရွယ် ကောင်မလေးရဲ့ အကဗီဒီယိုဖိုင်

ဆယ်ကျော်သက် အက၀ါသနာရှင်လေးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ဆယ်လီအကပညာရှင်တစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ဖရိုက်ဒ်မန်းဟာ အင်စတာဂရမ်ပေါ်မှာ ရှဲခဲ့ရာကစပြီး လူသိအရမ်း များသွားခဲ့ပါတယ်။ ဘရိုင်ယန်ဖရိုက်ဒ်မန်းဟာ ဘရစ်နီစပီးယား၊ ဘီယွန်းစေးနဲ့ မာရီယာကာရေးတို့ရဲ့ ကကွက်တွေကို တီထွင်ဖန်တီးပေးခဲ့တဲ့ ကျော်ကြားတဲ့ အကပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက်(၁၈) နှစ်အရွယ် ထရီနီတီအီနေးဆိုသူ ကောင်မလေးရဲ့ ရှုပ်ထွေးပေမယ့် ထူးခြားလှတဲ့ အကဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန်ရှဲခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ထရီနီတီကို အမျိုးမျိုးသော စတန့်ပြကွက်တွေနဲ့အတူ ကျွမ်းဘာပညာကိုပါ ခေတ်ပေါ်ဟစ်ဟော့ပ် လှုပ်ရှားမှုနဲ့ ပေါင်းစပ်ပြီး ကပြထားတာကို တွေ့ရမှာပါ။ ၄င်းဗီဒီယိုကိုတော့ လော့စ်အင်ဂျလိ့စ် KreativMndz Dance Academy က ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ တေးသံရှင် Lizzo သီဆိုထားတဲ့ Boys သီချင်းနဲ့ ကပြဖျော်ဖြေခဲ့တဲ့ ထရီနီတီရဲ့ဗီဒီယိုဖိုင်ဟာ အကြိမ်ပေါင်း(၆၁၁,၀၀၀) ကြိမ်ခန့် ကြည့်ရှုခံခဲ့ရပါတယ်။

ထရီနီတီဟာ ဆီရက်တယ်မှာ မွေးဖွားသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ကယ်လီဖိုးနီးယားမှာ အခြေချနေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ ကနဦးပိုင်းမှာ ခြေထောက်တစ်ချောင်းထောက်ပြီး ဘဲလေးအကပုံစံနဲ့ စတင်ကပြခဲ့ပါတယ်။ ပြီးနောက်မှာတော့ ခြေထောက်လှုပ်ရှားပုံ အမျိုးမျိုးနဲ့အတူ စည်းချက်လိုက်ပြီး ဗီဒီယိုစလယ်ဆုံးမှာ သပ်သပ်ရပ်ရပ် ကပြသွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အကပညာအပေါ်မှာ ၀ါသနာကြီးပုံနဲ့ ယုံကြည်ချက်ကိုတော့ ဗီဒီယိုတစ်လျှောက်လုံးမှာ တွေ့ရမှာပါ။ သူမရဲ့ ဗီဒီယိုဖိုင်ကို ထရီနီတီဟာ ကိုယ်တိုင် ရှဲခဲ့ရမှာ လူပေါင်း (၃၃၈,၀၀၀) ကျော် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

READ
အသက်၆၀မှ ကွန်ပျုတာကို စသုံးခဲ့ပြီး အသက်၈၁နှစ်မှာ Iphone appကိုရေးခဲ့တဲ့ အဖွားအို

လင်းလင်း (ShweMom)

Ref: dailymail

SHARE