ပိုးဟပ်တွေကို မောင်းနေတာလား၊ ဖျော်ဖြေနေတာလားမသဲကွဲတဲ့ အန်တီကြီးရဲ့ဗီဒီယို

@darakkuma214 , @yamagatasyohei/Twitter

ပိုးဟပ်တွေဟာ အကောင်သေးသလောက် ယောက်ျားရင့်မာကြီးတွေကိုတောင် အသံသေးအသံညောင်နဲ့ အော်ဟစ်ပြီး ခုန်ဆွခုန်ဆွထွက်ပြေးနိုင်တဲ့အထိ ခြောက်လှန့်နိုင်စွမ်းရှိကြတဲ့ အင်းဆက်လေးတွေပဲဖြစ်ပါတယ်။ နီညိုရောင်ရှိပြီး နှုတ်ခမ်းမွှေးတစ်ကားကားနဲ့ ကြောက်လို့ရှောင်တာတောင်မှ ကိုယ့်ဆီပဲဦးတည်ပြီး တမင်လာသလားမှတ်ရတဲ့အပြင်ကိုမှ မထင်ရင်မထင်သလို မျက်နှာကြီးတည့်တည့်ကိုလည်း ထထပျံလာပါသေးတယ်။

ဒီလောက်မုန်းဖို့ကောင်းတဲ့ အင်းဆက်သတ္တဝါတွေဟာ နိုင်ငံအနှံ့မှာရှိနေကြတာလည်း သိပ်ကိုထူးဆန်းလွန်းပါတယ်။ ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းတယ်ဆိုတဲ့ နိုင်ငံပဲဖြစ်ဖြစ် ပိုးဟပ်တွေရဲ့ နယ်ကျော်မှုထဲက လွတ်နိုင်တယ်ကိုမရှိပါဘူး။

ဂျပန်နိုင်ငံမှာတော့ ပိုးဟပ်နဲ့ပတ်သက်ပြီး လတ်တလော Twitter မှာ ခေတ်စားနေတဲ့ ဗီဒီယိုတစ်ခုရှိပါတယ်။ @darakkuma214 ဆိုတဲ့ Twitter account ကတင်ထားခဲ့ပြီး ဗီဒီယိုထဲမှာတော့ ပိုးစပ်မောင်းနေတယ်ဆိုတဲ့ အဒေါ်ကြီးတစ်ယောက်ပါဝင်နေပါတယ်။

အဆိုပါ Twitter account ပိုင်ရှင်ဟာ သူ့မိသားစုနဲ့အတူတူ ထမင်းစားပြီး ကီဝီသီးစားဖို့အတွက် မီးဖိုချောင်ထဲကို ပြင်ဆင်မယ်ဆိုပြီး ထွက်လာခဲ့တဲ့အချိန်မှာတော့ မီးဖိုပေါ်မှာ နှုတ်ခမ်းမွှေးတတွန့်တွန့်နဲ့ ပိုးဟပ်တစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ မိန်းကလေးပီပီပိုးစပ်ကြောက်ကြတဲ့အတွက် ထအော်လိုက်ခဲ့ရာမှာ ဗီဒီယိုထဲမှ Twitter account ပိုင်ရှင်ရဲ့ မိခင်ဖြစ်ဟန်တူသူက ဝင်လာခဲ့ပါတယ်။ အိမ်ရှင်မတွေဆိုတာ မီဖိုချောင်ရဲ့အရှင်သခင်တွေမလား။ သူ့မီးဖိုချောင်ထဲ ပိုးဟပ်ကရာရာစစဝင်ရမလားဆိုပြီး တူတစ်ချောင်းကိုကိုင်ကာ ပိုးစပ်မောင်းထုတ်ဖို့ စလုပ်ခဲ့ပါတယ်။

READ
ဟာသဖြစ်သွားသော ချစ်သူ့မျက်နှာများ

ဒါပေမဲ့ သူပိုးစပ်မောင်းတဲ့ပုံက တခြားပုံမှန်ပိုးဟပ်တွေကို ခြောက်တဲ့ပုံနဲ့မတူဘဲ တမူထူးခြားနေတာကို ဗီဒီယိုထဲမှာကြည့်လိုက်ပါဦး။

 

လုံးဝစည်းချက်ဝါးချက်နဲ့ကို ကိုက်နေတာနော်။ သူကတော့ ပိုးဟပ်မှာပဲ အာရုံစိုက်နေရလို့ စည်းဝါးကိုက်နေတာ ဘယ်သိမလဲ။ ဒါပေမဲ့ သမီးဖြစ်သူက ဗီဒီယိုရိုက်ထားခဲ့ပြီး Twitter ပေါ် ပြန်တင်ခဲ့တဲ့အချိန်မှာတော့ ဒီဗီဒီယိုဟာ Twitter user တွေကြားထဲ ပေါက်သွားခဲ့ပြီး ဟသတွေပြန်လုပ်ခဲ့ပါတယ်။ တချို့ကတော့ ပိုးဟပ်တွေို ခြောက်တာလား၊ ကအောင် ဖျော်ဖြေနေတာလား မသဲကွဲဘူးဆိုကာ ပိုးဟပ်လေးတွေကနေတဲ့ ပုံလေးနဲ့ ပြန်တုန့်ပြန်ထားခဲ့ပါတယ်။

တချို့ကျတော့လည်း ထွက်လာတဲ့စည်းချက်ဝါးချက်ကိုကိုက်ကာ တီးလုံးသစ်တစ်ခုဖန်တီးကာ retweet ပြန်လုပ်ခဲ့ကြပါသေးတယ်။

 

Penny

SHARE