အခန်းထဲစက္ကူလိပ်တွေအပြည့်ထည့်ပြီး ကြောင်လေးတစ်ကောင်ကို လွှတ်ပေးကြည့်တဲ့အခါ…

ကြောင်တွေဟာ ပစ္စည်းတွေကို အောက်ပြုတ်ကျအောင်လုပ်ရတာ၊ ဆိုဖာတွေကို လိုက်ကုတ်ခြစ်ရတာမျိုးတွေကို အရမ်းနှစ်သက်ပါတယ်။ သတင်းစာစက္ကူနဲ့ အိမ်သာသုံးစက္ကူတွေဆိုရင်လည်း သူတို့က တစ်ခုမှ အလွတ်မပေးပါဘူး။ ကြောင်လေးတွေရဲ့ ပစ္စည်းတွေကို ဟိုကုတ်ဒီခြစ်နဲ့ ချစ်စရာလဲကောင်း၊ တစ်ခါတစ်လေ စိတ်ညစ်စရာလဲကောင်းတဲ့ အမူအကျင့်ကို ကြောင်ချစ်သူဇနီးမောင်နှံက အခုလို စမ်းသပ်ခဲ့ကြပါတယ်။

CatPusic

အစမ်းသပ်ခံမယ့် ကြောင်လေးနာမည်ကတော့ ပူဆစ်ပါ။ ပူဆစ်ရဲ့ သခင်စုံတွဲကတော့ ဘယ်လာရုစ်နိုင်ငံက ဖြစ်ပါတယ်။ ဒီဇင်ဘာ(၂၀၁၄)တုန်းက သူတို့စုံတွဲ အိမ်ပြောင်းလာတော့ အိမ်နားမှာ သေတ္တာလေးတစ်လုံးကို တွေ့လိုက်ပါတယ်။ သေတ္တာဖွင့်ကြည့်လိုက်တော့ အထဲမှာ ကြောင်ပေါက်လေးတစ်ကောင်။ သူကတော့ ပူဆစ်ရယ်လို့ ဖြစ်လာမယ့် ကြောင်ကလေးပါပဲ။ ကြောင်ကလေးဟာ သေတ္တာထဲမှာ မျက်လုံးတွေမဖွင့်ပဲနဲ့ ဆက်တိုက်အော်နေခဲ့တာပါ။ ဒါကြောင့် သူတို့ဇနီးမောင်နှံက ကြောင်လေးကို သနားပြီး အဲ့ဒီကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့တာ ဖြစ်ပါတယ်။

CatPusic
CatPusic

အခုဆိုရင်တော့ ကြောင်လေး ပူဆစ်ဟာ သူ့ရဲ့မွေးစားမိဘတွေရဲ့ ကောင်းမှုနဲ့ သန်မာပြီး စူးစမ်းသွက်လက်လွန်းတဲ့ ကြောင်တစ်ကောင် ဖြစ်နေပါပြီ။ ပူဆစ်ဟာ သခင်တွေကိုလည်း အရမ်းတွယ်ကပ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ပါ။ အခုအခါမှာတော့ ပူဆစ်ရဲ့ မွေးစားမိဘတွေက သူ့တို့ရဲ့ သားလေးပူဆစ်ကို စိတ်ကြိုက်ဆော့နိုင်ဖို့ အခွင့်အရေးလေးတစ်ခု ဖန်တီးပေးခဲ့တာကို မြင်ရမှာပါ။ အဲဒါကတော့ သခင်ဇနီးမောင်နှံက အိမ်သာသုံးစက္ကူလိပ်တွေ အများကြီးကို အခန်းတစ်ခန်းထဲထည့်ပြီး ပူဆစ်ဆော့ကစားဖို့ ပြုလုပ်ပေးခဲ့တာပါ။

READ
လအနည်း ငယ်သာခြားပြီး ရင်သွေးကိုယ်စီ ရခဲ့ကြတဲ့ မီးသတ်ရဲဘော်(၇)ယောက်
CatPusic
CatPusic

အောက်ဘက်မှာတော့ တစ်ရှူးတောထဲမှာ အပျော်ကြီးပျော်နေတဲ့ ပူဆစ်ကို တွေ့ရမှာပါ။ ဆတ်စလူးထပြီး ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ပူဆစ်က ဗြောင်းဆန်အောင် ဆော့ပြီး အပီသောင်းကျန်းနေတာပါ။ ပူဆစ်မပြောနဲ့၊ ကိုယ်တောင် သူ့နေရာကနေပြီး ရင်ထဲမှာ တသိမ့်သိမ့်ဖြစ်အောင် ကြည်နူးနေရပါတယ်။ ပူဆစ်တစ်ကောင်တော့ အလိုက်သိလွန်းတဲ့ ဖေဖေ၊မေမေတို့ကိုရထားတာ သိပ်ကို ကံကောင်းလွန်းနေပါပြီ။

လင်းလင်း (ShweMom)

Ref: boredpanda

 

SHARE