အသက်ဘေးကနေ သီသီလေးလွတ်ခဲ့တဲ့ မီးသတ်သမားတွေရဲ့ အသည်းယားဖွယ်ဗီဒီယို

YouTube- Local News 2

တကယ်တော့ မီးသတ်သမားတွေရဲ့ ဘဝတွေဟာ သေမင်းခံတွင်းဝမှာ လမ်းလျှောက်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေပဲဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ Czech မီးသတ်သမားတွေနဲ့ ပတ်သက်ပြီး ဗီဒီယိုတစ်ခုပျံ့နှံ့လျက်ရှိနေပါတယ်။ တော်တော်လေးကို အသည်းယားစရာပါပဲ။

ဗီဒီယိုကိုတော့ မီးသတ်ကားရဲ့ dashcam မှတစ်ဆင့် ဖမ်းယူမိထားခဲ့တာပါ။ Czech ရဲ့ South Moravian ဒေသ၊ Kozlany မှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အိမ်မီးလောင်တာမျိုးမဟုတ်ဘဲ ကရိန်းကားမီးလောင်တာပါ။ ကားဆိုတော့ မီးငြိမ်းသက်ရာမှာ ပေါက်ကွဲနိုင်ချေ ပိုများတာကြောင့် အိမ်တွေထက် မီးငြိမ်းရတာ ပိုပြီး လက်ဝင်လေ့ရှိပါတယ်။

YouTube- Local News 2
YouTube- Local News 2

အခု ကရိန်းကားကတော့ နေအိမ်တွေနဲ့ရော တခြားကားတွေနဲ့ရော အရမ်းနီးလွန်းတာကြောင့် မီးသတ်သမားတွေခင်ဗျာ တော်တော်လေး သတိထားပြီးကို ငြိမ်းနေရတာပါ။ အခန့်မသင့် အဲဒါတွေပါ မီးကူးပြီး မီးကြီးသွားနိုင်တယ်လေ။ ဒါပေမဲ့လည်း သူတို့သတိထားနေတဲ့ကြားထဲကမှ မီးလောင်နေတဲ့ ကရိန်းကားကြီးဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးနဲ့ ကားထဲက ဆီတွေနဲ့ထိပြီးတော့ ကြီးမားတဲ့အရှိန်နဲ့ကို ပေါက်ကွဲခဲ့တာပါ။

READ
အမျိုးသမီးအတွင်းခံအစုံပေါင်း၁၄၀ကို ခိုးယူခဲ့သည့်သူခိုးကိုဖမ်းမိခဲ့

ပေါက်ကွဲမှု ပြင်းထန်လား၊ မပြင်းထန်လားဆိုတာ dashcam လှုပ်သွားတာကို ဗီဒီယိုထဲကြည့်ရင်ကို သိနိုင်မှာဖြစ်ပါတယ်။ ပေါက်ကွဲမှုနဲ့လိုက်ပြီး ဘယ်သူမှမထင်မှတ်ထားတဲ့ ကိစ္စတစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ကရိန်းကားရဲ့ မီးလောင်နေတဲ့တာယာကြီးဟာ မီးသတ်သမားတွေရှိနေတဲ့နေရာကို ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်လာခဲ့တာပါ။ တာယာသာထိရင် ထိတဲ့လူ အသက်အသေပဲ။

YouTube- Local News 2
YouTube- Local News 2

ဒါပေမဲ့ သတိကြီးတဲ့ မီးသတ်သမားတွေဟာ ကားတာယာကြီးကို ကပ်သီးလေးရှောင်လိုက်နိုင်ခဲ့ပေမယ့်လို့ ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၂ ယောင်တောင် ဆေးရုံကို အရေးပေါ်တင်ခဲ့ရတယ်လို့ Yahoo News မှာ ဖတ်လိုက်ရပါတယ်။ စိုးရိမ်ဖွယ်မရှိဘူးလို့တော့ Czech Fire Brigade မှ ထုတ်ပြန်ထားခဲ့ပါတယ်။ မီးကိုလည်း ခဏအကြာမှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

penny

SHARE